Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ် ဖက်ဒရယ် ပိုင်နက်ထဲက အမေရိကန် တပ်အားလုံး ရုပ်သိမ်း

အီရတ်အစိုးရရဲ့ ဖက်ဒရယ် အုပ်ချုပ်မှု ပိုင်နက်ထဲမှာ တပ်စွဲထားသမျှ အမေရိကန် တပ်တွေအားလုံး ရုပ်သိမ်းသွားပြီလို့ အီရတ် အစိုးရက ကြေညာခဲ့ပါတယ်။

အီရတ်အစိုးရရဲ့ ဖက်ဒရယ် အုပ်ချုပ်မှု ပိုင်နက်ထဲမှာ တပ်စွဲထားသမျှ အမေရိကန် တပ်တွေအားလုံး ရုပ်သိမ်းသွားပြီလို့ အီရတ် အစိုးရက ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့က အမေရိကန် စစ်ဘက် အကြံပေး အရာရှိတွေ ပါဝင်နဲ့ နောက်ဆုံးအသုတ်ဟာ အီရတ်နိုင်ငံ အနောက်ပိုင်း၊ အန်ဘာ ပြည်နယ်ထဲမှာရှိတဲ့ အယ်လ်အာဆတ် လေတပ်စခန်းကနေ ပြန်လည် ထွက်ခွာသွားကြောင်း အီရတ်က ထုတ်ပြန်ပါတယ်။

အီရတ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အခုအခါ အီရတ်ရဲ့ ဖက်ဒရယ် အစိုးရ အုပ်ချုပ်မှု နယ်မြေအားလုံးမှာ အမေရိကန်တပ်တွေ ဆက်ပြီး ဖြန့်ကျက်ထားမှု မရှိတော့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ အီရတ်ပိုင်နက်ထဲမှာ ပါဝင်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ကာဒစ်စတန် ပြည်နယ်မှာတော့ အမေရိကန်တပ်တွေ ဆက်ပြီး ဖြန့်ကျက်ထားဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်းမှာ ရှိနေတဲ့ အမေရိကန်တပ်တွေ ရုပ်သိမ်းရေးကို အီရတ်အစိုးရက ၂၀၂၃ ခုနှစ်မှာ တောင်းဆိုခဲ့တဲ့နောက် အမေရိကန်က တပ်အင်အားကို တစ်သုတ်ချင်းစီ လျှော့ချခဲ့ပါတယ်။ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ကို ဖြိုခွင်းဖို့ အထူးစစ်ဆင်ရေး တာဝန်အတွက် အီရတ်မှာ လာရောက် အခြေစိုက်ထားတဲ့ အမေရိကန် စစ်ရေးကွပ်ကဲမှု ဌာနချုပ်ကလည်း စခန်းနေရာနဲ့ ပစ္စည်းကိရိယာတွေကို အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဆီ လွှဲပြောင်းပေးခဲ့ပြီး ပြန်လည် ထွက်ခွာသွားကြောင်း အီရတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အီရတ်ပိုင်နက်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ကာဒစ်စတန်မှာရှိတဲ့ ဟာရာ လေတပ်စခန်းမှာတော့ အမေရိကန်တပ်တွေ ဆက်ပြီး တပ်စွဲထားဆဲလို့လည်း ဝန်ကြီးဌာနက အတည်ပြုပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ ရှိနေတဲ့ ဒေသဟာ ကာ့ဒ်မျိုးနွယ်စုတွေ အဓိက နေထိုင်ပြီး ကိုယ်ပိုင်အစိုးရ၊ လွှတ်တော်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပိုင်ဆိုင်ထားပြီး အီရတ်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကလည်း ဒေသခံ ကာ့ဒ်အစိုးရရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ် ပြုပေးထားပါတယ်။

၂၀၀၃ ခုနှစ်က အီရတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကစလို့ အီရတ်ပိုင်နက်ထဲမှာ အမေရိကန်တပ်တွေဟာ နှစ်အလိုက် မတူညီတဲ့ အရေအတွက်တွေနဲ့ ဖြန့်ကျက်ထားခဲ့တာ ဖြစ်ပါတယ်။ စံချိန်တင် အများဆုံးဖြစ်ခဲ့တဲ့ ကာလမှာတော့ အမေရိကန်စစ်သည် ၁၇၀၀၀၀ လောက် အီရတ်မှာ ရှိနေခဲ့ဖူးပါတယ်။

အမေရိကန်မှာ သမ္မတ ဘာရတ်အိုဘားမားလက်ထက် ၂၀၁၁ မှာတော့ အီရတ်မှာ ရှိနေတဲ့ အမေရိကန်တပ်တွေ ရုပ်သိမ်းစေဖို့ အမိန့်ပေးခဲ့ပါတယ်။ ၂၀၁၄ မှာ အီရတ်ကိုယ်တိုင်က အိုင်အက်စ် နှိမ်နင်းရေး မစ်ရှင်တွေအတွက် အကူအညီ တောင်းခံခဲ့တာကြောင့် အမေရိကန်ဟာ တပ်အင်အား ၅၀၀၀ လောက်ကို ဖြည့်တင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ နှစ်ကုန်ပိုင်းမှာတော့ အမေရိကန်ဟာ အီရတ်မှာ စစ်ဆင်ရေး လုပ်ငန်းစဉ်အားလုံး ပြီးဆုံးပြီလို့ ကြေညာခဲ့ပေမယ့် စစ်ရေးအကြံပေးနဲ့ တခြားအကူအညီတွေအတွက် အမှုထမ်း ၂၅၀၀ ဝန်းကျင်ကို ဆက်လက် ဖြန့်ကျက်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အီရတ်ရဲ့ အိမ်နီးချင်းနိုင်ငံ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ အီရတ်ရောက် အမေရိကန်တပ်တွေ အားလုံးကို ရုပ်သိမ်းသွားတာလည်း ဖြစ်ပါတယ်။ အီရတ်ဟာ အမေရိကန်ရော၊ အီရန်နဲ့ပါ မဟာမိတ် ဆက်ဆံရေးမျိုး ထူထောင်ထားပြီး အဲဒီနှစ်နိုင်ငံကြားက ပဋိပက္ခတွေမှာ အရင်ကလည်း ဘေးကျပ်နံကျပ် ကိစ္စတွေ ကြုံခဲ့ဖူးပါတယ်။

ကိုးကား: CNN
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook