Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ICC အလိုရှိနေတဲ့ လွှတ်တော်အမတ် ပုန်းအောင်းနေတဲ့ ဖိလစ်ပိုင် လွှတ်တော်မှာ သေနတ်သံတွေ ထွက်ပေါ်

ဖိလစ်ပိုင်အထက်လွှတ်တော်အဆောက်အအုံမှာ သေနတ်သံတွေ ကြားခဲ့ရသလို အဆောက်အအုံကိုလည်း စစ်သားတွေကပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။

​မေ-၁၃၊၂၀၂၆။People’s Spring

ဖိလစ်ပိုင်အထက်လွှတ်တော်အဆောက်အအုံမှာ သေနတ်သံတွေ ကြားခဲ့ရသလို အဆောက်အအုံကိုလည်း စစ်သားတွေကပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။

မေလ ၁၃ ရက်ညပိုင်းကထွက်ပေါ်လာတဲ့သေနတ်သံတွေက ဘယ်သူက ပစ်ခတ်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုဖြစ်စဉ်ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က တရားခံပြေးအဖြစ် အလိုရှိနေပြီး ဖိလစ်ပိုင် လွှတ်တော်ထဲမှာ ခိုလှုံနေသူ အထက်လွှတ်တော် အမတ်တစ်ဦးကို ဖမ်းဆီးဖို့ အားထုတ်နေမှုနဲ့ ဆက်စပ်နေဖွယ် ရှိပါတယ်။

အထက် လွှတ်တော်အမတ် ရော်နယ်လ် ဒယ်လာရိုဆာဟာ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်မှာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဒူတာတေးအကောင်အထည်ဖော်ခဲ့တဲ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မစ်ရှင်တွေမှာ သံသယ ရှိသူတွေကို အကြမ်းပတမ်း ဖြိုခွင်း နှိမ်နင်းခဲ့တဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဒူတာတေးကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICC မှာ ဖမ်းဆီးချုပ်နှောင် ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ဒယ်လာရိုဆာကိုလည်း ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ICCက အခုသီတင်းပတ် အစောပိုင်းမှာ တရားဝင် ကြေညာခဲ့တဲ့နောက် ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့တွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒယ်လာရိုဆာက မေလ ၁၁ ရက်နေ့မှာ လွှတ်တော်ထဲ ဝင်ရောက်ခိုလှုံနေခဲ့သလို ICCရဲ့ ဖမ်းဆီးမှုကို လုံးဝမခံနိုင်ကြောင်း ပြောကြားထားပါတယ်။

မေလ ၁၃ ရက် ညပိုင်းမှာ ထွက်ပေါ်နေတဲ့ သေနတ်သံတွေနဲ့ ပတ်သက်ပြီးတာဝန်ရှိသူတွေက ရှင်းရှင်းလင်းလင်း ဘာမှမပြောခဲ့ပါဘူး။ဘယ်သူက လွှတ်တော်ထဲမှာ သေနတ်ပစ်ခဲ့သလဲ ဆိုတာကို မသိရသေးပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့တော့ လုံခြုံရေး အရာရှိတွေက ဆိုပါတယ်။

ပြည်ထဲရေးနဲ့ ပြည်တွင်း အုပ်ချုပ်ရေး ဝန်ကြီး ဂျွန်ဗစ် ရမ်မူလာကတော့လွှတ်တော်ကိုလုံခြုံရေး တပ်တွေ ဝိုင်းထားတာက သမ္မတရဲ့အမိန့်အရ အဆောက်အအုံကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။

လွှတ်တော်လုံခြုံရေးအတွက်ပဲ တပ်ဖွဲ့တွေ ဖြန့်ကျက်ထားကြောင်း၊ ဒယ်လာရိုဆာကို ဖမ်းဖို့ အမိန့်ရမထားကြောင်းရမ်မူလာကပြောကြားခဲ့ပါတယ်။ ကြားရတဲ့ သေနတ်သံတွေကလည်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်တာ မဟုတ်ကြောင်း သူက ငြင်းဆိုထားပါတယ်။

မေလ ၁၃ ရက် ညနေပိုင်းလောက်မှာတော့ မနီလာမြို့ကလွှတ်တော်အဆောက်အအုံထဲကို ရဲကွန်မန်ဒိုတွေက ဝင်ရောက်သွားပြီး အနီးပတ်ဝန်းကျင်မှာတော့ ဒိုင်းတွေ၊ ခေါင်းဆောင်တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ဝန်းရံ ပိတ်ဆို့ထားခဲ့တဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်။

ICCက ဒယ်လာရိုဆာဟာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ဒူတာတေးရဲ့ မူးယစ်နှိမ်နင်းရေး မစ်ရှင်တွေကို အကြောင်းပြပြီး ဒါဇင်နဲ့ချီ များပြားတဲ့ လူတွေကို တရားလက်မဲ့ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

လွှတ်တော်နားမှာလည်း ဒယ်လာရိုဆာကို ဖမ်းဆီးပြီး ICCကို ပို့ဖို့၊ ဒူတာတေးနဲ့အတူ စွဲချက်တင်ခံစေဖို့ အစုအဖွဲ့နဲ့ ဆန္ဒပြသူတွေ ရှိနေခဲ့ပါတယ်။ ဒယ်လာရိုဆာရဲ့ ရှေ့နေတွေကတော့ သူ့ကို ဟိဂ်မြို့ဆီ ပို့ဆောင်မယ့် ကိစ္စကို တားဆီးပေးဖို့ တရားရုံးချုပ်ဆီ တိုက်တွန်း တောင်းဆိုထားပါတယ်။

လောလောဆယ်တော့ ဒယ်လာရိုဆာဟာ ကိုယ်ရံတော်တွေနဲ့အတူ လုံလုံခြုံခြုံ ရှိနေတယ်လို့ ရမ်မူလာက ဆိုပါတယ်။ ဒယ်လာရိုဆာက လွှတ်တော်ထဲမှာ ပုန်းနေတဲ့ ကိစ္စဟာ အခြေအနေတွေကို အတော်လေး ရှုပ်ထွေးနေစေပြီး နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲ ဆိုတာကလည်း ခန့်မှန်းရ ခက်နေပါတယ်။

ဒယ်လာရိုဆာတော့ သူ့မှာ အပြစ်ရှိတယ်လို့ ယူဆရင်ပြည်တွင်းကတရားရုံးတွေမှာပဲစစ်ဆေးဖို့၊ဟိဂ်မြို့ဆီ လွှဲမပေးဖို့ လက်ရှိ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို တောင်းဆိုထားပါတယ်။ ပြီးတော့ သူဟာ ဘာအမှားမှ ကျူးလွန်မထားခဲ့ဘူးလို့လည်း ဒယ်လာရိုဆာက အခိုင်အမာ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အစိုးရရှေ့နေချုပ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။