Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ဝါဒကို ပြန်အသက်သွင်းနေကြောင်း တရုတ်စွပ်စွဲချက်ကို ဂျပန်တုံ့ပြန်

စစ်ဝါဒကို တကျော့ပြန် အသက်သွင်းနေကြောင်း တရုတ်ရဲ့ စွပ်စွဲချက်အပေါ် ဂျပန်က ကန့်ကွက် ငြင်းဆိုသွားခဲ့ပါတယ်။

China's Foreign Minister Wang Yi speaks during the Munich Security Conference (MSC) in Munich, Germany, February 14, 2026. REUTERS/Liesa Johannssen

စစ်ဝါဒကို တကျော့ပြန် အသက်သွင်းနေကြောင်း တရုတ်ရဲ့ စွပ်စွဲချက်အပေါ် ဂျပန်က ကန့်ကွက် ငြင်းဆိုသွားခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဂျပန်မှာ လက်ယာစွန်း အင်အားစုတွေက စစ်ဝါဒကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေကြောင်း စွပ်စွဲ ပြောဆိုခဲ့တဲ့အပေါ် သံတမန်ရေး လမ်းကြောင်းတွေကနေ ကန့်ကွက်ထားတယ်လို့ ဂျပန် အစိုးရက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ မြူးနစ် လုံခြုံရေး ညီလာခံ မိန့်ခွန်းမှာ ဝမ်က ဂျပန် ပြည်သူတွေ အနေနဲ့ လက်ယာစွန်း အင်အားစုတွေ၊ စစ်ဝါဒကို တကျော့ပြန် အသက်သွင်းချင်သူတွေရဲ့ လှည့်စားမှုအောက်မှာ နစ်မျောမသွားသင့်ကြောင်း ပြောကြားသွားပါတယ်။

တရုတ်နဲ့ ဂျပန်တို့ဟာ နိုဝင်ဘာလ ကတည်းက ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ အငြင်းပွားစရာ မှတ်ချက် စကားတစ်ခွန်းကို အကြောင်းပြုပြီး နှစ်နိုင်ငံ တင်းမာမှုတွေ ရှိနေခဲ့တာပါ။ တကအိချိက တရုတ်ကသာ ထိုင်ဝမ်ကျွန်းကို စစ်ပြုတိုက်ခိုက်မယ်ဆိုရင် ထိုင်ဝမ်ကို ကူဖို့ ဂျပန်ကလည်း တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ ပြောကြားခဲ့ရာက နှစ်ဖက် ဆက်ဆံရေး အေးခဲနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြူးနစ် လုံခြုံရေး ညီလာခံ မိန့်ခွန်းမှာတော့ ဝမ်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ နိုင်ငံအားလုံးဟာ ဂျပန်အနေနဲ့ စစ်ဝါဒ လမ်းကြောင်းဆီ ပြန်လျှောက်လှမ်းမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာ ရောက်သွားမယ်ဆိုတာ ဝိုင်းသတိပေးဖို့ လိုတယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝမ်ရဲ့ စွပ်စွဲပြောဆိုမှုတွေကို တိုက်ရိုက် ငြင်းဆိုသွားခဲ့ပါတယ်။ ဝမ်ရဲ့ စကားတွေဟာ မမှန်ကန်သလို ခိုင်မာမှုလည်း မရှိဘူးလို့ ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဂျပန်က ကာကွယ်ရေး အစီအမံတွေကို ပိုမိုအားကောင်းအောင် ချဲ့ထွင်နေရတာဟာ ပိုပြီး အလေးထားဖို့ လိုလာတဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကြောင့်သာဖြစ်ပြီး တခြားနိုင်ငံ တစ်ခုခုကို ရည်ရွယ်ထားတာမျိုး လုံးဝ မရှိဘူးလို့လည်း ဂျပန်ဖက်က တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုက်အဝန်းထဲမှာ တချို့သော နိုင်ငံတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့ အခြေအနေမျိုးနဲ့ စစ်အင်အားကို အလုံးအရင်း တိုးချဲ့လာနေကြောင်း၊ ဂျပန်ဟာ အဲဒီလို လုပ်ရပ်မျိုးကို ဆန့်ကျင်ပြီး ခပ်ကင်းကင်းပဲ နေမှာဖြစ်ကြောင်းလည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြူးနစ် လုံခြုံရေး ညီလာခံမှာလည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တိရှီမစ်ဆူ မိုတက်ဂီဟာ ဒီသဘောထားကို ရှင်းရှင်းလင်းလင်း သတိပေးခဲ့သလို ဝမ်ရဲ့ စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်ပြီး ဂျပန်က သံတမန် လမ်းကြောင်းတွေကနေ တုံ့ပြန်ကန့်ကွက် ထားတယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဂျပန် ဝန်ကြီးချုပ် တကအိချိက သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ဂျပန်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်း ရှိလာအောင် ကာကွယ်ရေး အခင်းအကျင်းတွေကို တိုးမြှင့်ချဲ့ထွင်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။