Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယနိုင်ငံသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား နီပေါမှာ မြစ်ထဲထိုးကျပြီး ၃၀ နီးပါးသေဆုံး

အိန္ဒိယကနေ ရောက်ရှိလာတဲ့ ဘတ်စ်ကား တစ်စီးဟာ နီပေါနိုင်ငံမှာ လျှိုထဲထိုးဆင်းပြီး မြစ်ထဲကျသွားရာက လူ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

အိန္ဒိယကနေ ရောက်ရှိလာတဲ့ ဘတ်စ်ကား တစ်စီးဟာ နီပေါနိုင်ငံမှာ လျှိုထဲထိုးဆင်းပြီး မြစ်ထဲကျသွားရာက လူ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဩဂုတ် ၂၃ ရက်နေ့က လူပေါင်း ၄၀ ကျော်ကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ နီပေါရဲ့ မြို့တော် ခတ္တမန္ဒူနဲ့ ကီလိုမီတာ ၁၁၀ လောက်အကွာ တာနာဟွန် ခရိုင်ထဲမှာ ဆိုးရွားတဲ့ မတော်တဆမှုနဲ့ ကြုံခဲ့တာပါ။

ဘတ်စ်ကားပေါ် ပါလာသူတွေဟာ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ကြောင်း၊ ဘတ်စ်ကားက လမ်းဘေးကို ချော်ထွက်သွားပြီး လျှိုအောက်ထဲက မြစ်ထဲ ကျသွားခဲ့ရာက လိုက်ပါလာသူ ၄၃ ဦးအနက် ၂၇ ဦး သေဆုံးခဲ့ကြောင်း တာနာဟွန် ခရိုင် အုပ်ချုပ်ရေးမှူး ဂျနာဒန် ဂွာတမ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအိန္ဒိယ နိုင်ငံသားတွေဟာ စင်းလုံးငှား ဘတ်စ်ကားနဲ့အတူ ပေါ့ခါရာမှာ တစ်ညအိပ်ခဲ့ပြီး ခတ္တမန္ဒူကို အလည်အပတ် ခရီးဆက်လာချိန်မှာ ဖြစ်ရပ်ဆိုး ကြုံခဲ့ရတာပါ။

မြစ်ရဲ့ ရေစီးသန်လွန်းတဲ့ အခြေအနေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒဏ်ရာရထားသူတွေကိုတော့ စစ်တပ် ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ခန္တမန္ဒူ ဆေးရုံတွေဆီ တင်ပို့ခဲ့ရပါတယ်။

ဘတ်စ်ကားက လမ်းချော်ပြီး လျှိုထဲ ထိုးဆင်းသွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဥရောပကို နိုင်ငံတော်ခရီးစဉ် သွားရောက်နေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ထိခိုက်သေဆုံးသူတွေအတွက် စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လိုအပ်သမျှ အကူအညီတွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း နီပေါရဲ့ ချစ်ဝမ်ခရိုင်မှာ မြေပြိုမှု တစ်ခု ဖြစ်ပွားရာက ဘတ်စ်ကားနှစ်စီးဟာ ရွှံ့ရေတွေနဲ့အတူ မျောပါသွားခဲ့ပြီး အိန္ဒိယ နိုင်ငံသား ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: NDTV⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။