Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်-ရုရှား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေ ချီးကျူး

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မေလ ၁၉ ရက် ညပိုင်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ နိုင်ငံတော် အလည်အပတ် ခရီးစဉ် ရောက်ရှိလာတဲ့နောက် မေလ ၂၀ မှာတော့ အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။

ဘေဂျင်းမှာရှိတဲ့ ပြည်သူ့ခန်းမဆောင်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ပူတင်က တရုတ်နဲ့ ရုရှားကြားက အပေါင်းလက္ခဏာဆောင်ပြီး အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ချီးကျူးနေတာကို ရုရှား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အနှောင့်အယှက် သဘောဆန်တဲ့ ပြင်ပ စွက်ဖက်မှုတွေ ရှိနေတဲ့တိုင် နှစ်နိုင်ငံကြား စီးပွားရေးနဲ့ တခြား ပူးပေါင်း ဆောင်ရွက်မှုတွေဟာ အပေါင်းလက္ခဏာဆန်ပြီး အရှိန်အဟုန်နဲ့ အားကောင်းကောင်း ဆက်လက် တိုးတက်နေတာကို သက်သေပြနိုင်ခဲ့တယ်လို့ ပူတင်က ရှီကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှီကလည်း တရုတ်-ရုရှား ဆက်ဆံရေးရဲ့ မယိမ်းမယိုင် တည်တံ့ခိုင်မာမှုကို အထူး ချီးကျူးခဲ့တယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဆီ ပူတင် ဆိုက်ရောက်လာချိန်မှာ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဂုဏ်ပြု တပ်ဖွဲ့နဲ့အတူ ကြိုဆိုခဲ့ပါတယ်။ မေလ ၂၀ ရက်နေ့မှာတော့ ရှီကိုယ်တိုင် ပူတင်ကို နှုတ်ဆက်ပြီး တရားဝင် ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

တရုတ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရှီနဲ့ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တစ်ပတ် မပြည့်ခင်မှာ ပူတင်ကလည်း ဘေဂျင်းကို ရောက်လာခဲ့တာပါ။

ပူတင်ရဲ့ ခရီးစဉ်ဟာ တရုတ်-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုမှု ၂၅ နှစ်ပြည့် အထိမ်းအမှတ် ကာလနဲ့လည်း သက်ဆိုင်နေပါတယ်။

ပူတင်ဟာ မနှစ်က စက်တင်ဘာလတုန်းက တရုတ်နိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ဖူးပြီး အဲဒီတုန်းက တိယန်ကျင့်မြို့မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ခဲ့တာဖြစ်သလို ရှီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။