Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တင့်ကား ပတ်စီးခဲ့ကြတဲ့ ကင်မ်ဂျုံအွန်းတို့ သားအဖ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ သမီးဖြစ်သူတို့ တင့်ကားတစ်စီးပေါ် လိုက်ပါစီးနင်းနေတဲ့ ဗီဒီယိုကို အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

မတ် – ၂၀ ၊၂၀၂၆

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ သမီးဖြစ်သူတို့ တင့်ကားတစ်စီးပေါ် လိုက်ပါစီးနင်းနေတဲ့ ဗီဒီယိုကို အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၀ ရက်နေ့မှာ KCNA သတင်းဌာနက ဖော်ပြခဲ့တဲ့ ဗီဒီယိုမှာတော့ ကင်မ်ဟာ တင့်ကားရဲ့ သံချပ်ကာ ကိုယ်ထည်ပေါ်မှာ မှီထိုင်ရင်း လိုက်ပါလာပြီး သမီးဖြစ်တဲ့ ကင်မ်ဂျူအေးကတော့ တင့်ကားအရှေ့ဖက်က တပ်ဖွဲ့ဝင်တွေ ပစ်မှတ်ထွက်ကြည့်တဲ့ အပေါက်လေးထဲမှာ ပါလာတာကို တွေ့ခဲ့ရပါတယ်။

မတ်လ ၁၉ ရက်နေ့တုန်းက ပြုံယမ်းမြို့တော်က အမှတ် ၆၀ လေ့ကျင့်ရေးတပ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို တက်ရောက် စစ်ဆေးရင်း တင့်ကားမောင်းနှင်မှုမှာ ခေါင်းဆောင်ကြီးနဲ့ သမီးဖြစ်သူတို့ အတူလိုက်ပါ စီးနင်းခဲ့တာလို့ KCNAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဂျူအေးဟာ ဖခင်ရဲ့ မြောက်ကိုရီးယား အဓိပတိ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရသူ ဖြစ်ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ တင့်ကား၊ တင့်ကားဖျက်ဒုံးကျည်တွေကို ထည့်သွင်းအသုံးပြုခဲ့သလို ရန်သူ့ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်တဲ့၊ ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ သရုပ်တူ လေ့ကျင့်မှုတွေကိုပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တင့်ကားရဲ့ အကြမ်းပတမ်း ရှေ့တိုးမောင်းနှင်သွားမှု၊ လမ်းကြောင်းပြောင်းလိုက်တဲ့အချိန် မြေပြင်မှာ တုန်ခါသွားမှုတွေကို အဓိပတိကြီး ကင်မ်က အထူးကျေနပ်အားရနေခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။

ပြီးတော့ မြောက်ကိုရီးယားဟာ ကိုယ်ပိုင် သံချပ်ကာ တင့်ကားတွေ ထုတ်လုပ် တည်ဆောက်မှုနဲ့ နည်းပညာ အဆင့်မြှင့် မွမ်းမံမှုတွေမှာ အထူးအောင်မြင်နေတယ်လို့ ကင်မ်က ချီးကျူးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားလုပ် ပင်မ တိုက်ပွဲဝင် တင့်ကားတွေထက် ကာကွယ်ရေးစွမ်းရည် ပိုမိုထူးကဲမြင့်မားတဲ့ သံချပ်ကာ တိုက်ခိုက်ရေး ယန္တရားမျိုး ကမ္ဘာပေါ်မှာ မရှိနိုင်တာ သေချာကြောင်းလည်း ကင်မ်က ပြောဆိုသွားပါတယ်။

ကင်မ်တို့ သားအဖ လိုက်ပါစီးနင်းခဲ့တာဟာ မြောက်ကိုရီးယားလုပ် တတိယမျိုးဆက် Cheonma 2 အမျိုးအစား တင့်ကားတစ်စီးလို့ ယုံကြည်ရပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၂၀ ပြည့်နှစ်ကစလို့ အဲဒီ တင့်ကား တစ်ဒါဇင်ကျော်လောက် တည်ဆောက်ထားပြီး ဖြစ်သလို အရေအတွက် အလုံးအရင်း ထုတ်လုပ်ဖို့ စီစဉ်ထားကြောင်းလည်း ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။