Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကယ်ဆယ်ရေး ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဟာ စစ်ရေး နားလည်မှု အလွဲကြောင့်လို့ အစ္စရေးပြော

ဂါဇာ ကမ်းမြှောင်ဒေသမှာ မတ်လတုန်းက အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်ရေးအရ နားလည်မှု အလွဲအမှား တစ်ခုကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ မတ်လတုန်းက အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်ရေးအရ နားလည်မှု အလွဲအမှား တစ်ခုကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၃ ရက်နေ့တုန်းက ပါလက်စတိုင်း လခြမ်းနီ အသင်းရဲ့ လူနာတင်ယာဉ်တွေနဲ့ ကုလသမဂ္ဂရဲ့ ကားတစ်စီး၊ မီးသတ်ကားတစ်စီးတို့ ပါဝင်တဲ့ ယာဉ်တန်းကို IDFက ပစ်ခတ်ခဲ့တဲ့နောက် ကုလသမဂ္ဂ အရာရှိ တစ်ဦးနဲ့ ကယ်ဆယ်ရေး ဝန်ထမ်း ၁၄ ဦးတို့ အသက်ဆုံးရှုံးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ IDFအပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီး IDFက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။ ဧပြီ ၁၉ ရက် ထုတ်ပြန်ချက်မှာတော့ ဆက်တိုက် ဖြစ်ပွားတဲ့ လွဲချော်မှုတွေကနေ အခုလို မဖြစ်သင့်တဲ့ အခြေအနေမျိုးဆီ ဦးတည်သွားခဲ့တာလို့ IDFက ဖော်ပြထားခဲ့ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ စစ်ရေးယူနစ်ရဲ့ ဒုတိယ စစ်ဦးစီးကိုလည်း မပြည့်စုံတဲ့၊ မတိကျတဲ့ အစီရင်ခံစာ တင်ပြမှုအတွက် IDFက ထုတ်ပယ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်ထဲမှာတော့ IDF စစ်သားတွေက ယာဉ်တန်းဟာ ရန်သူတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတယ်လို့ ယုံကြည်ပြီး ခြိမ်းခြောက်မှု တစ်ခုလို့ ယူဆတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားခဲ့ပါတယ်။ နောက်ပြီး သေဆုံးသူတွေထဲက ၆ ယောက်ဟာ ဟားမားစ် အဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတာ ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့လည်း IDFက ပြောပါတယ်။ နောက်ပြီး သေဆုံးသူတွေနဲ့ ဟားမားစ် ပြောက်ကျားတွေ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တိကျတဲ့ အထောက်အထားမျိုးလည်း တင်ပြမထားခဲ့ပါဘူး။

အခင်းဖြစ်တဲ့ နေရာဟာ အန္တရာယ်များတဲ့ တိုက်ပွဲဇုန်တစ်ခု ဖြစ်နေပြီး ယာဉ်တန်းက မြန်မြန်ဆန်ဆန် မောင်းနှင် ချဉ်းကပ်လာတဲ့အခါ IDF ယူနစ်ရဲ့ ခေါင်းဆောင်က ခြိမ်းခြောက်ခံရတဲ့ အခြေအနေ တစ်ခုလို့ သတ်မှတ်ပြီး တုံ့ပြန်ခဲ့တာလို့ IDFက အကြောင်းပြပါတယ်။ နောက်ပြီး ညပိုင်းအချိန် မြင်ကွင်း မရှင်းမှုကလည်း နားလည်မှု လွဲချော်စေတဲ့ အခြေအနေ ဖြစ်ခဲ့ပြီး ယာဉ်တန်းဟာ လူနာတင်ယာဉ်တွေလို့ IDF ယူနစ် ခေါင်းဆောင်က မသိခဲ့ဘူးလို့ ဆိုပါတယ်။

အစောပိုင်းတုန်းက အစ္စရေးဟာ ယာဉ်တန်းက ညအချိန် ရှေ့မီးကြီးတွေနဲ့ အရေးပေါ် အချက်ပြ မီးတန်းတွေ မဖွင့်ဘဲ အမြန်မောင်းလာတာကြောင့် မသင်္ကာစရာဖြစ်ပြီး ပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပေမယ့် ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးက ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ယာဉ်တန်းဟာ အရေးပေါ် အချက်ပြ မီးတန်းအပါအဝင် မီးတွေ သေချာဖွင့်ပြီး မောင်းနှင်ထားကြောင်း စစ်ဆေး ပေါ်ပေါက်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။