Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Teslaနဲ့ လုပ်ခခံစားခွင့် အသစ်ကြောင့် ထရီလီယံနာဖြစ်ဖို့ ပိုနီးစပ်လာတဲ့ အီလွန်မတ်စ်ခ်

သူဦးဆောင်နေတဲ့ Tesla ကုမ္ပဏီနဲ့ ရရှိခဲ့တဲ့ လုပ်ခခံစားခွင့် သဘောတူညီမှု အသစ်ဟာ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ်ကို ထရီလီယံနာ တစ်ဦးဖြစ်ဖို့ ပိုပြီး နီးစပ် သေချာလာစေခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

သူဦးဆောင်နေတဲ့ Tesla ကုမ္ပဏီနဲ့ ရရှိခဲ့တဲ့ လုပ်ခခံစားခွင့် သဘောတူညီမှု အသစ်ဟာ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ်ကို ထရီလီယံနာ တစ်ဦးဖြစ်ဖို့ ပိုပြီး နီးစပ် သေချာလာစေခဲ့ပါတယ်။

သူက အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားတဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီဟာ မတ်စ်ခ်ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အကျိုးခံစားခွင့် ဒေါ်လာ ၁ ထရီလီယံထိ ပေးချေဖို့ နိုဝင်ဘာ ၆ ရက်နေ့မှာ ရှယ်ယာရှင်တွေက မဲခွဲ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်စ်ခ်ဟာ အဲဒီ ငွေကြေးနဲ့ ထိုက်တန်ကြောင်းတော့ ပြရမှာ ဖြစ်ပါတယ်။

အဓိက အချက်ကတော့ သူဟာ လာမယ့် ဆယ်နှစ်တာအတွင်း Teslaရဲ့ စျေးကွက်တန်ဖိုးကို လက်ရှိ ဒေါ်လာ ၁.၄ ထရီလီယံ ရှိနေရာကနေ ဒေါ်လာ ၈.၅ ထရီလီယံထိ မြှင့်တင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မတ်စ်ခ်အတွက် ပေးချေမယ့် ဒေါ်လာ ၁ ထရီလီယံကိုလည်း တလုံးတခဲတည်း လွှဲပြောင်းပေးမှာ မဟုတ်ဘဲ ၁၀ နှစ်တာအတွင်း ၁၂ သုတ်လောက်ခွဲပြီး ပေးအပ်မှာ ဖြစ်ပါတယ်။ မတ်စ်ခ်က ကြိုတင် ကတိပြုထားတဲ့ သဘောတူညီချက်တွေ ပြည့်မီအောင် မစွမ်းဆောင်နိုင်တော့ ဒေါ်လာ ၁ ထရီလီယံ အပြည့် ရနိုင်မှာ မဟုတ်ပါဘူး။

နောက်ပြီး ဒေါ်လာ ၁ ထရီလီယံ လုပ်ခခံစားခွင့်လို့ သတ်မှတ်ထားပေမယ့် မတ်စ်ခ်ဖက်က ပြန်ပြီး ပေးရမှာတွေ၊ နုတ်ယူခံရမှာတွေကိုပါ ထည့်တွက်ရင်တော့ ဒေါ်လာ ၈၇၈ ဘီလီယံလောက်သာ ဖြစ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မတ်စ်ခ်ဟာ ဒေါ်လာ ၄၆၁ ဘီလီယံလောက် တန်ဖိုးရှိတဲ့ Tesla ရှယ်ယာ ၁၂.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသလို စုစုပေါင်း ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၅၀၀ ဘီလီယံ နီးပါးလောက် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း လုပ်ခခံစားခွင့် အသစ်ကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် သူဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံး ထရီလီယံနာအဖြစ် လာမယ့် ဆယ်စုနှစ်မှာ ရပ်တည်လာနိုင်တော့မှာ ဖြစ်ပါတယ်။

မတ်စ်ခ်ဆိုတာ Teslaဖြစ်ပြီး Teslaကလည်း မတ်စ်ခ်ပဲလို့ စျေးကွက် သုတေသီ တစ်ဦးဖြစ်တဲ့ ဒန်အိုင်ဗီစ်က ပြောပါတယ်။ မတ်စ်ခ်ရဲ့ မူဝါဒ တချို့က Tesla အမှတ်တံဆိပ်ကို ထိခိုက်စေတာမျိုး ရှိခဲ့ဖူးပေမယ့် ကုမ္ပဏီရဲ့ ဉာဏ်ရည်တု (AI) နည်းပညာ အနာဂတ်တွေက မတ်စ်ခ်အပေါ် လုံးလုံးလျားလျား မှီခိုထားရတယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

ရှယ်ယာရှင်တွေ မဲပေးမှုမှာ သူ့ကို လုပ်ခခံစားခွင့် တနင့်တပိုး ပေးသင့်တယ်လို့ ထောက်ခံသူ ၇၅ ရာခိုင်နှုန်း ရှိခဲ့တဲ့အပေါ် အထူးတလည် အသိအမှတ် ပြုပါတယ်လို့ မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။

သူဟာ နှစ်ဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရထဲမှာ ပါဝင် အလုပ်လုပ်ခဲ့သလို လူကြိုက်နည်းမယ့် ဆုံးဖြတ်ချက် တချို့ကိုလည်း ချမှတ်ခဲ့တာကြောင့် Teslaရဲ့ အမှတ်တံဆိပ် တန်ဖိုးကိုပါ သက်ရောက် ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ မေလနောက်ပိုင်းမှာတော့ Teslaရဲ့ ရှယ်ယာတန်ဖိုးတွေဟာ ၆၅ ရာခိုင်နှုန်းနီးပါး ထိုးတက်လာပါတယ်။ အထူးသဖြင့် အခွန်ကြွေးကျန်တွေ သက်တမ်း ကုန်ခါနီးမှာ အမေရိကန် နိုင်ငံသား အများအပြားက ကုမ္ပဏီ ရှယ်ယာတွေကို ဝယ်ယူ ရင်းနှီးမြှုပ်နှံလာတာကြောင့် Teslaရဲ့ စျေးကွက်တန်ဖိုး ပြန်မြင့်တက်လာတာပါ။

တောင်အာဖရိကနွယ်ဖွား မတ်စ်ခ်ကို ပုဂ္ဂိုလ်ရေးအရ သဘောမကျမှုတွေ ရှိနေရင်တောင်မှ သူဟာ နည်းပညာ ထိုးထွင်းမှု နယ်ပယ်မှာ ရှေ့ဆောင်ပုဂ္ဂိုလ် တစ်ဦးဖြစ်တယ်ဆိုတဲ့ အယူအဆကိုတော့ မထိခိုက်တဲ့အတွက်လည်း ရင်းနှီးမြှုပ်နှံသူတွေ အများအပြားဟာ သူ့ရဲ့ ဦးဆောင်မှုကို ဆက်လက် ယုံကြည်နေတာ ဖြစ်တယ်လို့လည်း လေ့လာ စောင့်ကြည့်သူတွေက ပြောကြားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့ရေး အစီအမံတွေ ဖြတ်တောက် လျှော့ချမှုကြောင့် မြန်မာ ကလေးငယ်တွေ ငတ်မွတ်နေ၊ သေကြေနေကြတယ်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဟီလာရီ ကလင်တန်က Facebookမှာ မျှဝေခဲ့ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အီလွန်မတ်စ်ခ်တို့ကို ဝေဖန် ရှုတ်ချထားခဲ့ပါတယ်။

သတင်း

လူပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ဒေါ်လာ ထရီလီယံဝက်ထိ ချမ်းသာတဲ့ စံချိန်မှတ်တမ်းသစ်ကို အီလွန်မတ်စ်ခ်က ပိုင်ဆိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားတဲ့ အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Teslaဟာ နှစ်အလိုက် နှိုင်းယှဉ်မှုတွေအရ စံချိန်တင် အရောင်းကျဆင်းတဲ့ ကာလ အပိုင်းအခြား တစ်ခုကို ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီရဲ့ အမြတ်အစွန်းနဲ့ ဝင်ငွေတွေ ထိုးကျလာတဲ့နောက် အီလွန်မတ်စ်ခ်က အမေရိကန် အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ဖို့ တာဝန်ယူထားတဲ့ သူ့ရဲ့ အစိုးရ အရာရှိ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Facebook