Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖျက်သင်္ဘောအသစ်ရဲ့ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ကင်မ်ဂျုံအွန်း စောင့်ကြည့်

ရေတပ်ရဲ့ ဖျက်သင်္ဘော အသစ်က ဒုံးကျည် လက်တွေ့ စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ကိုယ်တိုင် စောင့်ကြည့် ကွပ်ကဲခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

ရေတပ်ရဲ့ ဖျက်သင်္ဘော အသစ်က ဒုံးကျည် လက်တွေ့ စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ကိုယ်တိုင် စောင့်ကြည့် ကွပ်ကဲခဲ့ပါတယ်။

ရေတပ်မှာ စတင် အမှုမထမ်းခင် နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ စစ်သင်္ဘောရဲ့ လှုပ်ရှားမှုတွေကို ခေါင်းဆောင်ကြီးကင်မ်က နှစ်ရက်ဆက်တိုက် စောင့်ကြည့်ခဲ့သလို ဒုံးကျည် လက်တွေ့ ပစ်ခတ်မှု တစ်ခုကိုပါ ကွပ်ကဲခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ နမ်ပို သင်္ဘောကျင်းဆီ ကင်မ်က မတ်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ သွားရောက်ခဲ့ပြီး ဖျက်သင်္ဘော အသစ်ရဲ့ လှုပ်ရှားမှုတွေကို ဆန်းစစ်ခဲ့ကြောင်း KCNAက ဆိုပါတယ်။

အဲဒီ သင်္ဘောဟာ အမျိုးအစားတူ ရေယာဉ်တွေထဲမှာ ၃ စီးမြောက် ဖြစ်လာမှာပါ။ ပြီးတော့ သင်္ဘောဟာ တန်ချိန် ၅၀၀၀ လောက် အလေးချိန် ရှိပါတယ်။ မြောက်ကိုရီးယားရဲ့ ဖျက်သင်္ဘော အသစ်တွေထဲက ပထမဆုံး တစ်စီးဖြစ်တဲ့ ချိုဟွမ်ကိုတော့ ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ တရားဝင် မိတ်ဆက် ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်က အဲဒီ ဖျက်သင်္ဘောတွေမှာ ခေတ်အမီဆုံး စစ်လက်နက် စနစ်တွေ တပ်ဆင်ထားပြီး နိုင်ငံရဲ့ လက်ဦးမှုယူ တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးမယ့် အားဖြည့်မှုမျိုးအဖြစ် ရည်ညွှန်းထားပါတယ်။ KCNAရဲ့ အဆိုအရ အဲဒီ ဖျက်သင်္ဘောတွေဟာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးတွေကိုပါ ပစ်ခတ်နိုင်မယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဟာ အမျိုးအစားတူ ဒုတိယ ဖျက်သင်္ဘော တစ်စီးကို မနှစ်က မေလတုန်းက ရေချခဲ့ပေမယ့် အမှားအယွင်း တစ်ခုကြောင့် ရေချပွဲမှာတင် တိမ်းစောင်းပြီး ကိုယ်ထည်မှာ အပျက်အစီးတချို့ ဖြစ်ခဲ့ပါတယ်။ အဲဒီ အခြေအနေအပေါ် ကင်မ်က အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး ရာဇဝတ်မှုမြောက်တဲ့ တာဝန်ပေါ့လျော့မှုလို့ စွပ်စွဲခဲ့သလို အဓိက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားဟာ ချိုဟွန်းအဆင့် သတ်မှတ်ချက်ရှိတဲ့ ဖျက်သင်္ဘော အနည်းဆုံး ၄ စီးကို တည်ဆောက်ဖို့ လျာထားပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ နိုင်ငံကာကွယ်ရေးအတွက် နျူကလီးယား စစ်လက်နက်တွေ အပေါ်မှာပဲ အလွန်အကျွံ အာရုံစိုက်ခဲ့ရာကနေ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ ရေတပ်စွမ်းအားနဲ့ တခြား သမားရိုးကျ စစ်လက်နက် နည်းပညာတွေကိုလည်း ပိုမို မြှင့်တင်လာနေကြောင်း စစ်ရေး အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ လုံးဝ မပတ်သက်ကြောင်း မြောက်ကိုရီးယား အစိုးရက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယားလက်နက်တွေ ဖောက်ခွဲစမ်းသပ်တာမျိုး မလုပ်ဖို့ နိုင်ငံတကာ တောင်းဆိုမှု တစ်ခုကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေကို ထာဝရ ထိန်းသိမ်းထားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

Trending

Facebook