Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ဝါဒကို ပြန်အသက်သွင်းနေကြောင်း တရုတ် စွပ်စွဲချက်ကို ဂျပန် ကာကွယ်ရေးဝန်ကြီး ပယ်ချ

စစ်ဝါဒကို ပြန်အသက်သွင်းနေတယ်ဆိုတဲ့ တရုတ်ရဲ့ စွပ်စွဲချက်ကို ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက ငြင်းပယ်သွားခဲ့ပါတယ်။ တကယ်တမ်းမှာတော့ တရုတ်ကသာ စစ်ရေးအင်အားကို ပွင့်လင်းမြင်သာတဲ့ အခြေအနေမျိုးနဲ့ မဟုတ်ဘဲ အလျင်အမြန် ချဲ့ထွင်နေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ - Reuters

စစ်ဝါဒကို ပြန်အသက်သွင်းနေတယ်ဆိုတဲ့ တရုတ်ရဲ့ စွပ်စွဲချက်ကို ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက ငြင်းပယ်သွားခဲ့ပါတယ်။ တကယ်တမ်းမှာတော့ တရုတ်ကသာ စစ်ရေးအင်အားကို ပွင့်လင်းမြင်သာတဲ့ အခြေအနေမျိုးနဲ့ မဟုတ်ဘဲ အလျင်အမြန် ချဲ့ထွင်နေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှတိုက်ရဲ့ အကြီးဆုံး ကာကွယ်ရေး မူဝါဒ အစည်းအဝေးဖြစ်တဲ့ ရှန်ဂရီလာ တွေ့ဆုံပွဲမှာ ကိုအိဇုမိက တရုတ်ကို အခုလို တန်ပြန် ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ချဉ်းကပ်ပုံတွေ၊ စစ်ရေးလှုပ်ရှားမှုတွေဟာ ဂျပန်ကိုသာ မကဘဲ နိုင်ငံတကာ အသိုက်အဝန်းကိုပါ တပြိုင်တည်းမှာ စိတ်ပူပန်မှုတွေ ဖြစ်စေကြောင်း သူက ဆိုပါတယ်။

တရုတ် အစိုးရက ဂျပန်မှာ စနအဲ တကအိချိ ဝန်ကြီးချုပ် ဖြစ်လာတဲ့နောက်ပိုင်း စစ်ဝါဒကို ပြန်လည် အသက်သွင်းနေပြီလို့ ဝေဖန်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်က အစဉ်အလာအရ ဆွဲကိုင်ခဲ့တဲ့ စစ်အင်အား ချဲ့ထွင်မှု ဆန့်ကျင်ရေး မူဝါဒတွေကို တကအိချိရဲ့ အစိုးရက စွန့်ခွာလာတဲ့နောက် တရုတ်က အခုလို စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတစ်ခုဟာ နျူကလီးယား လက်နက်တိုက် အကြီးကြီး တစ်ခုနဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုနိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ရှိနေပြီး ဂျပန်မှာတော့ အဲဒီလို လက်နက်မျိုး ဘာတစ်ခုမှ မရှိကြောင်း၊ ဒါပေမဲ့ အဲဒီနိုင်ငံကပဲ ဂျပန်ဟာ စစ်ဝါဒကို ပြန်အသက်သွင်းပါတယ်လို့ တံဆိပ်ကပ်တာက ဓမ္မဓိဋ္ဌာန် ကျရဲ့လားဆိုတာ ရိုးရိုးလေး စဉ်းစားကြည့်သင့်ကြောင်း ကိုအိဇုမိက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားတဲ့နောက်ပိုင်း ဂျပန်ဟာ ကုလသမဂ္ဂ ပဋိညာဉ် အပါအဝင် နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို အစဉ်တစိုက် လေးစားလိုက်နာခဲ့ကြောင်း၊ လွတ်လပ်တဲ့ နိုင်ငံတကာ တည်ငြိမ်မှု အခင်းအကျင်း တစ်ခုကို ထိန်းသိမ်းဖို့နဲ့ အားဖြည့်ဖို့လည်း အမြဲတမ်း ကြိုးစားခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

မေလထဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံတွေ အနေနဲ့ ဂျပန်ရဲ့ အဆင်ခြင်မဲ့၊ အထိန်းအကွပ်မဲ့ အရှိန်မြှင့်လာတဲ့ ခေတ်သစ် စစ်ဝါဒကို ပူးပေါင်း ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဂျပန်မှာ တကအိချိ ဝန်ကြီးချုပ် ဖြစ်လာချိန် ကတည်းက အရှေ့အာရှ အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ သိသိသာသာ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ တကအိချိက တကယ်လို့ ထိုင်ဝမ်ကို တရုတ်က စစ်ပြုတိုက်ခိုက်မယ်ဆိုရင် ထိုင်ဝမ်ကိုကူဖို့ ဂျပန်ကလည်း တပ်တွေ စေလွှတ်ပေးမယ်လို့ ပြောကြားခဲ့တဲ့နောက် တရုတ်က ခါးခါးသီးသီး တုံ့ပြန်ခဲ့သလို ဂျပန်အစိုးရက စစ်ဝါဒ လိုလားတယ်ဆိုတဲ့ စွပ်စွဲချက်ကို စတင် သုံးနှုန်းလာခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် ရှန်ဂရီလာ တွေ့ဆုံပွဲကိုလည်း တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင်ကျုံက ၂ နှစ်ဆက်တိုက်အဖြစ် မတက်ရောက်ခဲ့ပါဘူး။ ကိုအိဇုမိက ဂျပန်ဟာ အာရှ-ပစိဖိတ် ဒေသတွင်းမှာ ကာကွယ်ရေး ပစ္စည်းတွေ ထုတ်လုပ် တင်ပို့မှုအတွက် ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းမှာ အခန်းကဏ္ဍသစ် တစ်ခုကနေ ပါဝင်လာချင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဧပြီလမှာ ဂျပန်ဟာ ဆယ်စုနှစ်တွေ အတော်များများအတွင်း အကြီးမားဆုံး ကာကွယ်ရေး နည်းပညာ တင်ပို့မှု မူဝါဒ အပြောင်းအလဲကို ကြေညာခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ပြည်ပကို စစ်လက်နက်တွေ မတင်ပို့ရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ရွေးချယ်ထားတဲ့ မိတ်ဖက် နိုင်ငံတချို့ဆီ စစ်သင်္ဘောတွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တခြားစစ်လက်နက်တွေ ရောင်းချခွင့်ကို လမ်းဖွင့်ပေးလိုက်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။