ဖေဖော်ဝါရီ – ၉ ၊၂၀၂၆
ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာအသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အောက်လွှတ်တော် အမတ်နေရာအတွက် အနိုင်ရခဲ့ပြီး နိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံး အမတ်ဖြစ်လာမယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူ ဦးဆောင်နေတဲ့ ဘွမ်ဂျိုင်ထိုင်း (BJT) ပါတီဟာ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အစုအဖွဲ့အဖြစ် ပီပီပြင်ပြင် ထွက်ပေါ်လာပြီး ရွေးကောက်ခံ အမတ်နေရာ ၁၇၅ ခုလောက်ထိ ရရှိမယ်လို့ ယုံကြည်ရပါတယ်။
BJTရဲ့ အနိုင်ရ အမတ်တွေထဲမှာ ပလွိုင်လို့ အတိုကောက် ခေါ်ဝေါ်ကြတဲ့ နတ်သီတာ လီကူဒါခွန်လည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
တရားဝင် မဲရလဒ်တွေ မကြေညာသေးပေမယ့် နတ်သီတာဟာ ဘူရီရမ်ရဲ့ မဲဆန္ဒနယ် ၂ မှာ အနိုင်ရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ သူဟာ အဲဒီ မဲဆန္ဒနယ်မှာ အနိုင်ရမယ့်သူအဖြစ် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက ရေပန်းစားနေပါတယ်။
နတ်သီတာက ဘူရီရမ် ခရိုင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖူဆစ် လီကူဒါခွန်ရဲ့ သမီးဖြစ်ပါတယ်။ ပြီးတော့ လူသိများတဲ့ ထိုင်းလွှတ်တော် အမတ်ဟောင်း နီဝင်းချစ်ချော့ဘ်ရဲ့ တူမလည်း ဖြစ်ပါတယ်။
နတ်သီတာဟာဗြိတိန်နိုင်ငံ၊ဆက်ဆက်စ်တက္ကသိုလ်ရဲ့စာရင်းကိုင်နဲ့ ဘဏ္ဍာ ရေး ဘွဲ့ရတစ်ဦးဖြစ်ပြီး Hult နိုင်ငံတကာ စီးပွားရေးကျောင်းမှာ ဘွဲ့လွန်ဒီဂရီ ရရှိထားပါတယ်။
သူယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်(၂ )ဟာ သူ့ဦးလေး ချစ်ချော့ဘ်ရဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေ အခြေစိုက်တဲ့ နယ်မြေလည်း ဖြစ်ပါတယ်။
ထိုင်းရွေးကောက်ပွဲ ကော်မရှင်ဆီက တရားဝင် မကြေညာသေးပေမယ့်လည်း BJTဟာ ဘူရီရမ်မှာလည်း မဲဆန္ဒနယ် အများစုမှာ အနိုင်ရထားတယ်လို့ သိရပါတယ်။
ကိုးကား -The Nation


















































