Connect with us

Hi, what are you looking for?

နိုင်ငံတကာ

3 Body Problemစီးရီးထုတ်လုပ်သူ ဘီလီယံနာ သူဌေးအားအဆိပ်ခတ်သတ်ခဲ့သူကိုတရုတ်ကွပ်မျက်

တရုတ်မှာ ဘီလီယံနာ သူဌေးတစ်ဦးကို အဆိပ်ခတ်လုပ်ကြံခဲ့တဲ့ရှေ့နေတစ်ဦးကိုသေဒဏ်ပေး ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

Netflixရဲ့ နာမည်ကြီး စီးရီးတစ်ခုဖြစ်တဲ့ 3 Body Problemရဲ့ ထုတ်လုပ်သူဖြစ်တဲ့ အဆိပ်ခတ်သတ်ခံခဲ့ရတဲ့ လင်းရှီ

​မေ-၂၈၊၂၀၂၆။People’s Spring

တရုတ်မှာ ဘီလီယံနာ သူဌေးတစ်ဦးကို အဆိပ်ခတ်လုပ်ကြံခဲ့တဲ့ရှေ့နေတစ်ဦးကိုသေဒဏ်ပေး ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

Netflixရဲ့ နာမည်ကြီး စီးရီးတစ်ခုဖြစ်တဲ့ 3 Body Problem ထုတ်လုပ်မှုမှာ အကူအညီ ပေးခဲ့ဖူးတဲ့ ဂိမ်းလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး လင်းရှီဟာ ၂၀၂၀ ပြည့်နှစ်၊ ခရစ္စမတ်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ သူအစပျိုး ကူညီပေးခဲ့ဖူးတဲ့3 Body Problemစီးရီးကတော့ နောက်ထပ် ၄ နှစ်လောက် အကြာမှာ Netflixရဲ့ အအောင်မြင်ဆုံး စာရင်းဝင်စီးရီးတစ်ခုအဖြစ် ရုပ်လုံးပေါ်လာခဲ့ပါတယ်။

လင်းဟာ အဲဒီနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက နာမကျန်း ဖြစ်လာတဲ့နောက် ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆေးသောက်ခဲ့ပါတယ်။ဒါပေမဲ့ အခြေအနေ တိုးတက်မလာတဲ့အခါ ဆေးရုံတက်ခဲ့ရပြီး ဆရာဝန်တွေကလူနာမှာအဆိပ်မိထားတယ်လို့ ကောကချက်ချခဲ့ပါတယ်။သူနဲ့အတူ 3 Body Problemရဲ့ အမှုဆောင် ပရိုဂျူဆာ ဖြစ်လာမယ့် ကျောက်ကျိလောင်နဲ့ ဇနီးဖြစ်သူတို့လည်း အဆိပ်ခတ် ခံခဲ့ရပေမယ့် အသက်မသေခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

လင်ကွယ်လွန်သွားတဲ့နောက် ရဲတွေက သေမှုသေခင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဆိပ်ခတ်တဲ့ လက်သည်ကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့အတွက် အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ရှေ့နေရှုယောင် ကိုခြေရာခံမိသွားခဲ့ပါတယ်။ရှုဟာ အားဆေးလို့ လိမ်ညာထားတဲ့ ဆေးတောင့်ဘူးကို လက်ဆောင်ပေးခဲ့ပါတယ်။တကယ်တော့အဲဒီ ဆေးတွေဟာ dark webကနေ သူရှာဖွေဝယ်ယူပြီးကိုယ်ပိုင် ဓာတ်ခွဲခန်းမှာ ပြုပြင်ထားတဲ့ အဆိပ်တွေ ဖြစ်ပါတယ်။

ရှုဟာ စာရေးဆရာ လျုစီရှင်းရဲ့ နာမည်ကျော် သုံးအုပ်တွဲ ဝတ္ထုဖြစ်တဲ့ 3 Body Problem မူပိုင်ခွင့်တွေလင် ဝယ်ယူနိုင်အောင် ကူညီပေးခဲ့ဖူးပါတယ်။ ရှုကို ရဲတွေက ဖမ်းဆီးပြီးတဲ့နောက် လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ရှန်ဟိုင်း တရားရုံး တစ်ခုက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး သေဒဏ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

စီရင်ချက်ချမှတ်ပြီး ၂ နှစ်အကြာ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ရှုကို သေဒဏ်စီရင် ကွပ်မျက်ခဲ့ပြီး ဖြစ်တယ်လို့ တရုတ် အစိုးရ သတင်းဌာန တစ်ခုက မေလ ၂၆ ရက်နေ့မှာ စတင် ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို ကြားသိပြီးတဲ့နောက် တစ်ချိန်က လင်းပိုင်ဆိုင်ခဲ့ဖူးတဲ့ 3 Body Universe ကုမ္ပဏီက တရားမျှတမှုကို အမှန်တကယ် ဆောင်ကြဉ်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Netflixက 3 Body Problemကိုစီးရီးအဖြစ် ရိုက်ကူးထုတ်လုပ်မယ်လို့ ကြေညာပြီး လအနည်းငယ် အကြာမှာပဲ လင်းဟာ အဆိပ်ခတ်လုပ်ကြံခံခဲ့ရတာပါ။ သူကွယ်လွန်ချိန်မှာ အသက် ၃၉ နှစ်ပဲ ရှိခဲ့ပါသေးတယ်။

တရားရုံးစစ်ဆေးချက်တွေအရလင်း နဲ့ ရှုတို့ဟာ ကုမ္ပဏီ စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲတာတွေ ဖြစ်ခဲ့တဲ့နောက် အခုလို လုပ်ကြံမှု ဖြစ်ပေါ်လာတာလို့ သိရပါတယ်။တရုတ်မှာ မီဒီယာ ဆင်ဆာဖြတ်မှုတွေအရမ်းကြမ်းတမ်းတဲ့တိုင်အောင် အဲဒီ လုပ်ကြံမှု သတင်းကိုလူအများ အထူးစိတ်ဝင်စားခဲ့သလို ရှုရဲ့ အကြံအစည် အသေးစိတ်တွေ အကြောင်းကိုလည်းလူမှုကွန်ရက်တွေမှာ ရေးသားခဲ့ပါတယ်။

ရှုဟာ ရှန်ဟိုင်း ဆင်ခြေဖုံးမှာ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ပြီ dark webကနေ မှာယူထားတဲ့ အဆိပ် အမျိုးပေါင်း ၁၀၀ ကျော်ကို ရောစပ်ပြီး စမ်းသပ်ခဲ့ကြောင်း၊ အဲဒီ အဆိပ်တွေကို ကြောင်တွေ၊ ခွေးတွေနဲ့ တခြားတိရစ္ဆာန်တွေမှာ လက်တွေ့ စမ်းသပ်တာတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

သူက လင်း ကိုသာမကဘဲ ကျောက်နဲ့ ဇနီးဖြစ်သူ၊ ဒါ့အပြင် သူနဲ့ အစေးမကပ်တဲ့ တခြား ကုမ္ပဏီ အမှုဆောင် ၂ ဦးကိုပါ အဆိပ်ခတ်ခဲ့ပေမယ့် လင်းကလွဲပြီး ကျန်တဲ့ ၄ ဦးကတော့ အသက်ရှင်ခဲ့ပါတယ်။

သူဟာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာကနေ ဒီဇင်ဘာလအတွင်း ပစ်မှတ်ဖြစ်သူတွေ သောက်လေ့ရှိတဲ့ ကော်ဖီကပ်ဆူးတောင့်တွေ၊ ဝီစကီ ပုလင်းတွေ၊ ရေပုလင်းတွေထဲမှာ မီသိုင်းမာကျူရီ အဆိပ်တွေ ခတ်ထားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ ဓာတ်ပစ္စည်းဟာ ပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြစ်ပြီး မျိုချမိရင်၊ ရှူရှိုက်မိရင်၊ နောက်ဆုံး ထိမိကိုင်မိရင်တောင် အသက်ဆုံးရှုံးနိုင်ပါတယ်။

လင်းကိုတော့ သူက အဆိပ်ကို ဆေးတောင့်တွေထဲ ထည့်ပြီး အားဆေးအဖြစ် လိမ်လည် လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုးကား- CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။