Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှင်းလင်းနိုင်ခဲ့တဲ့ အီရန် ထိပ်တန်း အရာရှိတွေ စာရင်းကို အစ္စရေးစစ်တပ် ကြေညာ

အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီ တစ်ဦးတည်းသာ မကဘဲ အီရန်ရဲ့ ထိပ်တန်း နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင် တချို့ကို ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ပြောကြားခဲ့ပါတယ်။

အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီ တစ်ဦးတည်းသာ မကဘဲ အီရန်ရဲ့ ထိပ်တန်း နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင် တချို့ကို ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ ပူးပေါင်းပြီး အစပြုခဲ့တဲ့ စစ်ပွဲအတွင်း သေဆုံးသွားပြီလို့ အတည်ပြုနိုင်တဲ့ အီရန် အရာရှိတွေထဲမှာ အီရန် ကာကွယ်ရေးဝန်ကြီး အဇစ် နာဆီဆာဒါးနဲ့ နိုင်ငံ အဓိပတိရဲ့ အဓိက စစ်ရေး အကြံပေး အရာရှိချုပ် အလီ ရှမ်ခါနီတို့ ပါဝင်ခဲ့တယ်လို့ IDFက ဆိုပါတယ်။

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေထဲမှာ ရာထူးအကြီးဆုံးလို့ ဆိုနိုင်တဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ခေါင်းဆောင် ပက်ခ်ပူအာလည်း လက်ဦးမှုယူ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း သေဆုံးသွားကြောင်း IDFက ဖော်ပြခဲ့ပါတယ်။

နောက်ထပ် သေဆုံးသူတွေအဖြစ် ခါမေနီရဲ့ စစ်ရေးဗျူရို အကြီးအကဲ မိုဟာမက် ရှီရာဇီ၊ ကာကွယ်ရေး နည်းပညာနဲ့ သုတေသနဌာန (SPND) ဥက္ကဋ္ဌ ဟူစိန် ဂျာဘယ်လ် အမီလီယန်၊ SPND ဥက္ကဋ္ဌဟောင်း ရက်ဇာ မိုဇာဖာရီ နီရာ၊ ထောက်လှမ်းရေး ယူနစ်တစ်ခုရဲ့ ခေါင်းဆောင် ဆာလာအေဆာဒီတို့ရဲ့ နာမည်စာရင်းကိုပါ IDFက ထုတ်ပြန်ခဲ့ပါတယ်။ တခြားအီရန် အရာရှိတွေကို ပစ်မှတ်ထားခဲ့တဲ့ မစ်ရှင်တွေ အောင်မြင်သလား ဆိုတာကိုလည်း ဆက်လက် စစ်ဆေး အတည်ပြုနေဆဲလို့ IDFက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးစာရင်းထဲက ရှမ်ခါနီဟာ IRGCရဲ့ ရေတပ်နဲ့ အီရန်ကြည်းတပ်ကို ဦးဆောင်ခဲ့ဖူးပြီး ခါမေနီ အားအကိုးဆုံး စစ်ရေးအကြံပေးတစ်ဦးလို့ သိရပါတယ်။ အစ္စရေးဟာ မနှစ်က ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ၁၂ ရက်ကြာ စစ်ဆင်ရေးမှာလည်း သူ့ကို လုပ်ကြံခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပက်ခ်ပူအာကတော့ အစ္စရေးကို ဖျက်ဆီးဖို့ အစီအမံ မှန်သမျှကို အတက်ကြွဆုံး ဦးဆောင်လေ့ရှိသူလို့ IDFက စွပ်စွဲခဲ့ပါတယ်။ သူဦးဆောင်နေတဲ့ IRGCဟာ ခါမေနီကို တိုက်ရိုက်သစ္စာခံပြီး အီရန်ရဲ့ ခေတ်အမီဆုံး၊ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။ အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာတွေ၊ အရှေ့အလယ်ပိုင်း ဒေသအနှံ့က အီရန်ရဲ့ ဩဇာခံ လက်နက်ကိုင် တပ်ဖွဲ့တွေကို ညွှန်ကြားတာတွေ အားလုံး ပက်ခ်ပူအာက ဦးဆောင်တယ်လို့ IDFက ပြောပါတယ်။

ရှီရာဇီက ခါမေနီရဲ့ စစ်ရေးဗျူရို အကြီးအကဲ တာဝန်ကို ၁၉၈၉ ခုနှစ် ကတည်းက ရယူထားခဲ့တဲ့ ဝါရင့် ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိတွေနဲ့ အဓိပတိ ခါမေနီကြားမှာ ပေါင်းကူးပေးတဲ့ တာဝန်ကို ရှီရာဇီက အဓိက ရယူခဲ့တယ်လို့ IDFက ဆိုပါတယ်။

အစောပိုင်းတုန်းက အီရန်ဟာ ထိပ်တန်း နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေ သေဆုံးခဲ့ကြောင်း သတင်းတွေကို ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခါမေနီ သေဆုံးမှုကို ဝန်ခံခဲ့ရပါတယ်။ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်း သေဆုံးခဲ့ကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် အီရန် အစိုးရ မီဒီယာတွေနဲ့ သူ့ရဲ့ သားဖြစ်သူကတော့ သမ္မတဟာ လုံလုံခြုံခြုံ ရှိနေကြောင်း ကြေညာထားပါတယ်။

ကိုးကား: Times of Israel

ဆက်စပ်သတင်းများ

သတင်း

အီရန်ရဲ့ နျူကလီးယား စီမံကိန်း နေရာတွေနဲ့ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် စစ်လျော်ကြေး အပါ အဝင် အီရန်အစိုးရဖက်က လိုလားတောင်းဆိုချက် ၃ ခုကို သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထောက်လှမ်းရေး သတင်းအချက်အလက် အဟောင်းတွေကို အားကိုးမိလို့ အမေရိကန်ဟာ အီရန် မိန်းကလေးကျောင်းကို မှားယွင်း တိုက်ခိုက်မိခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ စစ်အင်အားဟာ မူလ ကြိုတင် မျှော်လင့်ထားသလောက် တောင့်တင်းမှု မရှိဘူးလို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

Facebook