Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငွေကြေးလက်ခံပြီး တရုတ်သူလျှိုအဖြစ် အလုပ်လုပ်နေတဲ့ စစ်မှုထမ်း ၈ ဦးကို ထိုင်ဝမ် တရားရုံး ထောင်ဒဏ်ချမှတ်

ငွေကြေးနဲ့ မက်လုံးပေး စည်းရုံးမှုတွေကြောင့် တရုတ် သူလျှိုအဖြစ် အလုပ်လုပ်ပေးနေသူ စစ်မှုထမ်း ၈ ဦးကို ထိုင်ဝမ် တရားရုံးက ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

ငွေကြေးနဲ့ မက်လုံးပေး စည်းရုံးမှုတွေကြောင့် တရုတ် သူလျှိုအဖြစ် အလုပ်လုပ်ပေးနေသူ စစ်မှုထမ်း ၈ ဦးကို ထိုင်ဝမ် တရားရုံးက ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

ထိုင်ပေမြို့က တရားရုံး တစ်ခုဟာ တရုတ်အတွက် အလုပ်လုပ်ပေးနေတဲ့ စစ်ရေး သူလျှိုကွန်ရက် တစ်ခုကို ပြစ်ဒဏ်တွေ စီရင်ချမှတ်လိုက်တာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တရားရုံး စစ်ဆေးချက်တွေအရ စစ်မှုထမ်းဟောင်း တချို့ဆီကနေတဆင့် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်သားတွေဟာ သူလျှိုအဖြစ် တာဝန်ယူပေးဖို့ ငွေကြေးတွေ မက်လုံးပေး ကမ်းလှမ်းတာကို ခံခဲ့ရတာလို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တချို့စစ်သားတွေဟာ တရုတ်သူလျှိုအဖြစ် အလုပ်လုပ်ပေးဖို့ ထိုင်ဝမ်ဒေါ်လာ ၇ သိန်း၊ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၀၀၀ ဝန်းကျင်လောက်ထိ ငွေကြေးမျိုးနဲ့ ကမ်းလှမ်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ ငွေကြေးနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံပြီး တရုတ်သူလျှိုအဖြစ် အလုပ်လုပ်နေတဲ့ ရာထူးအဆင့်မျိုးစုံ စစ်သားတွေကို တရားရုံးက ကွဲပြားတဲ့ ထောင်ဒဏ်တွေ ဩဂုတ် ၂၃ ရက်နေ့မှာ ချမှတ်ခဲ့တာပါ။

သူလျှိုကွန်ရက်အတွက် အဓိက လူသစ်စုဆောင်းသူအဖြစ် တာဝန်ယူနေသူ တစ်ဦးဟာ ထောင်ဒဏ် ၁၃ နှစ် ချမှတ် ခံရပြီး သူ့ရဲ့ စည်းရုံးမှုကို လက်ခံခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးလည်း ထောင်ဒဏ် ၉ နှစ် ချမှတ် ခံခဲ့ရပါတယ်။ အဲဒီ အရာရှိဟာ ရဟတ်ယာဉ် တစ်စီးကို ခိုးယူပြီး တရုတ်ဆီ ခိုလှုံဖို့ ကြံစည်ခဲ့တယ်လို့လည်း စွပ်စွဲ ခံခဲ့ရပါတယ်။

ထိုင်ဝမ်တရားရုံးက တရုတ်သူလျှိုတွေကို ထောင်ဒဏ်တွေ ချမှတ်တာနဲ့ ပတ်သက်ပြီး တရုတ်ဖက်ကတော့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက် နယ်မြေတစ်ခုအဖြစ် အခိုင်အမာ သတ်မှတ်ထားပေမယ့် ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုသာ လိုလားနေပါတယ်။ ၁၉၄၉ တရုတ် ပြည်တွင်းစစ် နောက်ပိုင်း ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ အပြန်အလှန် သူလျှိုကွန်ရက်တွေ ထူထောင်ရင်း ထောက်လှမ်းရေး သတင်းတွေကို စုဆောင်းနေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာတော့ တရုတ်ရဲ့ သူလျှို လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာနေတယ်လို့ ထိုင်ဝမ် ထောက်လှမ်းရေးက သတိပေး ကြေညာထားပါတယ်။

ဒါ့အပြင် ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ် တိုက်လေယာဉ်တွေ ချဉ်းကပ် ပျံသန်းမှုတွေ အပါအဝင် စစ်အင်အား ပြသတဲ့ လုပ်ရပ်တွေကလည်း စိုးရိမ်စရာ အခြေအနေထိ မြင့်တက်လာနေတယ်လို့ ထိုင်ဝမ် စစ်ဘက်က ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။