Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မော်စကိုမှာ ကားဗုံးကွဲပြီး ရဲတွေအပါအဝင် ၃ ဦးသေ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ရာက ရဲတွေအပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ရာက ရဲတွေအပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရုရှားမှာ အရေးကြီးတဲ့ မှုခင်းတွေကို ကိုင်တွယ်လေ့ရှိတဲ့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ဒီဇင်ဘာ ၂၄ ရက်နေ့ ပေါက်ကွဲမှု သတင်းကို အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ – Reuters

ရဲကားနားမှာ မသင်္ကာစရာ လူတစ်ယောက်ကို တွေ့လို့ စုံစမ်းဖို့ ရဲနှစ်ဦးက ချဉ်းကပ်သွားတဲ့အချိန် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အဲဒီရဲတွေ သေဆုံးခဲ့တယ်လို့ ကော်မတီက ဆိုပါတယ်။ တတိယမြောက် သေဆုံးသူရဲ့ သရုပ်သကန်ကို မီဒီယာတွေက ဖော်ပြမှုကတော့ ရှုပ်ထွေးနေပါတယ်။

တချို့ သတင်းဌာနတွေက တတိယမြောက် သေဆုံးသူဟာ ဗုံးထောင်သူ ဖြစ်နိုင်တယ်လို့ ရေးသားထားပြီး တချို့ကတော့ သာမန် အရပ်သားတစ်ဦးလို့ ဖော်ပြထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီပေါက်ကွဲမှုဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ရတဲ့ ကားဗုံးပေါက်ကွဲရာ နေရာနဲ့ တစ်မိုင်လောက်ပဲ ဝေးပါတယ်။ ဖြစ်စဉ်နှစ်ခုကြားမှာ ဆက်စပ်မှု ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဒုတိယ ဗိုလ်ချုပ်ကြီး ဖာနဲလ် ဆာဗိုရော့ဗ် သေဆုံးခဲ့ရတဲ့ ကားဗုံးခွဲမှုကို ယူကရိန်း ထောက်လှမ်းရေးက စီမံခဲ့တယ်လို့ ယုံကြည်ရပေမယ့် ယူကရိန်းဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ရုရှားရဲ့ ထိပ်တန်း စစ်ဘက်အရာရှိ တချို့ဟာ မော်စကိုမှာ ပစ်မှတ်ထား လုပ်ကြံတာတွေ ခံခဲ့ရပါတယ်။

ဥပမာ ဧပြီလတုန်းက ဗိုလ်ချုပ်ကြီး ယာရိုဆလက်ဗ် မော့စ်ကာလစ်ဟာ ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပြီး ဗိုလ်ချုပ်ကြီး အီဂေါ် ကီရီလော့ဗ်ကတော့ မနှစ်က ဒီဇင်ဘာလတုန်းက နေအိမ်ကနေအထွက် ဗုံးထောင်ထားတဲ့ စကူတာတစ်စီး ပေါက်ကွဲရာက အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာတဲ့နောက် မြို့တော် မော်စကိုရဲ့ အထပ်မြင့် တိုက်ခေါင်မိုးတွေမှာ ရုရှားက လေကြောင်း ကာကွယ်ရေး စနစ်တွေ အလျင်အမြန် တိုးချဲ့ တပ်ဆင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့မြို့တော်မော်စကိုမှာသိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တဲ့နောက် နိုင်ငံရဲ့ဒရုန်းတိုက်ခိုက်ရေး စွမ်းရည်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ချီးကျူးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ ရုရှားစစ်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး ပစ်ခတ်လုပ်ကြံ ခံရပြီး ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားကြည်းတပ်ရဲ့ စစ်ဆင်ရေး လေ့ကျင့်မှု ဌာနကို အဓိက ဦးဆောင်နေသူ ဖြစ်