Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယားမှာ ကြက်ငှက်တုပ်ကွေးကြောင့် လူတစ်ဦးသေဆုံး

ကမ္ဘောဒီးယား နိုင်ငံမှာ လူတစ်ဦး ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Khmer Times

ကမ္ဘောဒီးယား နိုင်ငံမှာ လူတစ်ဦး ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဖနွမ်ပင်မှာရှိတဲ့ ချာရွိုင်ချန်ဗာ ခရိုင်မှာ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးဟာ H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

လူနာဟာ အဖျားတက်တာ၊ ချောင်းဆိုးတာ၊ အားအင်ကုန်ခမ်း နွမ်းနယ်တာ၊ အသက်ရှူ မွန်းကျပ်တာစတဲ့ ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေး လက္ခဏာတွေ ပြသပြီး ကွယ်လွန်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်အပြီး ရောဂါတားဆီး ထိန်းချုပ်ရေး အစီအမံတွေကို အပူတပြင်း အသက်သွင်းထားပြီး ကူးစက်မှုရဲ့ အရင်းအမြစ်ကို ရှာဖွေနေတယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ သေဆုံးသူနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို တုပ်ကွေးတိုက်ဖျက် ဆေးဝါးတစ်မျိုးဖြစ်တဲ့ Tamifluတွေ ထောက်ပံ့ပေးထားကြောင်း သိရပါတယ်။

တကယ်လို့ ကြက်ငှက်တုပ်ကွေး လက္ခဏာလို့ ယူဆရတဲ့ နာမကျန်းမှုတွေ ခံစားလာရရင် နီးစပ်ရာ ကျန်းမာရေး ဌာနတွေဆီ ချက်ချင်း ဆက်သွယ်ဖို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ကြက်ငှက်တုပ်ကွေး ဖြစ်ပွားစေတဲ့ H5N1 ဗိုင်းရပ်စ်ဟာ ရောဂါဖြစ်နေတဲ့ ကြက်ငှက်တွေကနေတဆင့် လူအပါအဝင် နို့တိုက်သတ္တဝါတွေဆီ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ခံစားရတဲ့ ရောဂါလက္ခဏာတွေက ပြင်းထန်လေ့ ရှိသလို အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ကြောင်းလည်း ကျန်းမာရေး ပညာရှင်တွေက ပြောကြားထားပါတယ်။

ကိုးကား: Khmer Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားရဲ့ စစ်မှု မထမ်းမနေရ ဥပဒေဟာ လက်တွေ့စတင် အသက်ဝင်လာပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။