Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ RFAရဲ့ သတင်းထုတ်လွှင့်မှုတွေ ပြန်စ

တရုတ်နိုင်ငံကို ဦးတည်တဲ့ ထုတ်လွှင့်မှုတွေ ပြန်စတင်နေပြီလို့ လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကို ဦးတည်တဲ့ ထုတ်လွှင့်မှုတွေ ပြန်စတင်နေပြီလို့ လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနက ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ရန်ပုံငွေနဲ့ လည်ပတ်တဲ့ သတင်းဌာနဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရန်ပုံငွေ ဖြတ်တောက် လျှော့ချမှုတွေကြောင့် မနှစ်က လုပ်ငန်းတွေ ရပ်နားခဲ့ရပါတယ်။

USAGMလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အမေရိကန် ကမ္ဘာ့မီဒီယာ အေဂျင်စီဟာ RFAအပြင် အမေရိကန် အသံ (VOA)လို သတင်းဌာနတွေကို အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ခွဲတမ်းနဲ့ နှစ်ရှည်လများ ပံ့ပိုးပေးနေခဲ့တာ ဖြစ်ပါတယ်။ မနှစ်ကတော့ ထရမ့်က အသစ်ခန့်အပ်တဲ့ USAGM အမှုဆောင် အရာရှိချုပ် ကာရီလိတ်ခ်က အဲဒီ သတင်းဌာနတွေအတွက် ထောက်ပံ့ငွေတွေကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ သူက အဲဒီ သတင်းဌာနတွေဟာ ထရမ့်ကို ဆန့်ကျင်တဲ့ တစ်ဖက်သတ် ဖော်ပြမှုတွေကို လုပ်ဆောင်ပြီး ပြည်သူတွေရဲ့ အခွန်ငွေတွေကို ဖြုန်းတီးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အစိုးရရဲ့ ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် တရုတ်အပါအဝင် အမေရိကန်ရဲ့ ပြိုင်ဘက် နိုင်ငံတွေမှာ RFAရဲ့ သတင်းထုတ်လွှင့်မှုတွေ ရပ်ဆိုင်းခဲ့ရပြီး ဝန်ထမ်း အများအပြားကိုလည်း ထုတ်ပယ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ RFAရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဘေဖန်းက တရုတ်က သတင်းပရိသတ်တွေအတွက် မန်ဒရင်း၊ တိဘက်၊ ဟွေဂါ ဘာသာစကားတွေနဲ့ ထုတ်လွှင့်မှုတွေ ပြန်စနေပြီဆိုတာ ဂုဏ်ယူစွာ အသိပေးလိုကြောင်း LinkedInမှာ ရေးသားခဲ့ပါတယ်။

အခုလို လုပ်ငန်းတွေ ပြန်စနိုင်တာဟာ ပုဂ္ဂလိက စာချုပ် သဘောတူညီမှုနဲ့ ညှိနှိုင်းလုပ်ဆောင်တာလို့ ဖန်းက ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။ ဒါပေမဲ့ RFAရဲ့ ကွန်ရက်ကို ရေရှည်တည်မြဲအောင် ပြန်တည်ဆောက်ဖို့ ဆိုရင်တော့ အမေရိကန် လွှတ်တော်က ခွင့်ပြုပေးတဲ့ ရန်ပုံငွေတွေ ပြန်လိုအပ်ကြောင်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ ပါတီနှစ်ခု ညှိနှိုင်းသဘောတူပြီး ဖေဖော်ဝါရီ လဆန်းမှာ ထရမ့်က လက်မှတ်ရေးထိုးခဲ့တဲ့ အသုံးစရိတ် အသစ်မှာတော့ RFA၊ VOA၊ တခြား အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ သတင်းဌာနတွေအတွက် အသုံးပြုဖို့ ရန်ပုံငွေခွဲတမ်း ဒေါ်လာ ၆၅၃ သန်း ပါဝင်လာခဲ့ပါတယ်။

မနှစ်တုန်းက RFAရဲ့ တရုတ်ပြည်တွင်းကို ရည်ရွယ်ထုတ်လွှင့်မှုတွေ ရပ်ဆိုင်းသွားတာကို တရုတ် အစိုးရ မီဒီယာတွေက ချီးကျူး ကြိုဆိုခဲ့ပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ RFAဟာ တရုတ်နဲ့ တခြား အာဏာရှင်ဆန်တဲ့ နိုင်ငံတွေမှာ ပြည်သူတွေ ကြုံနေရတဲ့ ဒုက္ခတွေကို နိုင်ငံတကာ အာရုံစိုက်မိလာအောင် မီးမောင်းထိုးပြနေတဲ့ မီဒီယာဖြစ်ပြီး လူ့အခွင့်အရေး ရှုထောင့်အရ RFAရဲ့ ထုတ်လွှင့်မှုတွေက အရေးတကြီး လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက RFA ပြောရေးဆိုခွင့်ရ ရိုဟစ် မာဟာဂျန်က သတင်းဌာန အနေနဲ့ တိဘက်၊ မြောက်ကိုရီးယားနဲ့ မြန်မာတို့မှာ ထုတ်လွှင့်မှုတွေ ပြန်လည် စတင်နိုင်ဖို့ အတွက်လည်း ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ စာချုပ်တွေ ချုပ်ဆိုထားနိုင်ပြီး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။