Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲကြောင့် ကူဝိတ်က သံရုံးကို အမေရိကန်ပိတ်ထား

ကူဝိတ်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် သံရုံးကို ပိတ်ထားလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ​ -Reuters

မတ် – ၆ ၊၂၀၂၆

ကူဝိတ်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် သံရုံးကို ပိတ်ထားလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက အတည်ပြုခဲ့ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကို အကြောင်းပြုပြီး သံရုံးပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာလို့ မတ်လ ၅ ရက်နေ့မှာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကူဝိတ် သံရုံးမှာ အမေရိကန် သံရုံးအမှုထမ်းတွေ ထိခိုက်သေဆုံးတာမျိုး မရှိသေးပေမယ့် ပြည်ပရောက် အမေရိကန် နိုင်ငံသားတွေရဲ့ လုံခြုံရေးဟာ ဝန်ကြီးဌာနရဲ့ အမြဲတမ်း ဦးစားပေးကိစ္စ ဖြစ်တာကြောင့် သံရုံးကို ပိတ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲကာလ အစောပိုင်းက အီရန်ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစ်စီးက ကူဝိတ်က ဆိပ်ကမ်းတစ်ခုနားမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းကို ထိမှန်ပြီး အမေရိကန် စစ်သည် ၆ ဦး သေဆုံးခဲ့ခြင်းကလည်း အခုဆုံးဖြတ်ချက်နဲ့ ဆက်နွှယ်နေဖွယ် ရှိပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီးတဲ့နောက် အီရန်ကလည်း ကူဝိတ်အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံတွေထဲက အမေရိကန် စစ်ရေးပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အပြင်းအထန် တုံ့ပြန် တိုက်ခိုက်နေပါတယ်။

သတင်းတွေအရ ကူဝိတ်စီးတီး မြို့တော်နားက အမေရိကန်သံရုံး တည်ရှိရာ နေရာအနီးမှာ အခုသီတင်းပတ် အစောပိုင်းတုန်းက မီးခိုးတွေ အူထွက်နေတာကို တွေ့ခဲ့ရကြောင်း မျက်မြင်တွေက ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကူဝိတ်ရောက် အမေရိကန် နိုင်ငံသားတွေကိုလည်း အမြန်ဆုံး ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန် အစိုးရက အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ လောလောဆယ် ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ကူညီ ရွှေ့ပြောင်းပေးဖို့အတွက် အရင်းအမြစ်တွေ ပိုမိုသုံးစွဲသွားမယ်လို့ ကတိပေးထားပါတယ်။

အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို ခေါ်ထုတ်ဖို့အတွက် လေယာဉ်တွေကို အစိုးရက မြန်မြန်ဆန်ဆန် ရှာဖွေ ငှားရမ်းနေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က မတ်လ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံသားတွေ အိမ်ပြန်နိုင်ရေး ထဲထဲဝင်ဝင် ကူညီပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင်က ဒေသတွင်းနိုင်ငံ ခေါင်းဆောင်တွေကို တောင်းဆိုထားကြောင်း လီယာဗစ်က ပြောဆိုသွားပါတယ်။

ကူဝိတ်နိုင်ငံရှိ အမေရိကန် သံရုံးဝန်းကျင်မှာ ပေါက်ကွဲမှု ဖြစ်ပွားတာကို မတ်လ ၂ ရက်ကတွေ့ရပုံ

ကိုးကား – Politico

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

ဂျော်ဒန်နိုင်ငံ ပိုင်နက်ထဲ အီရန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၂ ဦးသေပြီး ၁ ဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။