Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲ ရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင် တရားဝင်ထုတ်ပြန်

ရွေးကောက်ပွဲမှာ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ရဲ့ ပါတီ အမတ်နေရာ အများဆုံး အနိုင်ရခဲ့ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် (UEC)က တရားဝင် အတည်ပြုခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ရဲ့ ပါတီ အမတ်နေရာ အများဆုံး အနိုင်ရခဲ့ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် (UEC)က တရားဝင် အတည်ပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အနူတီ ချန်ဝီယာကူ ဦးဆောင်နေတဲ့ ဖုန်ကျိုင်ထိုင်း (BJT) ပါတီ အနိုင်ရခဲ့တယ်ဆိုတာ ထင်ရှားမြင်သာပြီးသား ဖြစ်ပေမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှသာ UECက တရားဝင် ရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၄၀၀ စာကို မဲဆန္ဒနယ် အသီးသီးမှာ မဲပေး ရွေးချယ်ပြီး ကွန်ဆာဗေးတစ် နိုင်ငံရေး အင်အားစု BJTက အရေအတွက် အများဆုံးအဖြစ် ၁၇၀ စာ အနိုင်ရခဲ့တယ်လို့ UECက ဆိုပါတယ်။ ပြုပြင်ပြောင်းလဲရေး အင်အားစု ပြည်သူ့ပါတီ (PP)က အမတ်နေရာ ၈၈ ခုစာနဲ့ ဖျူထိုင်းပါတီ (PTP) အမတ်နေရာ ၅၈ ခုသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ထဲက ၄၀၀ ကို ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေအလိုက် တင်မြှောက်ပြီး ကျန်တဲ့ ၁၀၀ ကိုတော့ ပါတီအလိုက် စုစုပေါင်း မဲရရှိမှုကို အချိုးကျ တွက်ချက်ပြီး ခွဲဝေပေးမှာ ဖြစ်ပါတယ်။ မဲဆန္ဒနယ် ၄၀၀ ရဲ့ မဲပေးမှုတွေထဲမှာ ၃ ခုကတော့ ပွင့်လင်းမြင်သာမှုနဲ့ ရေတွက်မှုဆိုင်ရာ မေးခွန်းထုတ်စရာ အခြေအနေတချို့ ရှိခဲ့လို့ ပြန်လည် ရေတွက်ခဲ့ရတယ်လို့လည်း UECက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

UECက ထုတ်ပြန်တဲ့ စာရင်းတွေဟာ မဲဆန္ဒနယ်အလိုက် မဲပေးထားမှုတွေသာဖြစ်ပြီး မဲအရေအတွက်အလိုက် အချိုးကျ တွက်ချက်ပြီး ခွဲဝေပေးမယ့် အမတ်နေရာတွေ မပါသေးပါဘူး။ အဲဒီနေရာတွေကိုပါ ပေါင်းလိုက်ရင် BJTဟာ အမတ်နေရာ ၁၉၀ ဝန်းကျင်လောက်ထိ ရရှိမယ်လို့ ယုံကြည်ရပါတယ်။

ထိုင်းမှာ အစိုးရဖွဲ့ဖို့ အောက်လွှတ်တော် အမတ်ဦးရေ အနည်းဆုံး ၂၅၁ ဦးရဲ့ ထောက်ခံမှုကို လိုအပ်တာကြောင့် ဘယ်ပါတီမှတော့ ကိုယ်တိုင် အစိုးရ ဖွဲ့နိုင်လောက်အောင် လုံလောက်တဲ့ အမတ်နေရာမျိုး အနိုင်မရခဲ့ကြပါဘူး။ ဒါပေမဲ့ BJT၊ PPနဲ့ ပါတီငယ်တချို့ဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ ဆွေးနွေး သဘောတူထားပြီး ဖြစ်သလို စုစုပေါင်း အမတ်နေရာ ၂၈၆ ခုထိ ထိန်းချုပ်လာနိုင်ဖွယ် ရှိနေပါတယ်။ PPကတော့ အဓိက အတိုက်အခံအဖြစ် ရပ်တည်မယ်လို့ အတည်ပြုထားပါတယ်။

ညွန့်ပေါင်း အစိုးရအဖွဲ့သစ်မှာ BJTက ဦးစီးဦးဆောင် အစုအဖွဲ့ အနေနဲ့ ရပ်တည်ပြီး အနူတင်ကပဲ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူသွားမယ်လို့ ယုံကြည်ရပါတယ်။

UECရဲ့ အဆိုအရ ထိုင်းနိုင်ငံ မြောက်ပိုင်းက မဲရုံတစ်ခုမှာတော့ မဲစာရင်းထဲက လူဦးရေနဲ့ ရရှိတဲ့ မဲစာရွက် အရေအတွက် မကိုက်ခဲ့တာကြောင့် မတ်လ ၁ ရက်နေ့မှာ မဲဆန္ဒရှင်တွေက မဲပြန်ပေးရမယ်လို့လည်း သိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာအသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အောက်လွှတ်တော် အမတ်နေရာအတွက် အနိုင်ရခဲ့ပြီး နိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံး အမတ်ဖြစ်လာမယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ စတင်ကျင်းပနေပြီး နာမည်ကြီး နိုင်ငံရေးသမားတွေ၊ ဝန်ကြီးချုပ်လောင်းတွေ၊ ပါတီခေါင်းဆောင်တွေက မဲရုံတွေမှာ အသီးသီးမဲသွားပေးခဲ့တာကိုတွေ့ရပါတယ်။

နိုင်ငံတကာ

ချွတ်ချော်မှု အခြေအနေတချို့ ကြုံခဲ့ပေမယ့်လည်း ကြိုတင်မဲပေးမှုတွေ ချောချောမွေ့မွေ့ ပြီးဆုံးခဲ့ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် (EC)က ကြေညာခဲ့ပါတယ်။