Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ လျှိုထဲ ဘတ်စ်ကားထိုးကျပြီး လူသုံးဒါဇင်ထက်မနည်း သေဆုံး

ပြည်နယ် ဝန်ကြီးချုပ် ပွတ်ရှ်ကာဒါမီကလည်း သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် သီးခြား ငွေကြေး အကူအညီတွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အိန္ဒိယမှာ လျှိုထဲ ဘတ်စ်ကားထိုးကျပြီး လူသုံးဒါဇင်ထက်မနည်း သေဆုံး
အိန္ဒိယမှာ လျှိုထဲ ဘတ်စ်ကားထိုးကျပြီး လူသုံးဒါဇင်ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျရာက လူသုံးဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အူတာခန်ဒေသမှာ နိုဝင်ဘာ ၄ ရက်နေ့တုန်းက လူ ၄၄ ယောက် စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားဟာ အရှိန်မထိန်းနိုင်ဘဲ မီတာ ၅၀ လောက်နက်တဲ့ ချောက်ထဲကို ကျသွားခဲ့တာ ဖြစ်ပါတယ်။ အယ်လ်မိုရာ ဒေသထဲမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ မတော်တဆမှုကြောင့် ကားပေါ် ပါလာသူတွေထဲက အနည်းဆုံး ၃၆ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။

ဘတ်စ်ကား မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ ပြည်နယ် အစိုးရကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို အမိန့်ပေးထားပါတယ်။

ထွက်ပေါ်လာတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ တောင်ခြေနေရာ တစ်ခုမှာ အတော်ကြီး ဆိုးဆိုးရွားရွား တွန့်ကြေ ပျက်စီးနေတဲ့ ဘတ်စ်ကားနားမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဟိမဝန္တာ တောင်တန်းတွေနဲ့ ထိစပ်နေရာ အဲဒီ ပြည်နယ်ထဲမှာ ဘတ်စ်ကားတွေဟာ သယ်ယူပို့ဆောင်ရေး ကဏ္ဍရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဆိုးရွားတဲ့ ယာဉ်မတော်တဆမှုတွေ ကြုံရလေ့ ရှိပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရဟာ သေဆုံးသူ တစ်ဦးစီအတွက် နစ်နာကြေး ရူပီး ၂ သိန်းနဲ့ ဒဏ်ရာရသူတွေအတွက် ရူပီး ၅ သောင်းဆီ ထုတ်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် ပွတ်ရှ်ကာဒါမီကလည်း သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် သီးခြား ငွေကြေး အကူအညီတွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ နှစ်စဉ် ယာဉ်မတော်တဆမှုတွေကြောင့် လူသေမှုကလည်း ပျမ်းမျှ အယောက် ၁၆၀၀၀၀ လောက်ထိ ရှိပါတယ်။ အဓိက အကြောင်းရင်းတွေကတော့ ယာဉ်တွေရဲ့ ကြံ့ခိုင်မှု အားနည်းတာ၊ ယာဉ်မောင်းတွေက မဆင်မခြင် မြန်နှုန်းမြင့် မောင်းနှင်တာ၊ လမ်းတည်ဆောက်မှု စနစ်တွေ အားနည်းတာကြောင့်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။