Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ တရုတ် ခရီးစဉ်အပြီး ရက်ပိုင်းအကြာမှာ ပူတင်ကို ဧည့်ခံမယ့် ရှီကျင့်ဖျင်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ် ခရီးစဉ်အပြီး ရက်ပိုင်း အကြာမှာပဲ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုလည်း ဧည့်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ် ခရီးစဉ်အပြီး ရက်ပိုင်း အကြာမှာပဲ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုလည်း ဧည့်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပူတင်ဟာ ဘေဂျင်းမြို့ကို မေလ ၁၉ နဲ့ ၂၀ တို့မှာ နှစ်ရက်ကြာ သွားရောက်ပြီး ရှီနဲ့ တွေ့ဆုံမယ်လို့ ရုရှား အစိုးရ ရုံးစိုက်တဲ့ ကရင်မလင် နန်းတော်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပါတယ်။

ထရမ့်က တရုတ်နိုင်ငံနေ ပြန်လည် ထွက်ခွာသွားပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ ပူတင်လည်း ဘေဂျင်းကို သွားရောက်မယ့်အကြောင်း ရုရှားဖက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခရီးစဉ် အတောအတွင်းမှာတော့ ထရမ့်ဟာ အီရန်စစ်ပွဲကိစ္စ၊ ထိုင်ဝမ်အရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ကဏ္ဍတွေအတွက် ရှီနဲ့ ဆွေးနွေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကရင်မလင် နန်းတော် ထုတ်ပြန်ချက်မှာတော့ ပူတင်ရဲ့ တရုတ် ခရီးစဉ်ဟာ ၂၀၀၁ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ရုရှား-တရုတ် ချစ်ကြည်ရေး စာချုပ်ရဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေကြောင်း ပါရှိခဲ့ပါတယ်။

ရှီနဲ့ ပူတင်တို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအပြင် နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စတွေကို ရင်းရင်းနှီးနှီး ညှိနှိုင်း တိုင်ပင်ကြမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အကဲခတ်တွေကတော့ ၂၀၂၂ ခုနှစ်၊ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ရုရှားနဲ့ တရုတ်တို့ကြားက ဆက်ဆံရေးဟာ သိသိသာသာ တိုးတက်လာတယ်လို့ သုံးသပ်ထားပါတယ်။

မနှစ်က စက်တင်ဘာလတုန်းက ပူတင်ဟာ တရုတ်ကို အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ပြီး ရှီက သူ့ကို မိတ်ဆွေဟောင်းကြီးလို့ ရည်ညွှန်းခဲ့သလို ပူတင်ကလည်း ရှီကို ချစ်လှစွာသော မိတ်ဆွေကြီးလို့ သုံးနှုန်းခဲ့ပါတယ်။

ပူတင်ဟာ အခုနှစ်ကုန်ပိုင်း၊ နိုဝင်ဘာလကျရင်လည်း တရုတ်နိုင်ငံ ရှန်ဇန်းမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်)ရဲ့ ထိပ်သီး ညီလာခံကို တက်ရောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူသုံးများတဲ့ messaging ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Telegramကို ထူထောင်ခဲ့သူကို ရုရှားက အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ စွဲချင်တင်ခဲ့ပါတယ်။