Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကြော်ငြာတွေ မမြင်ရမယ့် အခပေး Facebook ဝန်ဆောင်မှုကို ဗြိတိန်မှာ သုံးစွဲခွင့် ရလာဖွယ်ရှိနေ

Facebookကို အခပေး အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုကို ဗြိတိန်မှာ ထောက်ပံ့ပေးသွားဖို့ မိခင်ကုမ္ပဏီဖြစ်တဲ့ Metaက စဉ်းစားနေကြောင်း သိရပါတယ်။

Facebookကို အခပေး အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုကို ဗြိတိန်မှာ ထောက်ပံ့ပေးသွားဖို့ မိခင်ကုမ္ပဏီဖြစ်တဲ့ Metaက စဉ်းစားနေကြောင်း သိရပါတယ်။

အဲဒီ အစီအစဉ်အရ Facebookနဲ့ Instagram ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေဟာ သတ်မှတ် လစဉ်ကြေးတစ်ခု ပေးသွင်းထားရင် ကြော်ငြာတွေကို ကြည့်နေစရာ မလိုဘဲ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် လစဉ်ကြေး ပေးသွင်းထားသူတွေဟာ သူတို့ရဲ့ လူမှုကွန်ရက် သုံးစွဲမှုဆိုင်ရာ အချက်အလက်တွေကို Metaက ခြေရာခံ စောင့်ကြည့်နေခြင်းမျိုး မရှိတဲ့ အခြေအနေနဲ့ အသုံးပြုနိုင်မယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။

ရှည်ကြာတဲ့ တရားရေး အငြင်းအခုံတွေ ဖြစ်ပွားပြီးတဲ့နောက် Metaဟာ ဗြိတိန် အမျိုးသမီး တစ်ဦးကို ရည်ရွယ်တဲ့ ကြော်ငြာတွေ ဖော်ပြမှုကို ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ သဘောတူခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်အပြီး Metaဟာ သုံးစွဲသူတွေကို ကြော်ငြာတွေ လုံးဝမရှိတဲ့ အတွေ့အကြုံမျိုး ရရှိစေဖို့ အခပေး စနစ်တစ်ခုကို မိတ်ဆက်နိုင်ရေး စပြီး စဉ်းစားနေတာ ဖြစ်ပါတယ်။

Metaဟာ Facebookနဲ့ Intagramကို ကြော်ငြာတွေ မရှိစေဘဲ အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေမှာ ရွေးချယ်ခွင့် ပြုထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက် တစ်လအတွက် အခကြေးငွေ ၆ ယူရိုလောက် ကျသင့်ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ဗြိတိန်မှာလည်း တူညီတဲ့ ဝန်ဆောင်မှုမျိုး ထောက်ပံ့နိုင်ရေးအတွက် ကုမ္ပဏီဖက်က ဖြစ်နိုင်ခြေ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ Metaရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်က မှတ်ချက် ပေးခဲ့ပါတယ်။

ပြီးတော့ ဗြိတိန်ရဲ့ အချက်အလက် လုံခြုံရေးဆိုင်ရာ စောင့်ကြည့် အဖွဲ့အစည်းတွေနဲ့လည်း အပြုသဘောဆန်တဲ့ ဆွေးနွေးမှုတွေ ၂၀၂၄ ခုနှစ် ကတည်းက ရှိနေခဲ့တယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

Facebookလိုမျိုး လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းတွေဟာ ကြော်ငြာဝင်ငွေတွေအပေါ် ကြီးကြီးမားမား မှီခိုနေရလေ့ရှိပြီး Metaဟာ သုံးစွဲသူတွေရဲ့ လူမှုကွန်ရက် အသုံးပြုမှု အချက်အလက်တွေကို ခြေရာခံရင်း ကိုက်ညီတဲ့ ကြော်ငြာတွေကို ပြသစေလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ သုံးလပတ် စာရင်းတွေအရ Metaရဲ့ ဝင်ငွေ ၉၆ ရာခိုင်နှုန်းဟာ ကြော်ငြာတွေကနေ ရရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။