Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂီနီရာမှာ အာဏာသိမ်း စစ်တပ်က ရွေးကောက်ပွဲ ကျင်းပပေး၊ စစ်ခေါင်းဆောင်ပဲ သမ္မတ ဖြစ်လာဖွယ်ရှိနေ

အာဏာသိမ်း စစ်တပ်က ဦးဆောင် ကျင်းပတဲ့ ဂီနီရာ ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် မာမဒီ ဒွမ်ဘူယာပဲ အာဏာရလာဖွယ် ရှိနေကြောင်း လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

ဓာတ်ပုံ - Reuters

အာဏာသိမ်း စစ်တပ်က ဦးဆောင် ကျင်းပတဲ့ ဂီနီရာ ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် မာမဒီ ဒွမ်ဘူယာပဲ အာဏာရလာဖွယ် ရှိနေကြောင်း လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

အနောက် အာဖရိက ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီရာမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် အထူးတပ်ဖွဲ့ အကြီးအကဲဟောင်း ဒွမ်ဘူယာက ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး တခြားပြိုင်ဘက် ၈ ယောက်နဲ့အတူ သမ္မတလောင်းအဖြစ် အရွေးခံခဲ့ပါတယ်။

ဒါပေမဲ့ သူ့အတွက် တကယ်တမ်း အားကောင်းတဲ့ ပြိုင်ဘက်မျိုး မရှိသလို အဓိက အတိုက်အခံ အင်အားစုတွေကလည်း ပြည်ပမှာ တိမ်းရှောင်နေရတဲ့အတွက် ဒွမ်ဘူယာပဲ အလွယ်တကူ အနိုင်ရလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒွမ်ဘူယာက ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ အရပ်သား အစိုးရဆီ အာဏာ ပြန်လည် အပ်နှင်းဖို့ ဖြစ်တယ်လို့ ကြွေးကြော်ထားပေမယ့် နိုင်ငံရေး အကဲခတ်တွေကတော့ သူ့ရဲ့ အာဏာချုပ်ကိုင်မှုကို ပိုပြီး ခိုင်မာသွားစေမယ့် အခင်းအကျင်းသာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

ညနေပိုင်းမှာ မဲရုံတွေ ပိတ်သိမ်းသွားတဲ့ အချိန်အထိ ကြီးကြီးမားမား အနှောင့်အယှက်တွေ မရှိခဲ့ဘူးလို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြို့တော် ကွန်နက်ခရီမှာတော့ ရွေးကောက်ပွဲ မြင်ကွင်းက တက်တက်ကြွကြွ စည်စည်ကားကား မရှိခဲ့သလို ပြည်သူတချို့က ဝတ်ကျေတမ်းကျေ သဘောမျိုးပဲ မဲသွားပေးနေခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ရလဒ်က ကြိုတင် စီရင်ချက်လို ဖြစ်နေတာကြောင့် ဘယ်သူမှ စိတ်အားထက်ထက်သန်သန် မရှိကြဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အရေးအကြီးဆုံး ကိစ္စတစ်ခုက နိုင်ငံအနေနဲ့ ပုံမှန် အခြေအနေဆီ ပြန်ဦးတည်လာနိုင်ဖို့ ဖြစ်ကြောင်း၊ လက်တွေ့ကျတဲ့ အခြေအနေကိုပဲ ရွေးချယ်ပြီး မဲပေးခဲ့ကြောင်း၊ လက်ရှိ အာဏာရထားတဲ့ သူတွေကပဲ ဒီကိစ္စကို လုပ်နိုင်မယ်လို့ သူယုံကြည်လို့ မဲပေးခဲ့ကြောင်း ကွန်နက်ခရီက စတိုးဆိုင် ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က မဲပေးခွင့်ရှိသူတွေရဲ့ ၉၂ ရာခိုင်နှုန်းက မဲထည့်ခဲ့ကြကြောင်း ကြေညာပေမယ့် အဲဒီ ကိန်းဂဏန်းကို မယုံကြည်သူတွေ အများအပြား ရှိနေပါတယ်။

ဂီနီရာ နိုင်ငံမှာ ၂၀၂၁ ခုနှစ်တုန်းက စစ်တပ် အာဏာသိမ်းခဲ့တာဖြစ်ပြီး သမ္မတ အယ်လ်ဖာကွန်ဒီ ဦးဆောင်တဲ့ အစိုးရကို ဖယ်ရှားခဲ့ပါတယ်။ ကွန်ဒီရော၊ အင်အားကြီး အတိုက်အခံခေါင်းဆောင် ကယ်လီ ဒေလီယန် ဒီယာလိုတို့ပါ ပြည်ပမှာ တိမ်းရှောင်နေရပြီး အခုရွေးကောက်ပွဲမှာ မယှဉ်ပြိုင်နိုင်ခဲ့ကြပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။