Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မော်စကိုမှာ ရုရှား ထိပ်တန်းဗိုလ်ချုပ်တစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရ

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ ရုရှားစစ်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး ပစ်ခတ်လုပ်ကြံ ခံရပြီး ဒဏ်ရာရသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ ရုရှားစစ်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး ပစ်ခတ်လုပ်ကြံ ခံရပြီး ဒဏ်ရာရသွားခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ် ဒုတိယ ဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီယက်ဗ်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့တုန်းက မော်စကို အနောက်မြောက်ဖက် ဆင်ခြေဖုံး ရပ်ကွက်ထဲမှာ သေနတ်နဲ့ အချက်ရေတချို့ ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို အတိအကျ မသိရသေးပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ယုံကြည်ရပါတယ်။

သူ့ကို ပစ်ခတ်ခဲ့သူကတော့ ထွက်ပြေး လွတ်မြောက်သွားပြီး အပူတပြင်း လိုက်ရှာနေကြောင်း ရုရှားက စစ်တပ်က ပြောပါတယ်။ အလက်ဆီယက်ဗ်ဟာ ရုရှား စစ်ထောက်လှမ်းရေး (GRU)မှာ ဒုတိယ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မော်စကိုမှာ ရုရှားရဲ့ စစ်ဘက် အဆင့်မြင့် ထိပ်တန်း အရာရှိကြီးတွေ အခုလိုမျိုး ပစ်ခတ် လုပ်ကြံခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလက်ဆီယက်ဗ်ကို ဘယ်သူက လုပ်ကြံခဲ့သလဲဆိုတာ မသိရပေမယ့် ယူကရိန်း အေးဂျင့်တွေ လက်ချက်လို့ ယုံကြည်ရပါတယ်။ ရုရှား အစိုးရ အဆင့်မြင့် အရာရှိ တစ်ဦးကလည်း ယူကရိန်းကို ချက်ချင်း စွပ်စွဲထားပါတယ်။

ရုရှား စုံစမ်းထောက်လှမ်းရေး ကော်မတီ (SK)ရဲ့ အရာရှိ ဆဗက်လာနာ ပီထရန်ကိုက ဒဏ်ရာရသွားသူကို ဆေးရုံတင်ပို့ထားကြောင်း၊ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူသတ်ရန် ကြံစည်မှုနဲ့ အမှုဖွင့် စုံစမ်းနေကြောင်း ပြောပါတယ်။

စုံထောက်အရာရှိတွေဟာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည် လေ့လာနေသလို မျက်မြင်သက်သေ ဖြစ်နိုင်လောက်သူတွေကို ရှာဖွေပြီး ထွက်ချက် ရယူနေပါတယ်။

အလက်ဆီယက်ဗ်ဟာ ယူကရိန်း စစ်ပွဲအတွင်း ရုရှားရဲ့ စစ်ဆင်ရေး ကဏ္ဍတွေမှာ အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်ခဲ့ပါတယ်။ ပြီးတော့ ၂၀၂၂ တုန်းက မာရူပိုလ်မြို့ကို ရုရှားက ဝန်းရံပိတ်ဆို့ထားတဲ့နောက် ယူကရိန်း တပ်တွေနဲ့ ညှိနှိုင်းမှုမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

သူဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ ရုရှားစစ်တပ် ပါဝင်စွက်ဖက်ခဲ့တဲ့ စစ်ဆင်ရေး မစ်ရှင်တွေကို အကြောင်းပြုပြီး ရုရှားသူရဲကောင်း ဆုကိုလည်း ချီးမြှင့် ခံထားရပါတယ်။

အလက်ဆီယက်ဗ်ဟာ ၂၀၁၈ တုန်းက ဗြိတိန်မှာ ရုရှားနှစ်ဖက်လွှ သူလျှိုဟောင်း တစ်ဦးကို GRUက ဓာတုအဆိပ် ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပြီး ဗြိတိန်နဲ့ ဥရောပ သမဂ္ဂ (EU)ဆီက အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ခံထားရပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ရုရှား ကြေးစားတပ်ဖွဲ့ Wagnerက သူပုန်ထပြီး မော်စကိုမြို့တော်ဆီ ချီတက်ဖို့ ကြိုးစားခဲ့မှုကို ဟန့်တားဖို့ အတွက်လည်း ရုရှားအစိုးရက အလက်ဆီယက်ဗ်ကို စေလွှတ်ပြီး ညှိနှိုင်းစေခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။