Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲအစိုးရအဖွဲ့ထဲပါဝင်လာမယ့်အီလွန်မတ်စ်ခ်

ထရမ့်ဟာ လာမယ့် ရက်ပိုင်းတွေအတွင်း သူ့ရဲ့ အစိုးရ အဖွဲ့သစ်အတွက် အရေးပါတဲ့ ဝန်ကြီးနေရာ ခန့်အပ်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ဓါတ်ပုံ-Getty Images
ဓါတ်ပုံ-Getty Images

People’s Spring

သူဦးဆောင်မယ့် အမေရိကန် အစိုးရသစ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ဦးဆောင်ဖို့ ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်ကို ရာထူးတစ်နေရာ ခန့်အပ်သွားမယ်လို့ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

ကိုယ်တိုင်ကလည်း ဘီလီယံနာ သူဌေးတစ်ဦးဖြစ်တဲ့ ထရမ့်ဟာ မတ်စ်ခ်နဲ့ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းချာမှု ရှိနေသူပါ။ ပြီးတော့ မတ်စ်ခ်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေအတွင်း ထရမ့်ကို ဒေါ်လာ သန်းပေါင်းများစွာ ထည့်ဝင် လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး လာမယ့် နှစ်ဆန်းကစလို့ အမေရိကန် သမ္မတ ရာထူးကို ဒုတိယအကြိမ် ရယူမယ့် ထရမ့်က အစိုးရ လုပ်ငန်းများ ထိရောက်စွာ လည်ပတ်ရေးဆိုတဲ့ ဌာနအသစ်ကို ဖွဲ့စည်းမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီဌာနကို မတ်စ်ခ်နဲ့ ရီပတ်ဘလစ်ကန် အမတ် ဗီဗက်ခ် ရမ်မက်စ်ဝါမီတို့က ပူးတွဲ ဦးဆောင်ကြမယ်လို့ ထရမ့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က အဲဒီဌာနဟာ အမေရိကန်ရဲ့ သမားရိုးကျ အစိုးရ ဝန်ကြီးဌာနတွေရဲ့ စံနှုန်း သတ်မှတ်ချက်တွေ ပြင်ပကနေ လုပ်ငန်းလည်ပတ်မှာ ဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ မတ်စ်ခ်နဲ့ ရမ်မက်စ်ဝါရီတို့ အစိုးရရဲ့ ဗျူရို ကရေစီ ကြိုးနီစနစ်တွေ၊ မလိုလားအပ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေ၊ အလဟဿ ဆုံးရှုံးနေတဲ့ အသုံးစရိတ်တွေကို စိစစ် လျှော့ချဖို့၊ အမေရိကန် အစိုးရရဲ့ အေဂျင်စီတွေကို ထိထိရောက်ရောက် ပြင်ဆင် ဖွဲ့စည်းဖို့ အဓိက ဦးဆောင်သွားမယ်လို့ ထရမ့်က ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူ မတ်စ်ခ်ဟာ အစိုးရ အဖွဲ့ထဲမှာ ပါဝင်ခွင့် ရလာခြင်းအားဖြင့် စီးပွားရေးအရ ပိုပြီး အကျိုးကျေးဇူးတွေ ခံစားရလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အထူးသဖြင့် သူပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ရှယ်ယာတန်ဖိုးတွေ မြင့်တက်လာတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

နောက်ပြီး ထရမ့်ရဲ့ သမ္မတသက်တမ်း ဒုတိယမြောက် ၄ နှစ်မှာ မတ်စ်ခ်ရဲ့ အိမ်ဖြူတော်အပေါ် ဩဇာလွှမ်းမိုးမှုက သိသိသာသာ ကြီးမားနေမယ်လို့လည်း ယူဆရပါတယ်။ ထရမ့်ကတော့ သူအသစ်ဖွဲ့စည်းမယ့် ဌာနနဲ့ ပတ်သက်လို့ လုပ်ငန်းဆောင်ရွက်မှုအားလုံး ပွင့်လင်းမြင်သာမှု အမြင့်ဆုံး အခြေအနေ ရှိစေမယ်လို့ ကတိပြုထားပါတယ်။

ထရမ့်ဟာ လာမယ့် ရက်ပိုင်းတွေအတွင်း သူ့ရဲ့ အစိုးရ အဖွဲ့သစ်အတွက် အရေးပါတဲ့ ဝန်ကြီးနေရာ ခန့်အပ်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ကိုးကား- Reuters/ ဓါတ်ပုံ-Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုက လနဲ့ချီ ဆက်လက် ကြာမြင့်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။