Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာမယ့်သီတင်းပတ်မှာ မြောက်ကိုရီးယားကို ရှီကျင့်ဖျင် သွားရောက်မယ်လို့ ကြေညာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ လာမယ့် သီတင်းပတ် အစမှာ မြောက်ကိုရီးယားဆီ သွားရောက်မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - KCNA

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ လာမယ့် သီတင်းပတ် အစမှာ မြောက်ကိုရီးယားဆီ သွားရောက်မယ်လို့ သိရပါတယ်။

အစောပိုင်း ကတည်းက ရှီဟာ ပြုံယမ်းမြို့တော်ဆီ သွားရောက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ဇွန်လ ၅ ရက်နေ့မှာတော့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ခရီးစဉ် နေ့ရက်ကို အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရှင်ဟွာက ရှီဟာ မြောက်ကိုရီးယားကို ဇွန်လ ၈ ရက်နဲ့ ၉ ရက်တွေမှာ သွားရောက်မယ်လို့ ဆိုပါတယ်။ ဒါဟာ အခုနှစ်ထဲမှာ ရှီရဲ့ ပထမဆုံး ပြည်ပ အလည်အပတ် ခရီးစဉ်လည်း ဖြစ်လာမှာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ရဲ့ ဖိတ်ကြားမှုအရ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ်နဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရဲ့ သမ္မတဖြစ်တဲ့ ရှီဟာ ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ မြောက်ကိုရီးယားကို သွားရောက်မယ်လို့ နောက်ထပ် အစိုးရ သတင်းဌာန တစ်ခုဖြစ်တဲ့ CCTVကလည်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှီဟာ ပြီးခဲ့တဲ့လက ဘေဂျင်းမှာလည်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါကြောင့် လက်ရှိကာလတွေဟာ ရှီအတွက်တော့ သံတမန်ရေး ကိစ္စတွေနဲ့ အလုပ်များတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ရှီက မြောက်ကိုရီးယားကို သွားရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန် ကတည်းက အဲဒီ ခရီးစဉ်ဟာ မြောက်ကိုရီးယားသာ မကဘဲ ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးအပေါ်မှာ တရုတ်ရဲ့ ဩဇာ ဖြန့်ကျက်နိုင်ရေး အားထုတ်မှုရဲ့ အစိတ်အပိုင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

ရှီဟာ ၂၀၁၉ ခုနှစ်တုန်းက မြောက်ကိုရီးယားကို နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး အဲဒီတုန်းကလည်း ကင်မ်က သူ့ကို တခမ်းတနား ကြိုဆိုခဲ့ပါတယ်။

အပြန်အလှန်အဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ကင်မ်ဟာ တရုတ်နိုင်ငံကို လာရောက်ခဲ့ပြီး ဖက်ဆစ်ဂျပန်အပေါ် အောင်နိုင်ပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံးမှု နှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့သလို ရှီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကိုးကား: Xinhua, CCTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယားလက်နက်တွေ ဖောက်ခွဲစမ်းသပ်တာမျိုး မလုပ်ဖို့ နိုင်ငံတကာ တောင်းဆိုမှု တစ်ခုကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

နိုင်ငံတကာ

ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Facebook