Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာတဲ့ အီလွန်မတ်စ်ခ်

ကမ္ဘာ့သမိုင်းမှာ ပထမဆုံး ထရီလီယံနာအဆင့် ကြွယ်ဝသူအဖြစ် အီလွန်မတ်စ်ခ်က စံချိန်မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာ့သမိုင်းမှာ ပထမဆုံး ထရီလီယံနာအဆင့် ကြွယ်ဝသူအဖြစ် အီလွန်မတ်စ်ခ်က စံချိန်မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ အာကာသ ခရီးသွား ဒုံးပျံနည်းပညာ ကုမ္ပဏီ SpaceX ရှယ်ယာတွေ တန်ဖိုး မြင့်တက်သွားခြင်းကြောင့် မတ်စ်ခ်ပိုင်ဆိုင်တဲ့ ကြွယ်ဝမှု တန်ဖိုးကလည်း ထိုးတက်သွားပါတယ်။ အကျိုးဆက်အဖြစ် ဇွန်လ ၁၂ ရက်နေ့မှာ သူဟာ စုစုပေါင်း ကြွယ်ဝမှု ဒေါ်လာ ၁.၁၁ ထရီလီယံကို ရောက်ရှိသွားခဲ့ပါတယ်။

တစ်ထရီလီယံဆိုတဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သန်း ဖြစ်ပါတယ်။

အဲဒီ ကြွယ်ဝမှု တန်ဖိုးကိုတော့ Bloomberg သတင်းဌာနက အစဉ်တစိုက် ဆန်းစစ်လေ့လာပြီး သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့တုန်းက ဒုံးပျံ၊ ဆယ်သွယ်ရေးနဲ့ ဉာဏ်ရည်တု (AI) နည်းပညာ ကုမ္ပဏီကြီး SpaceXဟာ Nasdaqမှာ ဒေါ်လာ ၂.၂ ထရီလီယံ တန်ဖိုးသတ်မှတ်ခံရပြီး ရှယ်ယာတစ်ခု စျေးကို ၁၃၅ ဒေါ်လာလို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ စျေးကွက် စဖွင့်ချိန်မှာ ဒေါ်လာ ၁၅၀ ဖြစ်နေခဲ့ပြီး အချိန်တို တစ်ခုစာလောက်မှာ ၁၇၆.၅ ဒေါ်လာထိ မြင့်တက်သွားပါသေးတယ်။ ညပိုင်းအချိန် ပိတ်သိမ်းချိန်မှာတော့ ရှယ်ယာတန်ဖိုးက ၁၆၁ ဒေါ်လာ ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒီအချက်က မတ်စ်ခ်နဲ့ ဆက်နွှယ်နေတဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီးမှာ ပါဝင်မြှုပ်နှံဖို့အတွက် ရှယ်ယာရှင်တွေက အထူး စိတ်လှုပ်ရှား တက်ကြွနေတယ် ဆိုတာကို ညွှန်ပြနေတာပါပဲ။ မတ်စ်ခ်ဟာ SpaceXရဲ့ ရှယ်ယာ ၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ ရှယ်ယာတန်ဖိုး စုစုပေါင်း ပိုင်ဆိုင်မှုကတင် ဒေါ်လာ ၇၆၇.၁ ဘီလီယံဖိုးလောက် ရှိနေတယ်လို့ Bloombergက ဆိုပါတယ်။

Bloombergရဲ့ စာရင်းမှာ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေတဲ့ လယ်ရီပေ့ဂျ်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၂၅၇ ဘီလီယံ ဖြစ်တာကြောင့် မတ်စ်ခ်ဟာ ဒုတိယ နေရာထက် အသားတင် ပိုင်ဆိုင်မှု သုံးဆနီးပါးလောက် ပိုချမ်းသာနေတဲ့ သဘောပါပဲ။

ကမ္ဘာပေါ်မှာ ပထမဆုံး ထရီလီယံနာတစ်ဦး ပေါ်ထွန်းလာတဲ့ သတင်းနဲ့အတူ ဆင်းရဲချမ်းသာ ကွာဟချက် အရမ်းကြီးမားနေတဲ့ အခြေအနေအပေါ် ငြင်းခုံမှုတွေလည်း ထွက်ပေါ်လာပါတယ်။ မတ်စ်ခ်ရဲ့ ကြွယ်ဝမှုဟာ အခုအခါမှာ ပိုလန်၊ ဒါမှမဟုတ် ဆွစ်ဇာလန်လို နိုင်ငံမျိုးတွေရဲ့ တစ်နိုင်ငံလုံးစာ စီးပွားရေး အင်အားမျိုးနဲ့ တူညီလာပါတယ်။

သူကိုယ်တိုင်က ချမ်းသာပြီးရင်း ချမ်းသာနေပေမယ့်လည်း မတ်စ်ဟာ အမေရိကန် အစိုးရ အဖွဲ့ထဲမှာ လပိုင်းလောက် တာဝန်ယူရင်း အသုံးစရိတ် ချွေတာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ဖြုတ်ခဲ့ဖူးတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ မရပ်သေးပါဘူး။ ဒါ့အပြင် အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး အေဂျင်စီတွေကို ပိတ်ချခဲ့မှုမှာလည်း မတ်စ်ခ်ရဲ့ စနက် မကင်းခဲ့ပါဘူး။ အဲဒီလို ပိတ်ပစ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်အဖြစ် လူ့အသက်တွေ ဆုံးရှုံးရမှုဟာ ၂၀၃၀ ပြည့်နှစ်မှာ ၁၄ သန်းကျော်ထိ များပြားနေလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

မတ်စ်ခ်ဟာ ကမ္ဘာကျော် လျှပ်စစ်ကား ကုမ္ပဏီ Teslaကိုလည်း ဦးဆောင်နေသူ ဖြစ်ပါတယ်။ ပြီးတော့ နာမည်ကျော် လူမှုကွန်ရက် မီဒီယာ Xကိုလည်း ပိုင်ဆိုင်ပါတယ်။ SpaceX ရှယ်ယာတွေ စျေးတက်လာမှု အကျိုးဆက်အဖြစ် လက်ရှိဝန်ထမ်းတွေနဲ့ ဝန်ထမ်းဟောင်းတွေထဲက ၄၄၀၀ ကျော်လောက်ဟာလည်း သန်းကြွယ်သူဌေးတွေ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ အကြောင်းကတော့ ကုမ္ပဏီဟာ လစာပေးချေမှုမှာ ရှယ်ယာတွေကို ခွဲတမ်းအဖြစ် ထည့်သွင်းပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဉာဏ်ရည်တု (AI) နည်းပညာ ကုမ္ပဏီ OpenAIနဲ့ ကုမ္ပဏီ အမှုဆောင်ချုပ် ဆမ်အဲ့လ်ထ်မန်းတို့ကို တရားစွဲဆိုခဲ့တဲ့ အီလွန်မတ်စ်ခ်ရဲ့ အားထုတ်မှုဟာ အရေးနိမ့်သွားခဲ့ပါတယ်။

နိုင်ငံတကာ

သူဦးဆောင်နေတဲ့ Tesla ကုမ္ပဏီနဲ့ ရရှိခဲ့တဲ့ လုပ်ခခံစားခွင့် သဘောတူညီမှု အသစ်ဟာ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ်ကို ထရီလီယံနာ တစ်ဦးဖြစ်ဖို့ ပိုပြီး နီးစပ် သေချာလာစေခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ရုံးနှစ်ဦးဖြစ်တဲ့ မာကိုရူဘီရိုနဲ့ အီလွန်မတ်စ်ခ်တို့ဟာ ထရမ့်ကို ရှေ့ထားပြီး စကားအခြေအတင် ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း ဘာအလုပ်တွေ လုပ်ခဲ့သလဲ ဆိုတာကို အစီရင်ခံဖို့နဲ့ ပျက်ကွက်ရင် အလုပ်ထုတ် ခံရနိုင်တယ်ဆိုတဲ့ ရာဇသံကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြံပေးဖြစ်သူ အီလွန်မတ်စ်ခ်က အမေရိကန် အစိုးရ ဝန်ထမ်းတွေဆီ ပေးပို့ခဲ့ပါတယ်။