Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာဇဝတ်မှု စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို ဘူဒိုဇာတွေနဲ့ ဖြိုချခွင့် မရှိဘူးလို အိန္ဒိယ တရားရုံးချုပ် ဆုံးဖြတ်

ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို အာဏာပိုင်တွေက ဖြိုချခွင့် မရှိဘူးလို အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

ရာဇဝတ်မှု စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို ဘူဒိုဇာတွေနဲ့ ဖြိုချခွင့် မရှိဘူးလို အိန္ဒိယ တရားရုံးချုပ် ဆုံးဖြတ်
ရာဇဝတ်မှု စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို ဘူဒိုဇာတွေနဲ့ ဖြိုချခွင့် မရှိဘူးလို အိန္ဒိယ တရားရုံးချုပ် ဆုံးဖြတ်

အိန္ဒိယရဲ့ ဒေသတချိုမှာ ရာဇဝတ်မှုတွေအတွက် စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို ရဲတွေက ဘူဒိုဇာတွေသုံးပြီး ဖြိုချတာတွေ ရှိခဲ့တဲ့အပေါ် အရေးယူ တုံပြန်ပေးဖို လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာတဲ့နောက် တရားရုံးချုပ်ဆီက အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့၊ တရားရုံးချုပ် ဆုံးဖြတ်ချက်မှာတော့ အိမ်တွေကို ဖြိုချဖျက်ဆီးတာကို ပြစ်ဒဏ်တစ်ခု အနေနဲ့ သတ်မှတ်တဲ့အပေါ် ပြင်းထန်စွာ တားမြစ်ကြောင်းနဲ့ အာဏာပိုင် အဖွဲအစည်းတွေဟာ အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်ရင် သတိကြီးကြီး ဆန်းစစ်ကိုင်တွယ်ဖိုလိုကြောင်း ဖော်ပြထားပါတယ်။

အိန္ဒိယ ပြည်နယ်တချိုမှာ အာဏာပိုင်တွေဟာ တရားမဝင် ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မွတ်ဆလင်တွေ၊ လူနည်းစု မျိုးနွယ်တွေရဲ့ နေအိမ်တွေကို ဖြိုချ ဖျက်ဆီးတာတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အစိုးရ လက်အောက်ခံ အဖွဲအစည်းတွေ အနေနဲ့ နေအိမ် အဆောက်အအုံတွေကို ထင်သလို ဖျက်ဆီးဖြိုချနေတာတွေဟာ မျှတတဲ့ တရားစီရင်ဆုံးဖြတ်မှု တစ်ခုလိုမျိုး သတ်မှတ် ယူဆလို မရကြောင်း တရားရုံးချုပ်က ဆိုပါတယ်။ တကယ်လို စည်းမျဉ်း ဥပဒေတွေအရ အမှန်တကယ် ဖြိုချဖို လိုအပ်တဲ့ အဆောက်အအုံမျိုး ဆိုရင်လည်း ၁၅ ရက် ကြိုတင် အသိပေးထားတာ၊ နေထိုင်သူတွေ ရွှေ့ပြောင်းဖို လုံလောက်တဲ့ အချိန်ပေးတာ၊ ဖြိုချဖို အမှန်တကယ် လိုအပ်ကြောင်း တိကျတဲ့ စာရွက်စာတမ်းတွေ စုဆောင်းထားတာတွေ လိုအပ်မှာဖြစ်ပြီး အဲဒီအချက်တွေကို မလိုက်နာရင် ဥပဒေကြောင်းအရ အရေးယူ ခံရနိုင်တယ်လို တရားရုံးချုပ်က စည်းမျဉ်းတွေ သတ်မှတ်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ အာဏာရ လက်ယာစွန်း အမျိုးသားရေး ဝါဒစွဲ BJP ပါတီက ပြည်နယ် အစိုးရ နေရာတွေ ထိန်းချုပ်ထားရာ ဒေသတွေမှာ ဆန္ဒပြသူတွေနဲ့ ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို ဘူဒိုဇာတွေ အသုံးပြု ဖြိုချနေကြောင်း လတ်တလော စွပ်စွဲမှုတွေ ရှိနေပါတယ်။

လူ့အခွင့်အရေး အဖွဲအစည်း တစ်ခုဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ (AI)က အိန္ဒိယ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုခဲ့ပြီး နေအိမ်တွေကို တရားလက်မဲ့ ဖြိုချနေခြင်းတွေကို အဆုံးသတ်စေမယ့် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလို ညွှန်းဆိုသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။