Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေးကို လုပ်ကြံခဲ့သူ ထောင်တစ်သက် ပြစ်ဒဏ် ချမှတ်ခံရ

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးကို လူမြင်ကွင်းမှာ ပစ်သတ် လုပ်ကြံခဲ့တဲ့ အမျိုးသားဟာ ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters, Getty Images

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးကို လူမြင်ကွင်းမှာ ပစ်သတ် လုပ်ကြံခဲ့တဲ့ အမျိုးသားဟာ ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဓာတ်ပုံ – Reuters, Getty Images

၂၀၂၂ ခုနှစ်တုန်းက နာရာမြို့၊ နိုင်ငံရေး စည်းရုံးဟောပြောမှု အစီအစဉ် တစ်ခုမှာ အာဘေးကို တတ်ဆူယာ ယာမာဂါမီက လက်လုပ် သေနတ်တစ်လက်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၅ နှစ် ရှိပြီဖြစ်တဲ့ ယာမာဂါမီဟာ လူသတ်မှုအပြီး သုံးနှစ်ခွဲ အကြာ ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ တရားရုံးဆီက အတည်ပြု စီရင်ချက်ကို ကြားသိခဲ့ရတာ ဖြစ်ပါတယ်။

သူ့အမှုကို စတင်ကြားနာတဲ့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ကတည်းက ယာမာဂါမီဟာ လူသတ်မှု ကျူးလွန်ကြောင်းကို ဝန်ခံခဲ့ပြီးသားပါ။ အဲဒီအစား သူက အဲဒီလုပ်ရပ်ကို ဘာကြောင့် ကျူးလွန်ရသလဲ ဆိုတာကို ရှင်းပြခဲ့တဲ့အခါ ဂျပန်မှာ သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ပါတယ်။

တချို့က သူ့လုပ်ရပ်ဟာ လက်မခံနိုင်စရာ သွေးအေး လူသတ်မှုအဖြစ် သတ်မှတ်ပြီး တချို့ကတော့ သူဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေအတွက် စာနာစကား ဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယာမာဂါမီက ဝန်ကြီးချုပ်ဟောင်း အာဘေး ထောက်ခံနေတဲ့ ဘာသာရေး အဖွဲ့တစ်ခုဟာ သူ့မိခင်ရဲ့ ယုံကြည် ကိုးကွယ်မှုအပေါ် အမြတ်ထုတ်ပြီး ငွေကြေးတွေ အလွန်အကျွံ ညှစ်ယူခဲ့လို့ တစ်မိသားစုလုံး ဒုက္ခရောက်ခဲ့ကြောင်း၊ အဲဒီအတွက် အာဘေးကို အငြှိုးထားပြီး လက်တုံ့ပြန်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

သူ့ရဲ့ ထွက်ဆိုချက်ကြောင့် အဲဒီ ခရစ်ယာန် ဘာသာရေး ဂိုဏ်းခွဲအမည်ခံ အဖွဲ့အစည်းရဲ့ မရိုးသားတဲ့ လုပ်ငန်း လည်ပတ်မှုတွေကို လူထုက ပိုပြီး အာရုံ စိုက်မိလာသလို နောက်ဆက်တွဲ အရှုပ်တော်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အဲဒီဂိုဏ်းနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ကိုင်တွယ်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

တရားခွင်မှာတော့ အစိုးရ (ဆွဲချ) ရှေ့နေတွေက ယာမာဂါမီရဲ့ လုပ်ရပ်ဟာ ဆိုးရွားကြမ်းတမ်းလှပြီး ထောင်ဒဏ်တစ်သက် ချမှတ်ဖို့ ထိုက်တန်ကြောင်း တရားသူကြီးကို လျှောက်ထားခဲ့ပါတယ်။ ပုံမှန်အားဖြင့် သေနတ်ကိုင် ရာဇဝတ်မှုမျိုး မရှိသလောက်နည်းတဲ့ ဂျပန်မှာ ယာမာဂါမီက လက်လုပ်သေနတ်နဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်ခဲ့တာဟာ တုန်လှုပ်စရာ ကောင်းလွန်းတယ်လို့ အစိုးရ ရှေ့နေတွေက ဆိုပါတယ်။

တရားခံ ရှေ့နေအဖွဲ့ကတော့ ယာမာဂါမီဟာ ဘာသာရေး အခြေပြု အမြတ်ထုတ်မှုတွေရဲ့ သားကောင် ဖြစ်ခဲ့တာကြောင့် ငဲ့ညှာပေးစေလိုကြောင်း အဓိကထား လျှောက်လဲခဲ့ကြပါတယ်။

အာဘေးကို လုပ်ကြံမှုအတွက် အပြီးသတ် ဆုံးဖြတ်ချက်ကို နားထောင်ဖို့အတွက် နာရာမြို့ တရားရုံးမှာ လူပေါင်း ၇၀၀ နီးပါးလောက် စုဝေးပြီး စောင့်ဆိုင်းနေခဲ့ကြတာကို တွေ့ရပါတယ်။

ဂျပန်သမိုင်းမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ အနားယူသွားခဲ့တဲ့ အာဘေးဟာ သူ့ရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဝင် ဒေသခံ အမတ်တစ်ဦးအတွက် မဲဆွယ်ပေးနေတုန်း လူကြားထဲမှာတင် သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

တရားခွင်တလျှောက် သတင်းယူခဲ့တဲ့ ဂျာနယ်လစ် တစ်ဦးကတော့ စီရင်ချက် ချတဲ့နေ့မှာ ယာမာဂါမီရော၊ သူ့ရဲ့ မိသားစုဝင်တွေပါ စိတ်ပျက်အားလျော့နေခဲ့ဟန် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဘေးဟာ အနားယူပြီးတဲ့တိုင်အောင် ဂျပန်ရဲ့ ဩဇာ အကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်ရှိနေခဲ့ပြီး သူလုပ်ကြံခံရတဲ့ ကိစ္စဟာ တစ်ကမ္ဘာလုံးကိုပါ အံ့ဩ တုန်လှုပ်စေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန် ရေပိုင်နက် အလွန်ကို ရောက်ရှိနေတဲ့ တရုတ် သုတေသန ရေယာဉ်တစ်စီးကို ပြန်လည် ထွက်ခွာသွားဖို့ ဂျပန် ကမ်းခြေစောင့်တပ်က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမြဲတမ်း နေထိုင်ခွင့် (PR) လျှောက်ထားတဲ့ နိုင်ငံခြားသားတွေအတွက် သတ်မှတ်နှုန်းထားကို ဂျပန်က အဆ ၂၀ တရားဝင် တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Facebook