Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ကာတာစစ်ဘက် ရဟတ်ယာဉ်ပျက်ကျ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်နေ

ပင်လယ်ပြင်မှာ စစ်ဘက် ရဟတ်ယာဉ်တစ်စီး ပျက်ကျသွားလို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေကြောင်း ကာတာ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ပင်လယ်ပြင်မှာ စစ်ဘက် ရဟတ်ယာဉ်တစ်စီး ပျက်ကျသွားလို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေကြောင်း ကာတာ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ရဟတ်ယာဉ်ဟာ ပုံမှန် လုပ်ဆောင်နေကျ မစ်ရှင်တစ်ခုအတွက် ပျံသန်းရင်း စက်ချွတ်ယွင်းမှုနဲ့ ကြုံတွေ့ခဲ့တာလို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ် ပါသွားတဲ့ အမှုထမ်းတွေနဲ့ ခရီးသည်တွေကို ရှာဖွေကယ်ဆယ်တဲ့ မစ်ရှင်က စတင်နေပြီလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ကာတာရဲ့ ကြေညာချက်ထဲမှာ စက်ချွတ်ယွင်းမှုကြောင့် ဆိုတာကလွဲလို့ ရဟတ်ယာဉ် ပျက်ကျမှုရဲ့ အသေးစိတ် အကြောင်းရင်းကို ဖော်ပြမထားခဲ့သလို ရန်သူပစ်ခတ်မှုကြောင့် ပျက်ကျတယ် ဆိုတာမျိုးလည်း မပါရှိခဲ့ပါဘူး။ ကာတာဟာ အရှေ့အလယ်ပိုင်း ဒေသထဲက တခြား အမေရိကန် မဟာမိတ် နိုင်ငံတွေနည်းတူ လောလောဆယ်မှာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။

ကာတာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ နိုင်ငံကမ်းလွန် ဒေသတွင်း ရေပြင်မှာ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို ရှာဖွေဖို့နဲ့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ ယူနစ်တစ်ခုကို စေလွှတ်ထားကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ် အမျိုးအစားနဲ့ လိုက်ပါသွားသူ အရေအတွက် အပါအဝင် အသေးစိတ် အချက်အလက်တွေကိုတော့ အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ရဟတ်ယာဉ် ပျက်ကျမှု အကြောင်းရင်းနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ၊ ကောလာဟလတွေ မဖြန့်ကြဖို့လည်း လူထုကို ကာတာ အစိုးရက တိုက်တွန်း မေတ္တာရပ်ခံထားပါတယ်။

ကိုးကား: Gulf News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာတာ အစိုးရက လက်ဆောင်ပေးထားတဲ့ ဇိမ်ခံလေယာဉ်ကြီးကို အမေရိကန် လွတ်လပ်ရေးနေ့မှာ သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် စတင် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကာတာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး လောင်စာဓာတ်ငွေ့ သိုလှောင်ဇုန်ကြီးမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် တိုက်လေယာဉ် နှစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ကာတာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကာတာက လှူဒါန်းထားပြီး အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ လျာထားတဲ့ လေယာဉ်ကို အတွင်းပိုင်း မွမ်းမံမှုတွေ စတင်နေပြီလို့ အမေရိကန် လေတပ်က ပြောပါတယ်။