Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီ ဗြိတိန်က တိုက်လေယာဉ်တွေ ဖြည့်တင်းပို့ဆောင်

အီရန်စစ်ပွဲရဲ့ အရှိန်အဟုန် ပိုမို ပြင်းထန်လာချိန်မှာ ဗြိတိန်ဟာ အရှေ့အလယ်ပိုင်း ဒေသဆီ တိုက်လေယာဉ်တွေ ဖြည့်တင်း ပို့ဆောင်ထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

အီရန်စစ်ပွဲရဲ့ အရှိန်အဟုန် ပိုမို ပြင်းထန်လာချိန်မှာ ဗြိတိန်ဟာ အရှေ့အလယ်ပိုင်း ဒေသဆီ တိုက်လေယာဉ်တွေ ဖြည့်တင်း ပို့ဆောင်ထားကြောင်း သိရပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ကာတာနိုင်ငံဆီ ဗြိတိန်ရဲ့ Typhoon တိုက်လေယာဉ် ၄ စီး ထပ်မံ ပေးပို့ခဲ့တဲ့ ဆုံးဖြတ်ချက်ကို မတ်လ ၅ ရက်နေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ အီရန်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချမယ့် ခံစစ် မစ်ရှင်တွေမှာ အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ်တွေကို ကူညီသွားမှာ ဖြစ်ပါတယ်။

ဒေသတွင်း မဟာမိတ်တွေက ကာကွယ်ရေး ကဏ္ဍအတွက် အကူအညီ တောင်းတဲ့အခါ ဗြိတိန်ကလည်း ဖြည့်ဆည်းပေးခဲ့တာ ဖြစ်တယ်လို့ စတာမာက ဆိုပါတယ်။ Typhoon တိုက်လေယာဉ် ၄ စီးဟာ ကာတာမှာ ဖြန့်ကျက်ထားတဲ့ ဗြိတိန် တိုက်လေယာဉ်အုပ်ကို အားဖြည့်ပေးမှာ ဖြစ်ပြီး ကာတာနဲ့ ဒေသတွင်းက လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း စတာမာက ပြောပါတယ်။

စတာမာက အစ္စရေး၊ အမေရိကန်တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို ဗြိတိန်က ပူးပေါင်းဖို့ ငြင်းဆိုခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကာကွယ် ပြောကြားသွားပါတယ်။ အဲဒီရွေးချယ်မှုအတွက် သူ့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

စတာမာက အီရန်နျူကလီးယား ဖျက်သိမ်းရေး ကိစ္စကို သံတမန်ရေးရာ စေ့စပ်ဆွေးနွေးမှု နည်းလမ်းတွေနဲ့ပဲ ချဉ်းကပ်သင့်ကြောင်း သူ့အနေနဲ့ လက်ခံ ယူဆထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ လက်ရှိ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို အမြန်ဆုံး လျှော့ချနိုင်ရေး အားထုတ်ဖို့လည်း စတာမာက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ဟာ အီရန်မှာ ဆင်နွှဲမယ့် စစ်ဆင်ရေးတွေကို ဖော်ဆောင်ဖို့ ဗြိတိန် လေတပ်စခန်းတွေကို အသုံးပြုခွင့် တောင်းခဲ့ပေမယ့်လည်း စတာမာက ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ စတာမာက တိုက်စစ်အတွက် မဟုတ်ဘဲ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချမယ့် ခံစစ်မစ်ရှင်တွေအတွက် ဗြိတိန် လေတပ်စခန်းတွေကို အသုံးပြုဖို့ အမေရိကန်ဆီ ခွင့်ပြုပေးခဲ့ပါတယ်။

စတာမာက ဗြိတိန် အစိုးရဟာ အရှေ့အလယ်ပိုင်း တင်းမာမှုတွေ လျော့ကျစေဖို့အတွက် အစွမ်းရှိသမျှ အားထုတ်နေမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီရည်မှန်းချက်က ဘယ်အချိန် အထမြောက်မလဲ ဆိုတာကို သူ့အနေနဲ့ အတိအကျ မပြောနိုင်ကြောင်း၊ ဘယ်သူမှလည်း ပြောနိုင်မယ်လို့ မထင်ကြောင်းလည်း စတာမာက ဝန်ခံခဲ့ပါတယ်။

အီရန်အရေးမှာ စေ့စပ်ညှိနှိုင်းမှုကို ဦးစားပေးသင့်တယ်ဆိုတဲ့ ဗြိတိန်ရဲ့ ရပ်တည်ချက်ကိုလည်း ဘယ်လို ဖိအားကြောင့်မှ ပြောင်းလဲသွားစေမှာ မဟုတ်ကြောင်း သူက ဆက်ပြောပါတယ်။

ဗြိတိန်ဟာ အီရန်ကို မတိုက်ခိုက်ပေမယ့် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေဆီ အီရန်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားတဲ့ စစ်ဆင်ရေးတွေမှာတော့ ပါဝင်နေပါတယ်။ အခု သီတင်းပတ်ထဲမှာတော့ ဗြိတိန်ရဲ့ F-35 တိုက်လေယာဉ်တွေဟာ စစ်မြေပြင်မှာ ပထမဆုံး ရန်သူပစ်မှတ်ကို ချေမှုန်းမှုအဖြစ် ဂျော်ဒန် လေပိုင်နက်ထဲမှာ အီရန် ဒရုန်းတွေကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။