Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်က ဆူပူဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ UN တိုက်တွန်း

ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်းတစ်ဦး လုပ်ကြံခံရလို့ ဖြစ်ပေါ်လာတဲ့ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခြေအနေတွေကို ခေါင်းအေးအေးနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းကိုင်တွယ်ကြဖို့ (UN)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - AP

ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်းတစ်ဦး လုပ်ကြံခံရလို့ ဖြစ်ပေါ်လာတဲ့ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခြေအနေတွေကို ခေါင်းအေးအေးနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းကိုင်တွယ်ကြဖို့ (UN)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြီးခဲ့တဲ့နှစ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အဓိက ဦးဆောင်ခဲ့သူ ကျောင်းသား သပိတ်ခေါင်းဆောင် ရှရစ်ဖ် အော့စ်မန် ဘင် ဟာဒီ လုပ်ကြံခံရမှုကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ကျူးလွန်သူကို ဖော်ထုတ် အရေးယူပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဟာဒီ လုပ်ကြံခံရမှုကို အကြောင်းပြုပြီး ဒါကာနဲ့ တခြားမြို့ကြီးတွေမှာ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာကို ဂူတာရက်စ်က ဆန့်ကျင်ခဲ့ပြီး အကြမ်းဖက် ရန်လိုမှုတွေကို ထိန်းချုပ်ဖို့၊ တင်းမာမှုတွေကို လျှော့ချဖို့၊ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဟာဒီဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အစိုးရကို ပြုတ်ကျစေခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အဓိက ဦးဆောင်ခဲ့သူ တစ်ဦးပါ။ သူဟာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့လည်း စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းက ဟာဒီဟာ ဒါကာမှာရှိတဲ့ ဗလီတစ်ခုကနေ အထွက်မှာ မျက်နှာဖုံးစွပ် သေနတ်သမားတွေရဲ့ ပစ်ခတ် လုပ်ကြံမှုကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ သူ့ကို စင်ကာပူထိ ပို့ဆောင်ပြီး ဆေးရုံတင်ခဲ့ပေမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဟာဒီ သေဆုံးပြီးတဲ့နောက် ဒါကာနဲ့ တခြားမြို့ကြီးတွေမှာ ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပြီး အိန္ဒိယနဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံရတဲ့ သတင်းစာတိုက် နှစ်ခုကိုလည်း ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ပါတယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ခိုလှုံခွင့် ပေးထားတဲ့ နိုင်ငံပါ။ ဒါ့အပြင် ဂျာနယ်လစ်တွေလည်း ရန်လိုတိုက်ခိုက် ခံရပြီး နောက်ထပ် အဆောက်အအုံတချို့လည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ဂူတာရက်စ်က ဟာဒီ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ ထိရောက် မြန်ဆန်တဲ့၊ ဘက်မလိုက်တဲ့၊ အသေးစိတ်ကျပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ဂါတာ့ခ်ကလည်း ဟာဒီ လုပ်ကြံခံရမှု ဖြစ်စဉ်ဟာ ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့ ပြဿနာတွေဆီ ဦးတည်သွားစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ပြဿနာတစ်ခုကို လက်စားချေဖို့၊ လက်တုံ့ပြန်ဖို့ပဲ ရွေးမယ်ဆိုရင် သွေးကွဲမှုတွေကို ပိုပြီး နက်ရှိုင်းသွားစေနိုင်သလို အားလုံးရဲ့ အခွင့်အရေးတွေ ဆုတ်ယုတ်ကုန်လိမ့်မယ်လို့ တာ့ခ်က ပြောပါတယ်။

ဟာဒီဟာ ကျောင်းသားတွေ ဦးဆောင်ပြီး ဟာဆီနာ အစိုးရကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွ ဆန္ဒပြပွဲတွေမှာ အထင်ရှားဆုံး ခေါင်းဆောင်တစ်ဦးပါ။ သူဟာ ဖေဖော်ဝါရီ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေ စတင်ဖို့ စီစဉ်နေချိန်မှာ လုပ်ကြံ ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကိုးကား: UN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါ ကူးစက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အရင် အစိုးရ နှစ်ဆက်ကို အပြစ်တင်သွားခဲ့ပါတယ်။

သတင်း

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။