Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် လုံခြုံရေး အရာရှိချုပ် သေဆုံးသွားပြီလို့ အစ္စရေးပြော

အီရန်ရဲ့ လုံခြုံရေး အရာရှိချုပ်ကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty

အီရန်ရဲ့ လုံခြုံရေး အရာရှိချုပ်ကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။

အလီ လာရီဂျာနီဟာ ညပိုင်းအချိန် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ဆိုပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ်က ပစ်မှတ်တိတိကျကျ ချိန်ရွယ် ချေမှုန်းခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုကြောင့် လာရီဂျာနီ သေဆုံးသွားခဲ့ကြောင်း မတ်လ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

လာရီဂျာနီဟာ လက်ရှိ စစ်ပွဲကာလမှာ အီရန်ကို အမှန်တကယ် ဦးဆောင်နေသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။ သူဟာ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အပြင်းအထန် ဗုံးကြဲမှုတွေကို ဖီဆန်တဲ့ အနေနဲ့ မတ်လ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တဟီရန်မြို့တော်က ချီတက်ပွဲ တစ်ခုမှာ နောက်ဆုံးအကြိမ် လူလုံးထွက်ပြထားခဲ့ပါတယ်။

IDFရဲ့ အဆိုအရ တဟီရန်မှာရှိတဲ့ ထောက်လှမ်းရေး ဝန်ကြီးဌာန ရုံးချုပ် အပါအဝင် လုံခြုံရေးရုံး ခြံဝင်းနဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ဘာဆက်ဂျ် တပ်မရဲ့ ဌာနချုပ်တွေကို တိတိကျကျ ထောက်လှမ်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လေတပ်ရဲ့ ဗုံးကြဲမှုမှာ လာရီဂျာနီသာ မကဘဲ IRGCရဲ့ ဘာဆက်ဂျ်တပ်မ အကြီးအကဲ ဂိုလမ်ရက်ဇာ ဆိုလိုင်မာနီပါ သေဆုံးသွားခဲ့တယ်လို့ IDFက ပြောပါတယ်။

အစ္စရေးဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ စစ်ပွဲရဲ့ ပထမဆုံး နေ့မှာတင် အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီ အပါအဝင် ဒါဇင်နဲ့ချီ များပြားတဲ့ စစ်ဘက်နဲ့ အရပ်ဖက်တွေကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အီရန်အစိုးရဟာ အုပ်ချုပ်မှု ကွင်းဆက် ပြတ်တောက်မသွားအောင် ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး အစ္စရေးနဲ့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။