Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရွေးကောက်ပွဲ ဝန်ကြီးချုပ်လောင်း​တွေ၊ဝန်ကြီးချုပ်ဟောင်းတွေ၊ပါတီ​ခေါင်း​ဆောင်​တွေမဲထည့်

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ စတင်ကျင်းပနေပြီး နာမည်ကြီး နိုင်ငံရေးသမားတွေ၊ ဝန်ကြီးချုပ်လောင်းတွေ၊ ပါတီခေါင်းဆောင်တွေက မဲရုံတွေမှာ အသီးသီးမဲသွားပေးခဲ့တာကိုတွေ့ရပါတယ်။

​ဖေ​ဖော်ဝါရီ-၈၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ စတင်ကျင်းပနေပြီး နာမည်ကြီး နိုင်ငံရေးသမားတွေ၊ ဝန်ကြီးချုပ်လောင်းတွေ၊ ပါတီခေါင်းဆောင်တွေက မဲရုံတွေမှာ အသီးသီးမဲသွားပေးခဲ့တာကိုတွေ့ရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ထဲက ၄၀၀ အတွက် ရွေးချယ်တာဖြစ်ပါတယ်။ ကျန်တဲ့ နေရာပေါင်း ၁၀၀ ကိုတော့ အချိုးကျ မဲပေးမှု စနစ်အရ ခွဲတမ်းသတ်မှတ်မှာ ဖြစ်ပါတယ်။ နိုင်ငံရေး အကဲခတ်တွေကတော့ လက်ရှိ ဝန်ကြီးချုပ် အနုတင် ချန်ဗီယာကူ ဦးဆောင်နေတဲ့ ဘွမ်ဂျိုင်ထိုင်း (BJT)ပါတီ၊ ထိုင်းနိုင်ငံရေးမှာ အစဉ်အလာ ကြီးမားတဲ့ ဖျူထိုင်းပါတီ (PTP) နဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာမဲအများဆုံး ရခဲ့ပေမယ့် အစိုးရဖွဲ့ခွင့် မရခဲ့တဲ့ ရှေ့သို့ချီပါတီ (MFP)ကနေ အသွင်ကူးပြောင်းလာတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ပြည်သူ့ပါတီ (PP)တို့ပဲ အခုရွေးကောက်ပွဲမှာအဓိကသုံးပွင့်ဆိုင် အားပြိုင်ကြမယ်လို့ သုံးသပ်ထားပါတယ်။

မနက်ပိုင်းမှာတော့ PTPရဲ့ ဝန်ကြီးချုပ်လောင်း ယော့ဒ်ချာနန် ဝန်ဆာဝတ်ဟာ လက်ခ်ဆီခရိုင်၊ သွန်ဆွန်ဟွန်း ခရိုင်ခွဲမှာရှိတဲ့ မဲဆန္ဒနယ် အမှတ် ၈ ထဲက မဲရုံတစ်ခုဆီ ရောက်လာပြီး မဲထည့်ခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး ရခဲ့တဲ့ MFPကို ဦးဆောင်ခဲ့သူ ဖိထာ လင်မ်ဂျရွန်ရတ်က ဘန်ကောက်ရဲ့ ဝတ်တန်နာခရိုင်၊ ခလွန်တန်ညူရာ ခရိုင်ခွဲက မဲရုံတစ်ခုမှာ မဲထည့်ခဲ့ပါတယ်။ သူဟာ PPရဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေမှာအကူအညီပေးခဲ့တဲ့နောက်အမေရိကန်ကို ပြန်
လည်ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ မီဒီယာတွေက မဲရုံရှေ့မှာ သတင်းယူရင်း သူ့ရဲ့ အချစ်ရေးကိစ္စကို မေးတဲ့အခါဖိထာကရည်းစားရှိပါတယ်လို့ ပြန်ဖြေသွားခဲ့ပါသေးတယ်။

ထိုင်းမီဒီယာတွေက ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ အဘီဆစ် ဗီဂျာဂျီဝါနဲ့ ဆရက်သာ သာဗီဆင်တို့ မဲလာထည့်ကြတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ကြပါသေးတယ်။ အဘီဆစ်ဟာ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်းအမည် တင်သွင်း ခံထားရသူဖြစ်ပြီး ဖိထာမဲထည့်ခဲ့တဲ့ခွန်တန်ညူရာခရိုင်ခွဲထဲက စာသင်ကျောင်း တစ်ခုမှာ ဖွင့်ထားတဲ့တခြားမဲရုံမှာမဲထည့်ခဲ့ပါတယ်။

ဆရက်သာကတော့ ဘန်ကောက်ရဲ့ ခလွန်တွိုင် ခရိုင်ထဲမှာရှိတဲ့ City Lake Tower ကွန်ဒိုမီနီယမ် ကားပါကင်မှာ ဖွင့်ထားတဲ့ မဲရုံမှာ မဲသွားပေးခဲ့ပါတယ်။ သူဟာ မဲရုံကို အချစ်တော် ခွေးကလေး ချောင်ကွေနဲ့အတူ ရောက်လာပြီးမဲထည့်ခဲ့တာဖြစ်ပါတယ်။

ပြီးတော့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတဲ့ PPရဲ့ ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်း နတ်တာဖောင် ရွန်ပန်ယာဝတ်က ဘန်ကောက်မှာရှိတဲ့ တာလင်ချန် ခရိုင်၊ ဘန်ချူယက်ခ် ခရိုင်ခွဲက မဲရုံတစ်ခုမှာ မဲလာထည့်တာကိုလည်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ရဲ့ ပါတီ အမတ်နေရာ အများဆုံး အနိုင်ရခဲ့ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် (UEC)က တရားဝင် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာအသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အောက်လွှတ်တော် အမတ်နေရာအတွက် အနိုင်ရခဲ့ပြီး နိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံး အမတ်ဖြစ်လာမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ချွတ်ချော်မှု အခြေအနေတချို့ ကြုံခဲ့ပေမယ့်လည်း ကြိုတင်မဲပေးမှုတွေ ချောချောမွေ့မွေ့ ပြီးဆုံးခဲ့ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် (EC)က ကြေညာခဲ့ပါတယ်။