Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်တစ်ဆုပ်စာ အာဏာရှင်တွေက ကမ္ဘာကြီးကို ဒုက္ခပေးနေကြောင်း ပုပ်ရဟန်းမင်း မိန့်ကြား

လက်တစ်ဆုပ်စာလောက် အာဏာရှင် တစ်စုက ကမ္ဘာကြီးကို ဒုက္ခပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့ပါတယ်။

လက်တစ်ဆုပ်စာလောက် အာဏာရှင် တစ်စုက ကမ္ဘာကြီးကို ဒုက္ခပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၆ ရက်နေ့က ကင်မရွန်းနိုင်ငံကို ရောက်ရှိနေချိန် အတောအတွင်း ပထမဆုံး အမေရိကန် နိုင်ငံသား ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ်ကြီးက အခုလို မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ လက်တစ်ဆုပ်စာလောက် အာဏာရှင် တစ်စုရဲ့ မွှေနှောက်မှုတွေကြောင့် ဒုက္ခရောက်နေကြောင်း၊ ဖျက်ဆီးဖို့ဆိုတာ ခဏလောက်သာ ကြာပေမယ့် ပြန်လည် တည်ဆောက်ဖို့ ဆိုတာက လူ့သက်တမ်းတွေနဲ့အမျှ ကြာညောင်းနိုင်တယ် ဆိုတာကို စစ်ပွဲရဲ့ ဦးဆောင်ညွှန်ကြားသူတွေက မသိချင်ယောင် ဆောင်နေကြောင်း ပုပ်လီယိုက ဆိုပါတယ်။

စစ်ပွဲတွေ ဆင်နွှဲနေတဲ့ ခေါင်းဆောင်တွေဟာ လူသတ်ဖို့၊ ဖျက်ဆီးဖို့ ဘီလီယံနဲ့ချီ များပြားတဲ့ ဒေါ်လာတွေကို အသုံးပြုနေပေမယ့် ပြန်လည်ကုစားရေး၊ ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ရှာမရ ဖြစ်နေတာကိုတော့ မျက်ကွယ် ပြုထားကြကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားပါတယ်။

ကင်မရွန်းရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ ဘာမန်ဒါမှာ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုမှာ ပုပ်ရဟန်းမင်းကြီးက တချို့ နိုင်ငံခေါင်းဆောင်တွေဟာ စစ်ပွဲတွေကို ဆင်နွှဲဖို့ ဘာသာရေးကို အကြောင်းပြချက် တစ်ခုအဖြစ် အသုံးချနေတာကိုလည်း ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဟာ ခရစ်ယာန် ဘာသာရေးအတွက် ဆိုတဲ့သဘောမျိုး အမေရိကန် အစိုးရက ဝါဒဖြန့်ခဲ့သလို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင်ကလည်း အီရန်စစ်ပွဲကို ဘုရားသခင်က ထောက်ခံမယ်လို့ သူယုံကြည်ကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်ဟာ ဘယ်လို စစ်ရေးပဋိပက္ခကိုမှ ကောင်းချီးပေးမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့တဲ့နောက် ထရမ့်က ပုပ်လီယိုဟာ အီရန်နဲ့ ပတ်သက်ရင် သဘောထား ပျော့ပျောင်းလွန်းကြောင်း ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလို သဘောထားရှိတဲ့ ပုဂ္ဂိုလ်မျိုး ပုပ်ရဟန်းမင်းနေရာ ရောက်နေတာကို သူမလိုလားဘူးလို့လည်း ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

ဘာမန်ဒါမှာတော့ ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ သဘောထားကို အခိုင်အမာ ထပ်လောင်း ပြောဆိုခဲ့ပြီး တချို့ ပုဂ္ဂိုလ်တွေဟာ ကိုယ်ပိုင် စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးအမြတ်တွေ ရရှိဖို့ ဘာသာရေးနဲ့ ဘုရားသခင်ရဲ့ နာမတော်ကို လှည့်စား အသုံးပြုနေကြောင်း၊ ဒီလုပ်ရပ်ဟာ မြင့်မြတ်တဲ့ အကြောင်းတရားတွေကို အမှောင်ထုနဲ့ ညစ်နွမ်းမှုတွေထဲ ဆွဲသွင်းနေတာနဲ့ ဘာမှမခြားကြောင်း ဝေဖန်သွားပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ပုပ်လီယိုက ဘုရားသခင်ဟာ သွေးစွန်းတဲ့ လက်တွေနဲ့ ဆုတောင်းမှုတွေကို ငြင်းပယ်လိမ့်မယ်လို့ မိန့်ကြားခဲ့ဖူးပါတယ်။ ဒါဟာ အီရန်စစ်ပွဲကို ခရစ်ယာန် သာသနာအတွက် ဆိုတဲ့ သဘောမျိုး အကြောင်းပြချက် ပေးခဲ့တဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို တိုက်ရိုက် ရည်ညွှန်းမှု ဖြစ်လိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံခဲ့ရပါတယ်။

ထရမ့်ကတော့ ပုပ်လီယိုဟာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် သဘောထား ပျော့ညံ့သူ၊ နိုင်ငံခြားရေး မူဝါဒပိုင်းမှာ ဆိုးရွားလွန်းသူလို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လူမှုကွန်ရက် မီဒီယာမှာ ထိုးနှက် ရေးသားခဲ့ပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

သတင်း

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို

သရော်စာ

ကလေးအစ၊ ခွေးအဆုံးကို အံ့ဩမင်သက်စေပြီး သာမာန်လူတွေပင် လက်မခံနိုင်သော တရားလွန်လုပ်ရပ်များကို လူတစ်ယောက်က နိုင်ငံအနှံ့လိုက်လုပ်နေသည်။လူတွေကို နေ့စဉ် သတ်ဖြတ်နေသည်။ အနီရောင်ပန်းပင်တွေကို လိုက်ခုတ်ပြီး ရုပ်တုတွေကို လိုက်ဖြိုနေသည်။ ထိုသူကို အချိန်မီဆေးတိုက်ရန်လိုအပ်နေပြီ။

အတွေးအမြင်

နိုင်ငံတကာက တီဗီဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်တဲ့အခါ ရယ်စရာ ပြက်လုံးတွေရဲ့ နောက်ကွယ်ကနေ နိုင်ငံရေးနဲ့ လူမှုပတ်ဝန်းကျင်ကို ထက်ထက်မြက်မြက် ဝေဖန်တတ်တဲ့ လူတစ်ယောက်ကို သတိထားမိကြမှာပါ။ သူကတော့ တခြားလူမဟုတ်ပါဘူး၊ CBS ရုပ်သံလိုင်းရဲ့ Late-Night Show အစီအစဉ်ကို ဦးဆောင်နေတဲ့ ကမ္ဘာကျော် ဟာသသရော်စာပညာရှင် 'Stephen...