Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ဟာ တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေပြီလို့ ယူကရိန်း သမ္မတပြော

ရုရှားရဲ့ ဆိုးရွားပြင်းထန်တဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့တဲ့နောက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာနေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ရုရှားရဲ့ ဆိုးရွားပြင်းထန်တဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့တဲ့နောက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာနေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဧပြီ ၁၅ ရက် ညပိုင်းနဲ့ ၁၆ ရက်နေ့ မနက်အစောပိုင်းက မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ ဒေသတချို့ကို ရုရှားက ဖြန့်ကျက်တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကြောင့် ကိယက်ဗ်မှာတင် လူ ၄ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့တယ်လို့ မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုက ပြောပါတယ်။

ယူကရိန်း အရှေ့တောင်ပိုင်းမှာရှိတဲ့ ဒီနီပရိုမှာလည်း ရုရှားတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေ အတော်များများ ပျက်စီးခဲ့ပါတယ်။ အဲဒီ ညပိုင်းတိုက်ခိုက်မှုဟာ အခုနှစ်အတွင်း ရုရှားလက်ချက်ကြောင့် ယူကရိန်းမှာ အသေအပျောက် အများဆုံး တိုက်ခိုက်မှု အနေနဲ့လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

International Four Freedomsဆုကို လက်ခံယူဖို့ နယ်သာလန် နိုင်ငံကို ရောက်နေတဲ့ ဇီလန်စကီးက ဒီတိုက်ခိုက်မှုမျိုးဟာ အခုမှ ကြုံလာတဲ့ အခြေအနေ မဟုတ်တော့ကြောင်း၊ ပူတင်ဟာ သူဘာလုပ်နေသလဲ ဆိုတာကို သူကိုယ်တိုင် ကောင်းကောင်း သိကြောင်း၊ သူ့ကို ဒုတိယ ကမ္ဘာစစ်ကာလ နာဇီတွေနဲ့ ကောင်းကောင်းကြီး နှိုင်းယှဉ်လို့ ရကြောင်း၊ နာဇီတွေနဲ့ တူညီတဲ့ နယ်ချဲ့ဝါဒမျိုး ပူတင်မှာ ရှိနေကြောင်း၊ နိုင်ငံတွေရဲ့ ကံကြမ္မာကို သူကပဲ ဆုံးဖြတ်ပေးတာမျိုး ပူတင်က လိုချင်နေကြောင်း စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ စစ်လိုလားတဲ့ ဝါဒကို ဆီးရီးယားနဲ့ အာဖရိကမှာလည်း ပြသခဲ့ပြီး ဖြစ်ကြောင်း၊ ဒါတွေ အားလုံးဟာ တစ်ကမ္ဘာလုံးအတွက် တကယ့် ခြိမ်းခြောက်မှုကြီး ဖြစ်လာနေကြောင်း ဇီလန်စကီးက ပြောဆိုသွားပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်း အရှေ့တောင်ပိုင်းမှာရှိတဲ့ မိုင်ကိုလာယစ်ဗ်နဲ့ ခါဆွန်တို့ အပါအဝင် မြို့တချို့မှာလည်း ဓာတ်အားတွေ ပြတ်တောက်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုနဲ့ ကြုံပြီးတဲ့ နောက်မှာတော့ ဇီလန်စကီးက မဟာမိတ် နိုင်ငံတွေ အနေနဲ့ ရုရှားအပေါ် စီးပွားရေး ဖိအားတွေ ထပ်မံ တိုးမြှင့်ပေးဖို့နဲ့ ယူကရိန်းအတွက် ကတိပြုထားတဲ့ အကူအညီတွေကို အမြန်ဆုံး ပေးပို့ကြဖို့လည်း လူမှုကွန်ရက်ပေါ်မှာ ရေးသား တောင်းဆိုခဲ့ပါသေးတယ်။

ကိုးကား: Independent

ဓာတ်ပုံ – AP, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။