Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ ထိတွေ့မှုတွေ ပြန်စဖို့ ဖြစ်နိုင်ခြေကို ထရမ့်နဲ့ တောင်ကိုရီးယား ဝန်ကြီးချုပ် ဆွေးနွေး

မြောက်ကိုရီးယားနဲ့ ထိတွေ့မှုတွေ ပြန်လည် စတင်နိုင်ခြေ အလားအလာအတွက် တောင်ကိုရီးနဲ့ အမေရိကန် အစိုးရတွေကြား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနဲ့ ထိတွေ့မှုတွေ ပြန်လည် စတင်နိုင်ခြေ အလားအလာအတွက် တောင်ကိုရီးနဲ့ အမေရိကန် အစိုးရတွေကြား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တောင်ကိုရီးယား ဝန်ကြီးချုပ် ကင်မ်မင်ဆွတ်တို့ဟာ မြောက်ကိုရီးယား အစိုးရနဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ့် ဖြစ်နိုင်ခြေ အလားအလာတွေကို ရှာဖွေဖို့ ဝါရှင်တန်ဒီစီမှာ ညှိနှိုင်းတိုင်ပင်ခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမေရိကန်မှာ ထရမ့်က သမ္မတအဖြစ် ပထမသက်တမ်း တာဝန်ယူတုန်းက ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရည်မှန်းချက်တွေအတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တိုးတက်မှုတွေ ရှိမလာတဲ့အတွက် နှစ်ဖက်ကြား ညှိနှိုင်းမှုတွေလည်း ပျက်ပြယ်ခဲ့ပါတယ်။

ထရမ့်နဲ့ တွေ့ဆုံချိန်မှာတော့ တောင်ကိုရီးယား ဝန်ကြီးချုပ် ကင်မ်က ထရမ့်ဟာ မြောက်ကိုရီးယား အဓိပတိကြီးနဲ့ မျက်နှာချင်းဆိုင် စကားပြောဖူးတဲ့ တစ်ဦးတည်းသော အနောက်နိုင်ငံ ခေါင်းဆောင် ဖြစ်ကြောင်း၊ ပြီးတော့ ကိုရီးယားကျွန်းဆွယ် အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကရော သူနဲ့ဖြစ်စေ၊ အမေရိကန် အစိုးရနဲ့ဖြစ်စေ ဆွေးနွေးဖို့ ဆန္ဒရှိလောက်ပါ့မလားလို့ မေးခဲ့သလို သူ့ကိုယ်ပိုင် အမြင်တွေကိုလည်း တောင်းခံခဲ့တယ်လို့ တောင်ကိုရီးယား ဝန်ကြီးချုပ်က ယွန်ဟပ်ဆီ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူက ထရမ့်ဆီ ဘာတွေ အကြံပေးခဲ့သလဲ ဆိုတာကိုတော့ ဝန်ကြီးချုပ် ကင်မ်က တိတိကျကျ ထုတ်မပြောခဲ့ပါဘူး။ မြောက်ကိုရီးယားဆီက လတ်တလော ထုတ်ပြန်ချက်တွေရဲ့ လေယူလေသိမ်းအရ မြောက်ကိုရီးယား အစိုးရဟာ ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ဆန္ဒရှိဟန် တူတယ်လို့တော့ သူ့ရဲ့ သဘောထား အမြင်ကို ပြောပြခဲ့တယ်လို့ ဝန်ကြီးချုပ် ကင်မ်က ဆိုပါတယ်။

တောင်ကိုရီးယား အစိုးရ အရာရှိ တစ်ဦးက မတ်လ ၁၃ ရက်နေ့မှာ ထရမ့်နဲ့ ဝန်ကြီးချုပ်ကင်မ်တို့ တွေ့ဆုံခဲ့ကြတယ် ဆိုတာကို အတည်ပြုခဲ့ပေမယ့် ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ အိမ်ဖြူတော်ကလည်း ဆွေးနွေးပွဲ အကြောင်းအရာတွေ အကြောင်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကို လတ်တလော မတုံ့ပြန်သေးပါဘူး။

တောင်ကိုရီးယားမှာ သမ္မတ လီဂျေမြောင် အာဏာရလာကတည်းက မြောက်ပိုင်းမှာရှိတဲ့ ပြိုင်ဘက် ကွန်မြူနစ် နိုင်ငံနဲ့ ဆက်ဆံရေးကို ကုစားနိုင်ဖို့ ပိုပြီး ထဲထဲဝင်ဝင် အားထုတ်လာခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားကို ရန်သူနိုင်ငံလို့ အတိအလင်း သတ်မှတ်ထားသလို ဆွေးနွေးမှုတွေအတွက် လုံးဝ စိတ်မဝင်စားကြောင်း စိမ်းစိမ်းကားကား ငြင်းပယ်ထားပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Yonhap

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။