Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည်စခန်းတွေမှာ တရုတ် နျူကလီးယား ဒုံးကျည် ၁၀၀ လောက် ဖြန့်ကျက်ထားတယ်လို့ ပင်တဂွန် အစီရင်ခံစာဖော်ပြ

တရုတ်ဟာ အသစ်တည်ဆောက်ထားတဲ့ ဒုံးကျည်စခန်း ၃ ခုမှာ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည် (ICBM) ၁၀၀ လောက်ကို ဖြန့်ကျက်ထားဖွယ်ရှိကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်ဟာ အသစ်တည်ဆောက်ထားတဲ့ ဒုံးကျည်စခန်း ၃ ခုမှာ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည် (ICBM) ၁၀၀ လောက်ကို ဖြန့်ကျက်ထားဖွယ်ရှိကြောင်း သိရပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ပြုစုထားတဲ့ အစီရင်ခံစာ တစ်စောင်ထဲမှာ အဲဒီ သုံးသပ်ချက် ပါဝင်လာတာ ဖြစ်သလို တရုတ်ဟာ လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိဟန် မတူဘူးလို့လည်း မှတ်ချက် ပေးထားပါတယ်။

တရုတ်ဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအားလုံးထဲမှာ စစ်လက်နက် နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေကို အရှိန်အဟုန် အမြင့်ဆုံး လုပ်ဆောင်နေတယ်လို့ ပင်တဂွန်က ဆိုပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ စစ်ရေးရည်မှန်းချက်တွေ ချဲ့ထွင်လာတာနဲ့ ပတ်သက်လို့လည်း အစီရင်ခံစာထဲမှာ သတိပေးထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နိုင်ငံတကာ နျူကလီးယား စစ်လက်နက်တွေ လျှော့ချရေး ကိစ္စအတွက် တရုတ်၊ ရုရှား အစိုးရတွေနဲ့ ဆွေးနွေးလိုကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပင်တဂွန် အစီရင်ခံစာထဲမှာတော့ တရုတ်ဟာ အဲဒီကိစ္စကို လုံးဝ စိတ်ဝင်စားပုံ မရဘူးလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ တရုတ်ဟာ လောင်စာခဲ အသုံးပြုတဲ့ DF-31 အမျိုးအစား ICBM ၁၀၀ ကျော်လောက်ကို မွန်ဂိုလီးယားနဲ့ နယ်စပ်နားက ဒုံးကျည်စခန်း အသစ် ၃ ခုမှာ ဖြန့်ကျက်ထားတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ အဲဒီဒုံးကျည်စခန်းတွေ တည်ရှိမှုကို အရင်ကတည်းက ပင်တဂွန်က ထောက်လှမ်း သိရှိထားပေမယ့် ဖြန့်ကျက်ထားတဲ့ ဒုံးကျည် အရေအတွက်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

အစီရင်ခံစာပါ အချက်အလက်တွေကို Reuters သတင်းဌာနက ဖော်ပြခဲ့ပေမယ့် ပင်တဂွန်ကတော့ သီးခြား မှတ်ချက် မပေးခဲ့ပါဘူး။ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ တရုတ်ဟာ ကာကွယ်ရေးအတွက် ရည်ရွယ်တဲ့ နျူကလီးယား မဟာဗျူဟာတွေကို ကိုင်ဆွဲထားသလို နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေကိုလည်း နိုင်ငံ လုံခြုံရေး အခင်းအကျင်းတွေအရ လိုအပ်တဲ့ အနိမ့်ဆုံး ပမာဏမျိုးသာ ဖြန့်ကျက်ထားကြောင်း ပြောပါတယ်။

၂၀၂၄ ခုနှစ်ထိ အခြေအနေအရ တရုတ်မှာ နျူကလီးယား ဒုံးကျည် ထိပ်ဖူးပေါင်း ၆၀၀ အောက်သာ ရှိပြီး အရင်နှစ်တွေနဲ့ ယှဉ်ရင် အဲဒီဖျက်အားပြင်း လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ အရှိန်အဟုန်ကတော့ လျော့ကျလာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒါပေမဲ့ ၂၀၃၀ ပြည့်နှစ်မှာ တရုတ်ရဲ့ နျူကလီးယား ထိပ်ဖူး ပိုင်ဆိုင်မှုဟာ ၁၀၀၀ ကျော်လွန်လာမယ်လို့ ခန့်မှန်းရပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယား လက်နက် ပိုင်ဆိုင်မှု အများဆုံး နိုင်ငံဖြစ်ပြီး အရေအတွက် ၄၃၀၀ ဝန်းကျင်လောက် ရှိနေပါတယ်။ အမေရိကန်မှာတော့ နျူကလီးယားလက်နက် ၃၇၀၀ လောက်ထိ စုဆောင်းထားတယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ထူးထူးကဲကဲ မြှင့်တင်သွားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။