Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်ပြီး ၁၆ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားက အဝေးပြေးလမ်း တစ်နေရာမှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - AP

အင်ဒိုနီးရှားက အဝေးပြေးလမ်း တစ်နေရာမှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းတုန်းက မြို့တော် ဂျကာတာကနေ ယော့ဂျာကာတာမြို့ဆီ ဦးတည်မောင်းနှင်နေတဲ့ ဘတ်စ်ကားဟာ လမ်းကွေ့ တစ်နေရာမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး အတားအဆီးကို ဝင်တိုက်ပြီး တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဘတ်စ်ကားက အတော်လေး အရှိန်များများနဲ့ ကွေ့ဖို့ ကြိုးစားခဲ့ရာက လမ်းဘေး အတားအဆီးကို တိုက်မိခဲ့ကြောင်း၊ ပြီးတော့ တိမ်းမှောက်သွားခဲ့ကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ ဘူဒီယိုနိုက ပြောပါတယ်။

အခင်းဖြစ်တဲ့ နေရာမှာ ရုပ်အလောင်း ၁၅ ခုကို ရှာတွေ့ခဲ့ကြောင်း လူပေါင်း ၃၄ ဦးကိုတော့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။ နောက်ထပ် ၁ ဦးကတော့ ဆေးရုံရောက်ပြီးချိန်မှ ကွယ်လွန်ခဲ့တာပါ။ ဒဏ်ရာရသူ တချို့ကိုလည်း အနီးမှာရှိတဲ့ ဆီမာရန်မြို့ဆီ ပို့ဆောင်ပြီး ဆေးရုံတင်ထားရပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာတော့ တွန့်လိမ်ပုံပျက်နေတဲ့ အဝါရောင် ဘတ်စ်ကားရဲ့ ဘေးနားမှာ ရုပ်အလောင်း ထည့်ထားတဲ့ အိတ်တွေ ချထားတာကို တွေ့ရပါတယ်။

အရှေ့တောင်အာရှရဲ့ လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာတော့ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းသုံး ယာဉ်တွေရဲ့ သက်တမ်းရင့် အိုဟောင်းမှု၊ လမ်းတွေကို ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းတာ၊ စည်းကမ်းလိုက်နာမှု အားနည်းတာတွေကြောင့် ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

မနှစ်တုန်းက အီးဒ်ပွဲတော်ကာလမှာ ဘတ်စ်ကားတစ်စီးနဲ့ တခြားကား တစ်စီးကို ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်တာကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း ဆူမားတြားကျွန်းမှာ ဘတ်စ်ကားတစ်စီး လျှိုထဲကို ထိုးကျသွားရာက လူ ၃၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ မြေပြိုကျမှု ဖြစ်ပွားပြီး သတ္တုမိုင်းတွင်း အလုပ်သမား ၉ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။