Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်စစ်တပ်ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦး သေဒဏ်ချခံရ

တရုတ်စစ်တပ်ရဲ့ထိပ်တန်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်ကသေဒဏ်အမိန့်တွေအသီးသီးစီရင်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

သေဒဏ်အမိန့်ချခံရတဲ့ တရုတ်စစ်တပ်ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး နှစ်ဦး ဓာတ်ပုံ - CNN ၊ Global Times

မေ – ၇ ၊၂၀၂၆

တရုတ်စစ်တပ်ရဲ့ထိပ်တန်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်ကသေဒဏ်အမိန့်တွေအသီးသီးစီရင်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

ဗိုလ်ချုပ်ကြီးတွေဖြစ်ခဲ့တဲ့ဝေ့ဖန်ဟီနဲ့လီရှန်ဖူတို့နှစ်ဦးဟာအဂတိလိုက်စားမှုစွပ်စွဲချက်တွေအတွက်တရုတ်စစ်ခုံရုံးရဲ့သေဒဏ်အမိန့်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးဟောင်းတွေကို ၂ နှစ်ဆိုင်းငံ့ကာလအပြီးသေဒဏ်ပေးဖို့ ခုံရုံးက ဆုံးဖြတ်ခဲ့တာပါ။ဒါပေမဲ့ ဥပဒေစည်းမျဉ်းတွေအရတော့ဆိုင်းငံ့ကာလ အပြီးမှာသူတို့ကိုအမှန်တကယ်ကွပ်မျက်တာထက်ထောင်ဒဏ်တစ်သက် ပြောင်းလဲသွားမယ့် အခြေအနေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဝေ့နဲ့ လီတို့ဟာဗဟိုစစ်ရေးကော်မရှင်နဲ့ နိုင်ငံတော်အကြံပေးအဖွဲ့ဝင်ဟောင်းတွေ ဖြစ်ကြပါတယ်။ စစ်ခုံရုံးကဝေ့ဟာလာဘ်လာဘရယူခဲ့ပြီးလီကတော့လာဘ်ယူခဲ့သလိုကိုယ်တိုင်လာဘ်ပေးတဲ့အမှုတွေလည်းကျုးလွန်ခဲ့တယ်လို့ ခုံရုံးကဆုံးဖြတ်ခဲ့ပါတယ်။

နှစ်ဦးစလုံးဟာနိုင်ငံရေးရပိုင်ခွင့်တွေအားလုံးရာသက်ပန် ရုပ်သိမ်းခံရပြီး ပိုင်ဆိုင်မှုတွေကိုလည်း အစိုးရ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ခံခဲ့ရပါတယ်။

ဥပဒေတွေအရ ၂ နှစ် ဆိုင်းငံ့ကာလပြီးရင် သူတို့ရဲ့ သေဒဏ်စီရင်ချက်ဟာ ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီးအဲဒီလျှော့ပေါ့မှုနောက်ပိုင်း အယူခံဝင်တာ၊ ပြစ်ဒဏ်ကာလ လျှော့ချပေးတာတွေ ခံစားခွင့် ရှိမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

အသက် ၇၂ နှစ်အရွယ်ဝေ့ဟာ ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်ထိ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အသက် ၆၈ နှစ်အရွယ် လီကတော့ ၂၀၂၃ ခုနှစ်မှာ အဲဒီ ရာထူးကို ၇ လသာ ရယူပြီး ဖယ်ရှားခံခဲ့ရပါတယ်။

ကိုးကား – Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအပြီး သေဆုံးသူဦးရေ ထပ်တိုးလာနေပြီး လူပေါင်း ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။