Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သက်ဆင်ရဲ့ လက်ကျန် ခြေချုပ်ပြစ်ဒဏ်ကို ပယ်ဖျက်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိပြီး လက်ကျန် ခြေချုပ်ကာလ သတ်မှတ်ချက်ကနေ ပယ်ဖျက်ပေးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိပြီး လက်ကျန် ခြေချုပ်ကာလ သတ်မှတ်ချက်ကနေ ပယ်ဖျက်ပေးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

ဇွန်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းဘုရင့်မိဖုရား စုသီဒါရဲ့ မွေးနေ့အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်တွေ ထုတ်ပြန် ကြေညာခဲ့တဲ့ စာရင်းမှာ သက်ဆင်ရဲ့ နာမည် ပါဝင်လာခဲ့ကြောင်း တရားရေးဝန်ကြီး ဒုတိယ ရဲမှူးကြီး ရူသာပေါင် နောင်ဝါရတ်က ပြောပါတယ်။ ဒါပေမဲ့ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရသူ ဘယ်နှယောက် ရှိသလဲ ဆိုတာကိုတော့ သူက အတိအကျ ထုတ်မပြောခဲ့ပါဘူး။

လွတ်ငြိမ်းချမ်းသာခွင့်က သက်ဆင်အပေါ် ဘယ်လို သက်ရောက်မှု ရှိစေမှာလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ ရူသာပေါင်က ဝန်ကြီးချုပ်ဟောင်း သူ့အပေါ် ချမှတ်ထားတဲ့ စီရင်ချက် ပြစ်ဒဏ် မှန်သမျှ အားလုံးကနေ ချက်ချင်းလက်ငင်း ကင်းလွတ်ခွင့် ရသွားမှာ ဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

သက်ဆင်ဟာ အရင်က ချမှတ်ခံခဲ့ရတဲ့ ပြစ်ဒဏ်ကို အကျဉ်းထောင်အစား ဆေးရုံတစ်ခုမှာ ကုန်ဆုံးစေခဲ့တဲ့ ကိစ္စကြောင့် အမှုပြန်စစ်တာကို ခံယူပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၈ လအကြာမှာတော့ သူဟာ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်လည် လွတ်မြောက်လာခဲ့ပြီး လက်ကျန် ၄ လကို ခြေချုပ်ကာလအဖြစ် ဖြတ်သန်းနေရပါတယ်။ ဇွန်လ ၃ ရက်နေ့မှာတော့ သူ့ရဲ့ ခြေချုပ်ပြစ်ဒဏ်ကာလဟာ ၁ လနဲ့ ၁၀ ရက် ကျန်နေဆဲပါ။

Public Service Announcement

Public Service Announcement

ဥပဒေပုဒ်မ ၈ အရ သက်ဆင်ဟာ ပြစ်ဒဏ်ကာလ ၁ နှစ်အောက်သာ ကျန်တော့တာမို့ ချက်ချင်း လွတ်ငြိမ်းခွင့်ရခဲ့ကြောင်း ရူသာပေါင်က ဆိုပါတယ်။ သက်ဆင်ရဲ့ လှုပ်ရှားသွားလာတဲ့ နေရာတွေကို ခြေရာခံတဲ့ အီလက်ထရောနစ် ခြေချုပ် ကိရိယာကို ဖြုတ်ပေးတော့မှာလားဆိုတဲ့ မေးခွန်းတွေကိုလည်း ချက်ချင်းဖြုတ်ပေးမယ်လို့ ဝန်ကြီးက ပြန်ဖြေသွားပါတယ်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခံစားခဲ့ရတဲ့ သက်ဆင်အတွက် ဂုဏ်ပြုကြောင်း ပြောပေမယ့် အဲဒီထက်တော့ ဘာမှပိုပြီး မှတ်ချက် မပေးခဲ့ပါဘူး။

အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ဝန်ကြီးချုပ် ကာလအတွင်း လုပ်ပိုင်ခွင့် အလွဲသုံးစားမှု၊ အကျိုးစီးပွားရှုပ်ထွေးမှုလို့ စွပ်စွဲချက်တွေအတွက် မူလချမှတ်ခံရတဲ့ ပြစ်ဒဏ် ၁ နှစ်ကို ကာလရှည်ကြာ ဆေးရုံတက်ရင်း ကုန်ဆုံးစေခဲ့တဲ့ အမှုအတွက် ပြီးခဲ့တဲ့နှစ်မှာ အစားထိုးထောင်ဒဏ် ချမှတ် ခံခဲ့ရတာပါ။ တရားရုံးချုပ်က သက်ဆင်ရဲ့ ဆေးရုံ VIPခန်းထဲမှာ ကုန်ဆုံးခဲ့တဲ့ ကာလတွေကို ပြစ်ဒဏ်ခံယူမှုအဖြစ် မယူဆကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Bangkok

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook