Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယားမှာ စစ်မှုမထမ်းမနေရ ဥပဒေ စတင် အသက်ဝင်ပြီလို့ ဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားရဲ့ စစ်မှု မထမ်းမနေရ ဥပဒေဟာ လက်တွေ့စတင် အသက်ဝင်လာပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကမ္ဘောဒီးယားရဲ့ စစ်မှု မထမ်းမနေရ ဥပဒေဟာ လက်တွေ့စတင် အသက်ဝင်လာပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားမှာ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၀၆ ခုနှစ် ကတည်းက ပြဋ္ဌာန်းထားခဲ့ပေမယ့် ဘယ်တုန်းကမှ လက်တွေ့ အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။ မနှစ်က နယ်စပ် အငြင်းအခုံတွေကို အကြောင်းပြုပြီး ထိုင်းနဲ့ နှစ်ကြိမ် စစ်ပွဲ ဖြစ်ပွားပြီးတဲ့ အခါမှာတော့ ကမ္ဘောဒီးယားဟာ ၂၀၀၆ ဥပဒေဟောင်းကို ပြင်ဆင်ခဲ့ပြီး သတ်မှတ်ချက် အသစ်တွေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ကမ္ဘောဒီးယား လွှတ်တော်ဟာ အဲဒီ စစ်မှုမထမ်းမနေရ ဥပဒေသစ်ကို တရားဝင် ထောက်ခံ ပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေသစ်အရ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို တိမ်းရှောင်ရင် ထောင်ဒဏ် ၅ နှစ်ထိ ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးတွေ ချမှတ်နိုင်ကြောင်း ပြင်ဆင် သတ်မှတ်ထားပါတယ်။

မေလ ၂၅ ရက်နေ့မှာတော့ ဟွန်မာနတ်က ကမ္ဘောဒီးယားမှာ စစ်မှုမထမ်းမနေရ ဥပဒေ စတင် အသက်ဝင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ကမ္ဘောဒီးယား ဘုရင် နိုရိုဒွမ် ဆီဟာမိုနီက ဆီးကြိတ်ကင်ဆာကြောင့် တရုတ်မှာ ကုသမှုတွေ သွားရောက် ခံယူနေချိန်မှာ ဟွန်မာနတ်ရဲ့ ဖခင် လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်းက နိုင်ငံရဲ့ ယာယီ အကြီးအကဲအဖြစ် တာဝန်ယူပြီး အဲဒီ ဥပဒေသစ်ကို တရားဝင် လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၀၆ ဥပဒေဟောင်းဟာ မျက်မှောက်ခေတ်နဲ့ ကိုက်ညီမှု မရှိတော့ဘူးလို့ ယူဆတဲ့အတွက် ကဏ္ဍ ၈ ခုနဲ့ အပိုဒ်ခွဲ ၂၀ ပါတဲ့ ဥပဒေသစ်ကို ပြင်ဆင်ခဲ့တာ ဖြစ်တယ်လို့ ဟွန်မာနတ်က ပြောပါတယ်။ ဥပဒေသစ်အရ ကမ္ဘောဒီးယားက အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား အမျိုးသားတွေဟာ ၂ နှစ်ကြာ စစ်မှုထမ်းရမှာ ဖြစ်ပြီး အမျိုးသမီးတွေကတော့ ဆန္ဒအလျောက် စစ်မှုထမ်းခွင့် ရှိပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေဟာ ရက်ပေါင်း ၃၀ အတွင်း သတင်းပို့ရမှာဖြစ်ပြီး ပျက်ကွက်ရင်တော့ စစ်မှုထမ်းဖို့ ရှောင်လွှဲတယ်လို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ စစ်မက် ကင်းမဲ့နေတဲ့ ကာလမှာ အဲဒီလို တိမ်းရှောင်သူတွေဟာ ထောင်ဒဏ် ၆ လနဲ့ ၂ နှစ်ကြား ကျခံရနိုင်ပြီး တခြားနိုင်ငံ တစ်ခုနဲ့ စစ်ဖြစ်နေချိန်မျိုး ဆိုရင်တော့ ပြစ်ဒဏ်ကာလဟာ ၂ နှစ်ကနေ ၅ နှစ်ထိ မြင့်တက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ ၂၅၀၀ ကြားလောက်ထိ များပြားတဲ့ ဒဏ်ကြေးမျိုးနဲ့ပါ ရင်ဆိုင်ရမှာပါ။

ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန် ဓမ္မဆရာတွေ၊ မသန်စွမ်းသူတွေ၊ သိပ္ပံနဲ့ နည်းပညယဆိုင်ရာ အထူးပြု ကျွမ်းကျင်ပညာရှင်တွေကိုတော့ စစ်မှုထမ်း ကင်းလွတ်ခွင့် ပေးထားပါတယ်။

လဆန်းပိုင်းတုန်းက လွှတ်တော် အမတ်တွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ဟွန်မာနတ်က အဲဒီဥပဒေဟာ ကမ္ဘောဒီးယား လူငယ်တွေကြားမှာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို ပျိုးထောင်ပေးဖို့ အခြေခံကောင်း ဖြစ်လာစေမယ်လို့ မှတ်ချက်ပေးသွားပါတယ်။ အဲဒီအခါ လူငယ်တွေဟာ နိုင်ငံကို ကာကွယ်ဖို့ တပ်ထဲဝင်ချင်စိတ်တွေ နိုးကြားလာမယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...