Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့ ပေးပို့မှုတွေကို အမေရိကန် ဆိုင်းငံ့

အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ ပေးပို့မှုကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောကြားလိုက်ပါတယ်။

အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ ပေးပို့မှုကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့နဲ့ စကားအခြေအတင် ဖြစ်ခဲ့ပြီး ၃ ရက်အကြာ၊ မတ်လ ၃ ရက်နေ့မှာ အမေရိကန်ဖက်က အခုသဘောထား ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။

အဲဒီ အိမ်ဖြူတော် အရာရှိက အမေရိကန်ဟာ ယူကရိန်းအတွက် အထောက်အပံ့တွေ ပေးပို့နေတာကို ဆိုင်းငံ့ထားချိန်အတွင်း ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ အဲဒီ ဆုံးဖြတ်ချက်တွေက အဖြေတစ်ခုခု ထွက်ပေါ်လာဖို့ အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ယူကရိန်း နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအပေါ် အမှန်တကယ် ကောင်းမွန်တဲ့ ယုံကြည်မှုမျိုး ပြသလာပြီလို့ သမ္မတ ထရမ့်က မယုံကြည်မချင်း ဆိုင်းငံ့ထားမှု တည်မြဲနေလိမ့်မယ်လို့ အဲဒီ အရာရှိရဲ့ အဆိုကို ကိုးကားပြီး Foxနဲ့ Bloomberg သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ အထောက်အပံ့တွေကို အပြီး ရပ်ဆိုင်းလိုက်တာ မဟုတ်ဘဲ ယာယီ ဆိုင်းငံ့မှုသာ ဖြစ်တယ်လို့လည်း အဲဒီ အရာရှိက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Bloombergရဲ့ ဖော်ပြချက်အရ ယူကရိန်း လက်ထဲကို မရောက်သေးတဲ့ အမေရိကန်လုပ် ခဲယမ်းမီးကျောက်၊ စစ်လက်နက် မှန်သမျှဟာ ဆိုင်းငံ့မှု ဆုံးဖြတ်ချက်ထဲ အကျုံးဝင်ခဲ့ကြောင်း၊ အဲဒီထဲမှာ ယူကရိန်းဆီ ပို့ဆောင်ထားပြီး ပိုလန်နိုင်ငံမှာ ခရီးတထောက် နားနေတဲ့ လက်နက်တွေ၊ လေယာဉ်နဲ့ သင်္ဘောပေါ် တင်ထားပြီး ပို့ဆောင်ဖို့ အသင့်ရှိနေတဲ့ လက်နက် ခဲယမ်းတွေလည်း ဆိုင်းငံ့ ခံရမှာဖြစ်ကြောင်း သိရပါတယ်။

Bloombergရဲ့ သတင်းမှာတော့ အဲဒီ ဆိုင်းငံ့မှုကို သတ်မှတ် လုပ်ဆောင်ဖို့ ထရမ့်ကိုယ်တိုင်က အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို ညွှန်ကြားခဲ့တာလို့ ဖော်ပြထားပါတယ်။

ထရမ့်က ယူကရိန်းအတွက် နောက်ထပ် စစ်ရေး အထောက်အပံ့တွေ ပေးပို့ဖို့ကိစ္စ ဆွေးနွေး တိုင်ပင်ထားတာတွေ ဘာမှ မရှိကြောင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပြီးတဲ့နောက် နာရီပိုင်း အကြာမှာ အခုသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထရမ့်က ယူကရိန်းအတွက် အထောက်အပံ့တွေ ဆက်လက် ပေးပို့ဖို့ မရှိတဲ့တိုင် ဇီလန်စကီးဟာ အရင်က အမေရိကန် ကူညီထားတာတွေအတွက် အသိအမှတ်ပြု ကျေးဇူးတင်သင့်တယ်လို့တော့ ပြောသွားခဲ့ပါတယ်။

စစ်ပွဲနဲ့ ပတ်သက်လို့ ဇီလန်စကီး လက်ရှိ ဆုပ်ကိုင်ထားတဲ့ အယူအဆတွေကို သူက ဘယ်လိုမှ လက်မခံနိုင်သေးကြောင်း ထရမ့်က ဝေဖန်ခဲ့ပြီး ယူကရိန်း သမ္မတကတော့ သူကိုယ်တိုင်လည်း စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ပစ်ချင်တယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။ ဇီလန်စကီးက ၂၀၂၂ ခုနှစ်၊ ကျူးကျော်စစ်ပွဲကို စတင် ဆင်နွှဲခဲ့တဲ့ ရုရှားဟာ ငြိမ်းချမ်းရေးအတွက် အလေးအနက် သဘောထားတာမျိုး မရှိဘူးလို့ စွပ်စွဲ ပြောဆိုထားတာကို ထရမ့်က လုံးဝ သဘောမတူပါဘူး။

အိမ်ဖြူတော် တွေ့ဆုံပွဲမှာ သတင်းထောက်တွေရှေ့ ကတောက်ကဆ ဖြစ်ခဲ့တဲ့နောက် ထရမ့်ရော၊ ဗန့်စ်ကပါ ဇီလန်စကီး လေးစားမှု ကင်းမဲ့တဲ့ အပြုအမူမျိုးကို ပြသခဲ့တယ်လို့ ပြစ်တင် ပြောဆိုထားပါတယ်။ အဲဒီ နောက်ပိုင်း စစ်ပွဲ ကာလတလျှောက် ယူကရိန်းကို အကူအညီတွေ အများဆုံး ပေးခဲ့တဲ့ အမေရိကန်နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အနိမ့်ပါးဆုံး အဆင့်ထိ ထိုးဆင်းသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။