Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Gen Z လူငယ်တွေ ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးအပြီး နိုင်ငံရေးပါတီဟောင်းတွေ ရှေ့ထွက်လာမယ့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ

ဘင်္ဂလားဒေ့ရှ်မှာ အာဏာရှင်ဆန်ဆန် အုပ်စိုးခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ အစိုးရကို ဖြုတ်ချတဲ့ တော်လှန်ရေးကို Gen Zလို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်တွေက ဦးဆောင်ခဲ့ပေမယ့် အဲဒီဖြစ်စဉ်နောက်ပိုင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ရှိရင်းစွဲ နိုင်ငံရေး ပါတီကြီးတွေကပဲ အဓိက အားပြိုင်နေဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

ဘင်္ဂလားဒေ့ရှ်မှာ အာဏာရှင်ဆန်ဆန် အုပ်စိုးခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ အစိုးရကို ဖြုတ်ချတဲ့ တော်လှန်ရေးကို Gen Zလို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်တွေက ဦးဆောင်ခဲ့ပေမယ့် အဲဒီဖြစ်စဉ်နောက်ပိုင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ရှိရင်းစွဲ နိုင်ငံရေး ပါတီကြီးတွေကပဲ အဓိက အားပြိုင်နေဦးမှာ ဖြစ်ပါတယ်။

သန်းပေါင်းများစွာ ပါဝင်ခဲ့တဲ့ လူငယ်လူရွယ် ဆန္ဒပြ ပြည်သူတွေဟာ ၂၀၂၄ ခုနှစ်မှာ ဟာဆီနာ အစိုးရကို ပြုတ်ကျသွားစေခဲ့ပြီး ပိုပြီး သစ်လွင်တဲ့၊ မျှတတဲ့ အနာဂတ်မျိုးနဲ့ နိုင်ငံကို ဖန်တီးနိုင်ဖို့ မျှော်လင့်လာကြပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ ဟာဆီနာခေတ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

တော်လှန်ရေးကြီးက Gen Z လူငယ်တွေ ဘာလုပ်နိုင်တယ် ဆိုတာကို ပြသခဲ့ကြောင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား မာဇာ ရှာကီလ်က ပြောပါတယ်။ အခုတော့ ပြည်သူအားလုံး တူညီတဲ့ အခွင့်အလမ်းတွေ ခံစားရရှိနိုင်မယ့် နိုင်ငံသစ် တစ်ခုကို မျှော်လင့်နေတယ်လို့ သပိတ်ခေါင်းဆောင်ဟောင်း ဆက်ဒ်မန်း မူဂျ်တာဘာ ရာဖစ်ဒ်က ပြောပါတယ်။ သူက တကယ့် စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို မျှော်လင့်ကြောင်း၊ ဒါပေမဲ့ အဲဒီအိပ်မက် ပြည့်ဝဖို့ လျှောက်ရမယ့် ခရီးက အရှည်ကြီး ကျန်နေသေးကြောင်း ဝန်ခံခဲ့ပါတယ်။

၂၀၂၄ ခုနှစ်တုန်းက အစိုးရအလုပ်နေရာ ခွဲတမ်း သတ်မှတ်ချက် တစ်ခုကို မကျေနပ်ရာက ကျောင်းသားတွေက စတင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဟာဆီနာရဲ့ အစိုးရက ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ် နှိမ်နင်းတာ အပါအဝင် အကြမ်းဖက် နည်းလမ်းတွေနဲ့ တုံ့ပြန် ဖြိုခွင်းလာတဲ့အတွက် အခြေအနေတွေက ပိုရှုပ်ထွေးသွားပြီး ဆန္ဒပြပွဲတွေကလည်း အစိုးရ ဆန့်ကျင်ရေးအသွင် ကူးပြောင်းသွားပါတယ်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာတော့ ကျောင်းသားတွေ ဦးဆောင်ပြီး ဟာဆီနာရဲ့ ဝန်ကြီးချုပ် အိမ်တော်ထဲထိ စီးနင်းဝင်ရောက်ခဲ့ပါတယ်။ ဟာဆီနာလည်း အိမ်နီးချင်း အိန္ဒိယ နိုင်ငံဆီ ထွက်ပြေးသွားပြီး အဲဒီအချိန်ကတည်းကစလို့ ခိုလှုံနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟာဆီနာဟာ ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို အမိန့်ပေးခဲ့ပေမယ့် စစ်တပ်က ငြင်းဆိုခဲ့တဲ့နောက် သူ့ရဲ့ခေတ် အဆုံးသတ်သွားခဲ့ပါတယ်။ ဟာဆီနာဟာ ဆန္ဒပြပြည်သူ ၁၄၀၀ လောက်ကို သတ်ဖြတ်စေခဲ့မှုအတွက် မျက်ကွယ်မှာ သေဒဏ် စီရင်ချက် ချမှတ် ခံထားရပြီး သူ့ကို ပြန်လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရက အိန္ဒိယကို တောင်းဆိုထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာတော့ ဟာဆီနာရဲ့ ပါတီဟာ ပိတ်ပင်ခံထားရမှုတွေကြောင့် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ အဲဒီအစား အေဝါမီ အဖွဲ့ချုပ် (AL)ပါတီရဲ့ ပြိုင်ဘက်တွေဟာ ရွေးကောက်ပွဲမှာ ပိုပြီး အားကောင်းတဲ့ ရလဒ်မျိုးတွေ မျှော်လင့်လာနေကြပါတယ်။ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇိုင်ရာရဲ့ သားဖြစ်တဲ့ တာရစ် ရာဟ်မန်ဟာ ပြည်ပမှာ တိမ်းရှောင်နေရာက ပြန်ရောက်လာပြီး သူဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP)ဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာ အကောင်းဆုံးအဖြစ် ရေပန်းစားနေပါတယ်။

အထင်ကရ အစ္စလာမ်မစ် ပါတီ တစ်ခုဖြစ်တဲ့ ဂျမက်တီ အီ အစ္စလာမ်ဟာလည်း ဒီနှစ်ရွေးကောက်ပွဲမှာ အားကောင်းတဲ့ ပုံစံနဲ့ ပြန်လည် ယှဉ်ပြိုင်လာဖွယ် ရှိနေပါတယ်။ ဟာဆီနာကို ဖြုတ်ချခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ ထူထောင်ထားတဲ့ အမျိုးသား နိုင်ငံသားပါတီ (NCP)ကတော့ ထိလွယ်ရှလွယ်ရှိပြီး အခြေအနေတွေ ခက်ခဲနေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကြားမှာ ရုန်းကန်နေရဆဲပါ။

စင်းလုံးချော ပြည့်စုံမှုမျိုး မဟုတ်ပေမယ့် ဆယ်စုနှစ် တစ်ခုကျော်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုကို ပြန်မြင်လာရမယ်လို့တော့ နိုင်ငံရေး အင်အားစုတွေက ယုံကြည် မျှော်လင့်နေပါတယ်။

သစ်လွင်တဲ့ အရာတစ်ခုခုကိုတော့ ရွေးကောက်ပွဲက သေချာပေါက် ယူလာပေးမှာဖြစ်ပြီး အားလုံး စိတ်လှုပ်ရှားနေတယ်လို့ ဆန္ဒပြ ကျောင်းသားတစ်ဦး ဖြစ်ခဲ့တဲ့ ရှာကီလ်က ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook