Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကတဲလ်အဗစ်ဗ်မြို့ကို ကလက်စတာထိပ်ဖူးတပ်ဒုံးကျည်တွေနဲ့တိုက်ခိုက်

အစ္စရေးနိုင်ငံရဲ့ တဲလ်အဗစ်ဗ်မြို့ကို အဆင့်ဆင့် ကွဲထွက်စေတဲ့ထိပ်ဖူးတပ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်းအီရန်ကထုတ်ပြန် ကြေညာခဲ့ပါတယ်။

မတ်-၁၈၊၂၀၂၆။People’s Spring

အစ္စရေးနိုင်ငံရဲ့ တဲလ်အဗစ်ဗ်မြို့ကို အဆင့်ဆင့် ကွဲထွက်စေတဲ့ထိပ်ဖူးတပ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်းအီရန်ကထုတ်ပြန် ကြေညာခဲ့ပါတယ်။

အီရန်ရဲ့ ဩဇာအကြီးဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သူ လုံခြုံရေးကောင်စီ အကြီးအကဲ အလီ လာရီဂျာနီကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့နောက် အီရန်က အခုလိုမျိုး လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အီရန်ဟာ ထိပ်ဖူးတစ်ခုကနေ ထိပ်ဖူးငယ်တွေ အများအပြား ကွဲထွက်သွားပြီး တစ်ခုထက်မကတဲ့ ပစ်မှတ်တွေကို ဖျက်ဆီးနိုင်တဲ့ Khorramshahrနဲ့ Qadr အမျိုးအစား ကလပ်စတာ ဒုံးကျည်တွေကို အသုံးပြုပြီး တဲလ်အဗစ်ဗ်မြို့ကိုတိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ သတင်းဌာနက မတ်လ ၁၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးကလည်း အဲဒီတိုက်ခိုက်မှုဟာ တဲလ်အဗစ်ဗ် မြို့လယ်နားက စစ်စခန်းတစ်ခု တည်ရှိရာ ရပ်ကွက်ကို ထိမှန်ခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် စစ်ပွဲကာလအတွင်း အစ္စရေးရဲ့ စုစုပေါင်း အသေအပျောက်ဟာ ၁၄ ဦးထိ ရှိလာခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ လာရီဂျာနီ မတိုင်ခင်တုန်းကလည်း နိုင်ငံအဓိပတိ အယာတိုလာ အလီ ခါမေနီ အပါအဝင် စစ်ဘက် အရပ်ဖက် ထိပ်တန်း ခေါင်းဆောင်တွေ အများအပြားကို လုပ်ကြံနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရန်သူတွေ နားမလည်တာက အီရန်မှာ အင်မတန် အားကောင်းတဲ့ နိုင်ငံရေး စနစ် အခြေခံရှိနေပြီးလူပုဂ္ဂိုလ်တစ်ဦတစ်ယောက်တည်းကို မှီခိုနေစရာ မလိုဘူးဆိုတာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက မတ်လ ၁၈ ရက်နေ့တုန်းက Al Jazeera သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကျဆုံးနေခြင်းဟာ အစိုးရ ယန္တရား လည်ပတ်မှုကို နှောင့်နှေးမှု လုံးဝ မဖြစ်စေကြောင်းအာရက်ချီ ဆိုပါတယ်။

အီရန်ဟာ အစ္စရေး မြို့ရွာတွေကို တိုက်ခိုက်ရာမှာ ထိပ်ဖူးငယ်တွေ အစိတ်စိတ် ကွဲထွက်ပြီး ပျံ့နှံ့ ထိခိုက်စေတဲ့ ကလက်စတာတွေကို မကြာခဏ အသုံးပြုနေကြောင်း အစ္စရေး စစ်တပ်က စွပ်စွဲ ပြောဆိုထားပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့်ကအီရန်မှာ ဆင်နွှဲတဲ့စစ်ဆင်ရေးတွေဟာရက်သိပ်မကြာနိုင်တဲ့ သဘောမျိုးအစောပိုင်းကပြောထားပေမယ့် တတိယမြောက် သီတင်းပတ်ထဲ ဝင်ရောက်လာတဲ့ထိ စစ်ပွဲရပ်တန့်မယ့်အရိပ်အယောင်တွေမတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အာရက်ချီက အီရန် အစိုးရဟာ အမေရိကန်နဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချသွားခဲ့ပြီး ဘယ်လောက်ပဲကြာကြာ ဆက်ပြီး တိုက်ခိုက်နေဖို့စိတ်ပိုင်းဖြတ်ထားကြောင်းပြောကြားသွားပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။