Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းခရီးသည်တင် လေယာဉ်ရဲ့ လောင်စာဆီ ဖောက်ချမှုတွေကြောင့် မြေပြင်မှာ ထိခိုက်မှု မရှိခဲ့ဘူးလို့ဆို

ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် အရေးပေါ် မဆင်းသက်ခင် စွန့်ထုတ်ခဲ့တဲ့ လောင်စာဆီတွေကြောင့် မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ မဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် အရေးပေါ် မဆင်းသက်ခင် စွန့်ထုတ်ခဲ့တဲ့ လောင်စာဆီတွေကြောင့် မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ မဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါတယ်။

မေလ ၄ ရက်နေ့တုန်းက ထိုင်းလေကြောင်းပိုင် ခရီးစဉ်အမှတ် TG922ရဲ့ Boeing 777-300ER အမျိုးအစား လေယာဉ်ဟာ ဘန်ကောက်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ဟာ ဘန်ကောက်ကနေ ပျံတက်သွားပြီး ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့ဆီ ဦးတည်ခဲ့ပေမယ့်လည်း ဆမွတ်ဆခွန် ဒေသကို ရောက်နေချိန်မှာ ပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် မဆင်းခင်မှာ အလေးချိန်ကို လျှော့ချဖို့အတွက် ထိုင်းပင်လယ်ကွေ့ ရေပြင်ထက်မှာ ပျံသန်းရင်း လောင်စာဆီတွေကို ဖောက်ချခဲ့ရပါတယ်။ အဲဒီ အခြေအနေက ပင်လယ်ပြင်မှာ ညစ်ညမ်းမှုတွေ ဖြစ်လာနိုင်သလား၊ ပြီးတော့ လူနေဧရိယာတွေမှာရော လေယာဉ်ဆီတွေ ဖောက်ချတာမျိုး ရှိခဲ့သလားဆိုတဲ့ စိုးရိမ်တကြီး မေးခွန်းထုတ်မှုတွေကို ပေါ်ပေါက်လာစေပါတယ်။ ဒါပေမဲ့လည်း ထိုင်းလေကြောင်း ကွပ်ကဲရေးဌာန (Aerothai)ရဲ့ ယာယီ ဥက္ကဋ္ဌဖြစ်သူ ဆူရာချိုင် နူပရွမ်ကတော့ ကြီးကြီးမားမား ဘာပြဿနာမှ မရှိဘူးလို့ ဖြေရှင်းသွားခဲ့ပါတယ်။

လေယာဉ်ဆီတွေ ဖောက်ချချိန်မှာ အများစုဟာ လေထုထဲမှာ အမှုန်အမွှားတွေအဖြစ် ပြိုကွဲပြီး ပျောက်ကွယ်သွားခဲ့ကြောင်း၊ နောက်ပြီး လိုအပ်လာရင် လေယာဉ်ဆီတွေ ဖောက်ချဖို့ Aerothaiက သတ်မှတ်ပေးထားတဲ့ ဇုန်တွေကလည်း လူနေဧရိယာတွေမှာ မဟုတ်ဘဲ ပင်လယ်ပြင် အထက်မှာသာဖြစ်ကြောင်း သူက ပြောပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ဝမ်းပိုင်းက ကုန်လှောင် ဧရိယာဟာ စနစ်တကျ ပိတ်မထားဘူး ဆိုတာကို သတိပြုမိတဲ့နောက် လေယာဉ်မှူးဟာ နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်မနေ ဆုံးဖြတ်ခဲ့တာပါ။ လေယာဉ်ဟာ ပျံတက်ကာစဖြစ်ပြီး ဆီအပြည့် ဖြည့်ထားတာကြောင့် ပြန်လည်ဆင်းသက်ဖို့ သင့်တော်တဲ့ ပမာဏထိ ဝိတ်လျှော့ဖို့ လေယာဉ်ဆီတွေကို လေယာဉ်မှူးက ဖောက်ချခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်မှူးရဲ့ လုပ်ဆောင်မှုနဲ့ ဆုံးဖြတ်ချက် အားလုံးဟာ အရေးပေါ် အခြေအနေဆိုင်ရာ သတ်မှတ်စံနှုန်းတွေအတိုင်း တိတိကျကျ ဆောင်ရွက်ခဲ့တာလို့ လေကြောင်းလိုင်းက ဆိုပါတယ်။

လေယာဉ်မှာ ကြုံနေတဲ့ ပြဿနာကို မြေပြင်ဆီ လှမ်းသတင်းပို့ပြီးတဲ့နောက် သုဝဏ္ဏဘူမိ လေဆိပ်ဟာ အရေးပေါ် ဆင်းသက်မှုအတွက် ပြင်ဆင်ပေးထားခဲ့ပါတယ်။ လေဆိပ်မှာ လေယာဉ်ကို လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်၊ ဆီပြန်ဖြည့်ပြီးတဲ့နောက် ၂ နာရီ အကြာမှာ မူလအစီအစဉ်အတိုင်း ခရီးပြန်စနိုင်ခဲ့ပြီး ဖရန့်ဖတ်ကို ချောချောမောမော ရောက်ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။