Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ရဟတ်ယာဉ် ပျက်ကျပြီး ၈ ဦးသေ

အင်ဒိုနီးရှား နိုင်ငံမှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၆ ရက် မနက်ပိုင်းက အနောက် ကာလီမန်တန် ပြည်နယ်ကနေ ပျံတက်သွားပြီး ၅ မိနစ်အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားတဲ့ ရဟတ်ယာဉ်ရဲ့ အပျက်အစီးတွေကို အဲဒီနေ့မှာပဲ ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရှာဖွေရေး မစ်ရှင်မှာ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေကပါ ပူးပေါင်း ကူညီပေးခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ ကြမ်းတမ်းပြီး တောတောင်ထူတဲ့ တောင်စောင်းနေရာ တစ်ခုမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ဦးအပါအဝင် လိုက်ပါသွားသူ ၈ ဦးစလုံး သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ ပြည်တွင်းခရီးစဉ် တစ်ခုအတွက် ပျံသန်းရင်း ပျက်ကျသွားခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ဆူကာဒေါမြို့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းစုံစမ်းရေးယူနစ် အကြီးအကဲ ဇိုင်နယ်လ် အဘီဒင်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ရှာတွေ့ခဲ့တဲ့ ရုပ်အလောင်း ၈ ခုစလုံးကိုလည်း အနီးမှာရှိတဲ့ ပွန်တီယန်နက်ခ်မြို့ဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဒေသခံ လေကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ကုမ္ပဏီ Matthew Air Nusantaraက ပိုင်ဆိုင်ပါတယ်။

ကျွန်းပေါင်း ထောင်နဲ့ချီ စုဝေးဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ သယ်ယူပို့ဆောင်ရေးအတွက် လေကြောင်းခရီးစဉ်တွေအပေါ် ကြီးကြီးမားမား မှီခိုထားရပါတယ်။ ဒါပေမဲ့လည်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ လေကြောင်း သယ်ယူပို့ဆောင်မှု လုံခြုံရေး ကဏ္ဍမှာ သိပ်ပြီး စိတ်ချစရာ မဟုတ်တဲ့ မှတ်တမ်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။

ဇန်နဝါရီလတုန်းက အင်ဒိုနီးရှား ငါးလုပ်ငန်း ဦးစီးဌာနက စင်းလုံးငှားထားတဲ့ ပန်ကာတပ် လေယာဉ်တစ်စီးဟာ ဆူလာဝေဆီကျွန်းမှာ ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့ပါတယ်။ မနှစ်က စက်တင်ဘာလတုန်းကလည်း တောင်ပိုင်း ကာလီမန်တန်မှာ ရဟတ်ယာဉ်တစ်စီး ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာကြောင့် လိုက်ပါသွားသူ လေယာဉ်မှူး နှစ်ဦးနဲ့ ခရီးသည် ၆ ဦးတို့အားလုံး သေဆုံးခဲ့ပါတယ်။ နောက်ထပ် နှစ်ပတ်လောက် အကြာမှာပဲ ပါပူအာမှာ ရဟတ်ယာဉ်တစ်စီး ထပ်မံပျက်ကျပြီး လူ ၄ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: CNA
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။