Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို အမြန်ဆုံး လွှဲပြောင်းပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

မျက်ကွယ်မှာ သေဒဏ်စီရင် ချမှတ်တာ ခံခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို လွှဲပြောင်းပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

မျက်ကွယ်မှာ သေဒဏ်စီရင် ချမှတ်တာ ခံခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို လွှဲပြောင်းပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့တော် ဒါကာမှာ ပြုလုပ်ခဲ့တဲ့ အထူးခုံရုံး တရားစီရင် စစ်ဆေးမှုမှာတော့ ဟာဆီနာကို မျက်ကွယ် သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဟာဆီနာဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက စတင်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြ ပြည်သူတွေကို အကြမ်းနည်းတွေနဲ့ ဖြိုခွင်း သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြောင်း စွပ်စွဲခံရပါတယ်။ ဒါကြောင့် သူဟာ လူသားမျိုးနွယ်အပေါ် အမှန်တကယ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ခုံရုံးက ဆုံးဖြတ်ပြီး မျက်ကွယ် သေဒဏ် ချမှတ်ခဲ့တာပါ။

ဟာဆီနာဟာ အဲဒီ လူထုအုံကြွမှုရဲ့ အကျိုးဆက်အဖြစ် မနှစ်က ဩဂုတ်လဆန်းမှာ နိုင်ငံကနေ ထွက်ပြေးပြီး အိန္ဒိယမှာ ခိုလှုံနေခဲ့ရတာ ဖြစ်ပါတယ်။ ဟာဆီနာခေတ်လွန် ဘင်္ဂလားဒေ့ရှ်ကို တာဝန်ယူ အုပ်ချုပ်နေတဲ့ ယာယီ အစိုးရဟာ ခုံရုံး စီရင်ချက် ထွက်ပေါ်လာအပြီးမှာပဲ ဝန်ကြီးချုပ်ဟောင်းကို လက်လွှဲပေးဖို့ အိန္ဒိယဆီ ဆက်သွယ် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက အိန္ဒိယဆီ တရားဝင် ဆက်သွယ် မေတ္တာရပ်ခံခဲ့ရာမှာ ဟာဆီနာသာ မကဘဲ သူ့ရဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း အာဆက်ဒူဇာမန် ခန်ကာမဲလ်ကိုပါ လက်လွှဲပေးဖို့ အဆိုပြုထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဦးစလုံးဟာ ရာဇဝတ်မှု တရားခံတွေအဖြစ် သေချာသွားတာကြောင့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲပြောင်းပေးဖို့ အိန္ဒိယ အစိုးရဖက်က ပူးပေါင်းပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အိန္ဒိယ အစိုးရကတော့ ဘင်္ဂလားဒေ့ရှ်ဖက်က တောင်းဆိုချက်ကို လက်ခံရရှိကြောင်း အတည်ပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီစေမယ့် အပြုသဘောဆောင်တဲ့ ဆန်းစစ်မှုတွေ လုပ်ဆောင်ပါ့မယ်လို့ ပြောပေမယ့် အသေးစိတ် တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)ကလည်း ဟာဆီနာလို ဝရမ်းပြေး တစ်ယောက်ကို ခိုလှုံခွင့် ပေးထားတဲ့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဟာဆီနာက စိတ်တိုင်းကျ ဖျက်ဆီးလို့ရအောင် အခွင့်အရေး ပေးထားတဲ့ အဓိပ္ပါယ် ဆောင်နေပြီး အိန္ဒိယရဲ့ ရွေးချယ်မှုက စိတ်မကောင်းစရာ ဖြစ်နေကြောင်း BNPရဲ့ အကြီးတန်း ပူးတွဲ အတွင်းရေးမှူး ရူဟူလ် ကာဘာ ရစ်ဇ်ဗီက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် လက်ယာယိမ်း နိုင်ငံရေး အင်အားစု တစ်ခုဖြစ်တဲ့ ဂျာမတ်အီ အစ္စလာမ်မီ ပါတီရဲ့ အတွင်းရေးမှူးချုပ် မီယာဂိုလမ်ကလည်း အိန္ဒိယ အနေနဲ့ အိမ်နီးချင်းကောင်း ဆိုတာကို ပြသဖို့၊ နှစ်နိုင်ငံကြားက ဆက်ဆံရေးကောင်းကို ဆက်လက် ထိန်းသိမ်းဖို့အတွက် ဟာဆီနာကို ဥပဒေတွေနဲ့အညီ လွှဲပြောင်းပေးသင့်တယ်လို့ တိုက်တွန်းသွားပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။