Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို အီရန်က ဒုံးကျည်တွေနဲ့ ပြန်လည် ပစ်ခတ်

စစ်ပွဲစတင်ခဲ့တဲ့နောက် အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်လာခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ – ၂၈ ၊၂၀၂၆

စစ်ပွဲစတင်ခဲ့တဲ့နောက် အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်လာခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို လက်ဦးမှုယူ စတင်တိုက်ခိုက်ကြောင်း အစ္စရေးက ကြေညာခဲ့သလို အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကလည်း အီရန်မှာ အကြီးစား စစ်ဆင်ရေး စတင်လိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

သတင်းတွေအရ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် မြို့ကြီး ၅ ခုထက်မနည်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် နာရီပိုင်း အကြာမှာ အီရန်ကလည်း အစ္စရေးဖက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ် IDFက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဆီ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ အီရန် ပိုင်နက်ထဲကနေ တက်လာတာကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် နိုင်ငံအနှံ့မှာ လေကြောင်းကာကွယ်ရေး အချက်ပေး စနစ်တွေကို အသက်သွင်းထားခဲ့ကြောင်း၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေရဲ့ သတိပေး ကြေညာချက်တွေကို လူထု အနေနဲ့ မျက်ခြေအပြတ်မခံဘဲ အတိအကျ လိုက်နာဖို့ တိုက်တွန်းလိုကြောင်း IDF က ကြေညာပါတယ်။

တချိန်တည်းမှာပဲ အစ္စရေး လေတပ်ဟာ နိုင်ငံပိုင်နက်ဆီ ဦးတည်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို ကြားဖြတ် ဟန့်တားဖို့ လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ ကာကွယ်ရေး အစီအမံတွေက ရာနှုန်းပြည့် အောင်မြင်မယ်လို့ မကျိန်းသေတာကြောင့် လူထုအနေနဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာ ညွှန်ကြားချက်တွေကို အထူးအလေးထား လိုက်နာဖို့လိုကြောင်းလည်း IDFက သတိပေးခဲ့ပါတယ်။

အစောပိုင်းမှာတုန်းကအီရန်အစိုးရကတကယ်လို့ နိုင်ငံပိုင်နက်ကိုသာ ထိပါးတိုက်ခိုက်တာ ခံလာရရင် အရှေ့အလယ်ပိုင်း ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကိုပါပစ်မှတ်ထားလက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

လက်ရှိမှာတော့အရှေ့အလယ်ပိုင်းမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကို အီရန် တုံ့ပြန် တိုက်ခိုက်နေပြီလား ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် စစ်သားတွေကို သုတ်သင်ပေးရင်၊ ဒါမှမဟုတ် ဖမ်းဆီးပေးရင် ဒေါ်လာ ၃ သောင်း ချီးမြှင့်မယ်လို့ အီရန်က ဆုငွေထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

Facebook