Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ပြောင်းလဲဖို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရဲ့ တောင်းဆိုမှု မအောင်မြင်

လက်ကျန် ထောင်ဒဏ်ပြစ်ဒဏ် ကာလကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲခွင့်ရဖို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ်ရဲ့ လျှောက်ထားတောင်းဆိုမှုကို တရားရုံး တစ်ခုက ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ - AP

လက်ကျန် ထောင်ဒဏ်ပြစ်ဒဏ် ကာလကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲခွင့်ရဖို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ်ရဲ့ လျှောက်ထားတောင်းဆိုမှုကို တရားရုံး တစ်ခုက ပယ်ချခဲ့ပါတယ်။

မလေးရှား တော်ဝင်မိသားစုက နာဂျစ်ဘ်ရဲ့ ပြစ်ဒဏ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲဖို့ ခွင့်ပြုခဲ့ပေမယ့် အဲဒီကိစ္စ စာရွက်စာတမ်းတွေရဲ့ တရားဝင်မှုကို မလေးရှား တရားရုံး တစ်ခုက ပယ်ချခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်း ကြားနာမှုမှာ တရားရုံးဟာ နာဂျစ်ဘ်ကို နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ပြောင်းလဲ ကျခံခွင့် ပြုလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ လက်တွေ့ ထွက်ပေါ်လာတဲ့ စီရင်ချက်ကတော့ နာဂျစ်ဘ်အတွက် အရှိုက်ထိုးခံရသလို ဖြစ်သွားစေတယ်လို့ လေ့လာသူတွေ့ သုံးသပ်ခဲ့ပါတယ်။

တစ်ချိန်က မလေးရှားမှာ ဩဇာအကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးဖြစ်ခဲ့ဖူးသူ နာဂျစ်ဘ်ဟာ 1MDBလို့ အတိုကောက် ခေါ်ဝေါ်ပြီး ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ အလွဲသုံးစားမှု ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကတည်းက ထောင်ဒဏ် ကျခံနေခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နာဂျစ်ဘ်က သူဟာ မနှစ်တုန်းက အရင် မလေးရှားဘုရင် ခွင့်ပြုထားခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လက်ကျန်ပြစ်ဒဏ်တွေကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲ ကျခံပိုင်ခွင့် ရသင့်ကြောင်း လျှောက်ထား အရေးဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ ကွာလာလမ်ပူမှာရှိတဲ့ တရားရုံးချုပ် တရားသူကြီး အဲလစ်လော့ကီက မလေးရှား ဘုရင်ဟောင်းရဲ့ ညွှန်ကြားချက်ကို အငြင်းပွားစရာ မရှိပေမယ့် ဘုရင်ဟာ အဲဒီဆုံးဖြတ်ချက်ကို မချခင်မှာ နိုင်ငံရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အကြံပေး ဘုတ်အဖွဲ့နဲ့ တိုင်ပင် ဆွေးနွေးခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

1MBD အမှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေထဲက အကြီးဆုံး တစ်ခုကို တရားရုံးမှာ ရင်ဆိုင် လျှောက်လဲရဖို့ ရက်ပိုင်းအလိုမှာ နာဂျစ်ဘ်ဟာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ပြောင်းလဲကျခံခွင့် အားထုတ်မှု ပယ်ချခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အသက် ၇၂ နှစ်အရွယ် နာဂျစ်ဘ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်အရ သူ့ရဲ့ ထောင်ဒဏ် ကာလကို ၁၂ နှစ်ကနေ ၆ နှစ်ထိ လျှော့ချခွင့် ရထားပါတယ်။ အဲဒီလက်ကျန် ပြစ်ဒဏ်ထဲက ထက်ဝက်လောက်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲနိုင်ဖို့ နာဂျစ်ဘ်ရဲ့ ရှေ့နေတွေက အပူတပြင်း ကြိုးစားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တာပါ။

နာဂျစ်ဘ်ကတော့ သူ့အပေါ် စွပ်စွဲချက်တွေ မှန်သမျှကို ငြင်းဆိုထားပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ဆောင်ယူလာနိုင်မလားဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်တန်း အစည်းအဝေး ကာလအတွင်း မလေးရှား အမျိုးသမီး ကိုယ်ရံတော်တွေရဲ့ ပေါ့ပါးဖျတ်လတ်မှုကို လူမှုကွန်ရက် သုံးစွဲသူတွေက ချီးကျူးနေကြပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြီးမှူး စောင့်ကြည့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ကိုကြိုဆိုသူတွေနဲ့အတူလိုက်ပြီးကနေခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့ ဗီဒီယိုဟာ မလေးရှားက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ ရေပန်းစားနေပါတယ်။